ကိုယ်ဝန်ဆောင်ချိန် ဗိုက်မှာ အညိုရောင်အစင်းကြောင်း ဘာလို့ပေါ်လာတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက အံ့ဩစရာ ကောင်းပါတယ်။ ဥပမာပြောရရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ဗိုက်မှာ ညဘက်ဆိုရင် အညိုရောင် အစင်းကြောင်း ပေါ်လာတာမျိုးပါ။

ကိုယ်ဝန်ဆောင်ချိန် ၄ လ ပတ်ဝန်းကျင်လောက်မှာ ဗိုက်မှာ အညိုရောင်အစင်းကြောင်း ပေါ်လာတတ်ပါတယ်။ အဲဒီအစင်းကြောင်းရဲ့အရောင်က ပင်ကိုအသားအရောင်ထက် ပိုပြီးရင့်ပါတယ်။ ဗိုက်မှာအစင်းကြောင်း ပေါ်လာတာဟာ သာမန်ဖြစ်တတ်တဲ့ ကိစ္စပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ melanocyte ဆိုတဲ့ဟော်မုန်းက တိုးလာတာကြောင့်ပါ။ အဲဒါ အသားအရောင်ပြောင်းလဲမှုနဲ့လည်း ဆက်စပ်နေပါတယ်။

အစင်းကြောင်းက အမျိုးသားရော၊ အမျိုးသမီးမှာပါ ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ estrogen ဟော်မုန်းက တိုးလာတာကြောင့် အစင်းကြောင်းက ပိုပြီးထင်းလာတာပါ။ သာမန်အချိန်ဆိုရင်တော့ အရောင်ဖျော့ဖျော့နဲ့ ရှိနေတတ်ပါတယ်။

ဗိုက်မှာ အညိုရောင်အစင်းကြောင်း ပေါ်လာတာက အမြဲတမ်းပေါ်နေမှာ မဟုတ်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ပြီးတဲ့အခါ တဖြည်းဖြည်း အရောင်မှိန်သွားပါတယ်။ ဗိုက်အသားအရေကို ရေဓါတ်ရအောင်လို့ သံလွင်ဆီ လိမ်းပေးရင် လုံလောက်ပါပြီ။

Zombie (Lovemedia)

For Zawgyi

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဗိုက္မွာ အညိဳေရာင္အစင္းေၾကာင္း ဘာလို႔ေပၚလာတာလဲ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ ေျပာင္းလဲမႈေတြက အံ့ဩစရာ ေကာင္းပါတယ္။ ဥပမာေျပာရရင္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြရဲ႕ဗိုက္မွာ ညဘက္ဆိုရင္ အညိဳေရာင္အစင္းေၾကာင္း ေပၚလာတာမ်ိဳးပါ။

ကိုယ္ဝန္ေဆာင္ခ်ိန္ ၄ လ ပတ္ဝန္းက်င္ေလာက္မွာ ဗိုက္မွာ အညိဳေရာင္အစင္းေၾကာင္း ေပၚလာတတ္ပါတယ္။ အဲဒီအစင္းေၾကာင္းရဲ႕အေရာင္က ပင္ကိုအသားအေရာင္ထက္ ပိုၿပီးရင့္ပါတယ္။ ဗိုက္မွာအစင္းေၾကာင္း ေပၚလာတာဟာ သာမန္ျဖစ္တတ္တဲ့ ကိစၥပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ melanocyte ဆိုတဲ့ေဟာ္မုန္းက တိုးလာတာေၾကာင့္ပါ။ အဲဒါ အသားအေရာင္ေျပာင္းလဲမႈနဲ႔လည္း ဆက္စပ္ေနပါတယ္။

အစင္းေၾကာင္းက အမ်ိဳးသားေရာ၊ အမ်ိဳးသမီးမွာပါ ေပၚလာတတ္ပါတယ္။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ estrogen ေဟာ္မုန္းက တိုးလာတာေၾကာင့္ အစင္းေၾကာင္းက ပိုၿပီးထင္းလာတာပါ။ သာမန္အခ်ိန္ဆိုရင္ေတာ့ အေရာင္ေဖ်ာ့ေဖ်ာ့နဲ႔ ရွိေနတတ္ပါတယ္။

ဗိုက္မွာ အညိဳေရာင္အစင္းေၾကာင္း ေပၚလာတာက အၿမဲတမ္းေပၚေနမွာ မဟုတ္ပါဘူးေနာ္။ ကိုယ္ဝန္ေဆာင္ၿပီးတဲ့အခါ တျဖည္းျဖည္း အေရာင္မွိန္သြားပါတယ္။ ဗိုက္အသားအေရကို ေရဓါတ္ရေအာင္လို႔ သံလြင္ဆီ လိမ္းေပးရင္ လုံေလာက္ပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments