ပုံလေးထဲက ကလေးရဲ့ အမေက ဘယ်သူဖြစ်မလဲ?

ခြေဟန်လက်ဟန် အမူအရာ ကျွမ်းကျင်ပညာရှင်တွေက ကိုယ်နေကိုယ်ထား၊ လှုပ်ရှားပုံ၊ ပြုမှုပုံတွေကို ဖတ်တတ်ကြပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေတော့ လူတွေမှာ ဝမ်းတွင်းသိ ဆိုပြီး ရှိတတ်ကြပါတယ်။ အောက်ကပုံလေးကို ကြည့်ပြီး တခြားသူတွေရဲ့ အမူအယာတွေကို ဖတ်ကြည့်ရအောင်။ ကလေးအမေက ဘယ်သူဖြစ်မလဲ။

အခန်းထဲမှာ အမျိုးသမီးနှစ်ယောက် ထိုင်နေကြပါတယ်။ ကလေးလေးက ကြမ်းပြင်ပေါ်မှာ ဆော့နေပါတယ်။ အမျိုးသမီး နှစ်ယောက်က တူတယ်လို့ ထင်ရပေမယ့် မျက်နှာနဲ့ ကိုယ်ဟန်အနေအထားက ကွဲပြားနေပါတယ်။ အချိန်ယူပြီး အဖြေရှာကြည့်ပါနော်။

ကလေးရဲ့အမေက ဘယ်ဘက်က အမျိုးသမီးပါ။ သူမထိုင်နေတဲ့ ပုံစံက ပြောပြနေပါတယ်။ ဘယ်ဘက်အမျိုးသမီးက အနည်းငယ် ကိုင်းညွတ်နေပြီး ခြေထောက်က ကလေးနားကို ရောက်နေပါတယ်။ ပြီးတော့ အမျိုးသမီးရဲ့မျက်နှာက အေးအေးဆေးဆေး အနားယူတယ်လို့ ထင်ရပေမယ့် ကလေးကိုစောင့်ရှောက်ကြည့်ရှူနေကြောင်း မျက်နှာက ဖော်ပြနေပါတယ်။

ကလေးထိုင်နေတဲ့ ပုံစံကလည်း တိုက်ဆိုင်တာ မဟုတ်ပါဘူး။ ကလေးက အမေနဲ့ မျက်နှာချင်းဆိုင် ထိုင်နေခြင်း ဖြစ်ပါတယ်။ ကလေးတွေက အိမ်မှာ ဆော့ကစားနေတဲ့ အခါ အမေရှိတဲ့ဘက်၊ အမေမြင်နိုင်တဲ့ နေရာမှာတော့ ဆော့ရတာ ပိုကြိုက်ပါတယ်။ လုံခြုံပြီး အမေက စောင့်ရှောက်ပေးနေတယ်လို့ ကလေးတွေမှာ ခံစားရလို့ ဖြစ်ပါတယ်။

Zombie (Lovemedia)

ref - fabiosa

Post a Comment

0 Comments