မပုတုလေးများကို ရည်းစားထားသူများ သိဘို့
အရပ်ပုပြီး လော လော လော လော နဲ့ လုပ်ကိုင်တတ်တဲ့ ကောင်မလေးတွေကို တွေ့ဖူးကြလား ။
အရပ်ပုတဲ့ မိန်းခလေး အများစုရဲ့ မျက်နှာက အသက်ထက် ဆယ်နှစ်လောက် ငယ်နေကြတာ သင်သိရဲ့လား ။
ပျာယာခတ်တာမျိုး မဟုတ်ပဲ အချိန်မမှီမှာ ဆိုးတဲ့ လောတဲ့ အကျင့်ကြောင့် အလွဲလေးတွေက မြင်ရသူကို ပျော်ရွှင်စေတယ် ၊ အားလုံးရဲ့ ဂရုစိုက်မှုကို အလိုလို ဖမ်းစားနိုင် ကြတယ် ။
အရပ်ပုတဲ့ ကောင်မလေးကို ချစ်သူ ရည်းစားထားကြည့် ။ လိုင်းကားစီးရင် သူ့တို့လောက် သစ္စာ ရှိတာ ရှိကိုမရှိဘူး. လက်မောင်းလေး ဖက်ပြီး ကလေး တယောက်လို မှီလိုက်တာမျိုး ။
လမ်းလျှောက်ရင်လည်းကြည့်လိုက် တဧကကို သုံးလှမ်းနှုန်းနဲ့ နောက်က ဂျက်လေယဉ် လိုက်လို့ ပြေးသလိုမျိုးကို လမ်းလျှောက် တတ်ကြတာ ။
သူတို့ကို မျက်နှာချင်း ဆိုင်ပြီး စကားပြောကြည့် ။ မော်စရာကို မလိုဘူး ။ ကိုယ့်မျက်လုံးထဲမှာ ကလေးလေးတယောက်လို သူတို့ မော်ကြည့်တဲ့ အကြည့်ကို သေချာမြင်အောင်ကြည့် ။ အရမ်း ချစ်စရာ ကောင်းကြတာ ။ အကြည့်ချင်း ဆုံဖူးသူတွေ သိတယ် ။
သူ့တို့ကို နင့်အရပ်က ပုလိုက်တာ သွားမပြောနဲ့ ။ အရမ်း ဒေါသထွက်ကြတာ ။ ဒါပေမယ့် အရပ်ပုတာလေး ကိုက ချစ်ဖို့ ကောင်းနေတာ သူ့တို့ကိုယ် သူတို့ သိကြတယ် ။
အရပ်ပုတဲ့ ကောင်မလေးတွေက အရပ်ပု သလောက်ကို စိတ်ကကြီးတာရော သင်သိလား ။ မယုံရင် စနောက်ကြည့် ။ သူတို့ စိတ်ဆိုးတဲ့ ပုံစံက ပွဲဈေးမှာ လိုချင်တာမရလို့ စူပုပ်နေတဲ့ ကလေး တယောက်ရဲ့ အပြုအမူမျိုးလေ ။
ဒါပေမယ့် သူ့တို့ စိတ်ဆိုးရင် အနားတောင် မကပ်နဲ့ ။ ဂေါ်ဇီလာတောင် ပြန်သတ်မယ် ပုံမျိုးနဲ့ ။ ဝေးဝေးကသာကြည့် ။ အရမ်း ရယ်စရာ ကောင်းတာ ။
ဒီလို ချစ်စရာ အပြုအမှုတွေ ပြည့်စုံတဲ့ အရပ်ပုပြီး လော တတ်တဲ့ ကောင်မလေးတွေ အနားမှာ ရှိရင် လက်မလွှတ်နဲ့ သူငယ်ချင်း .... အကြံပေးတာ ။
crd
For Zawgyi
crd
Post a Comment
0 Comments