အာလူးတစ်မျိုးတည်းစားပီး ၁၁၇ ပေါင် ကျသွားတဲ့ အမျိုးသား

အာလူးနဲ့ ပတ်သက်လို့ သင်မသိသေးတဲ့အချက်များ

ကမ္ဘာပေါ်က နိုင်ငံပေါင်း တစ်ရာကျော်မှာ အာလူးတွေကို စိုက်ပျိုးကြပါတယ်။ အာလူးကို တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ရုရှားနဲ့ ယူကရိန်းနိုင်ငံမှာ အများဆုံး စိုက်ပျိုးကြ ပါတယ်။ အာလူးက ကျန်းမာရေးအတွက် အလွန်သင့်တော်ကြောင်းကို လူအများစုက မယုံကြည်ကြပါဘူး။ ခန္ဓာကိုယ်အတွက် အန္တရာယ် ရှိတယ်လို့ပဲ ထင်ကြပါတယ်။ ဒါပေမယ့် အာလူးကြော်ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

1. အာလူးရဲ့သမိုင်း

အာလူးကို တောင်အမေရိကမှာ စတင်စိုက်ပျိုးတာဖြစ်ပြီး တောင်အမေရိကမှာ အချို့အာလူးရိုင်းတွေကိုလည်း တွေ့နိုင်ပါတယ်။ အာလူးကို BC 8000 နဲ့ 5000 ကြားမှာ ဘိုလီဗီးယားနိုင်ငံက စတင် အသုံးပြုခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာတော့ အာလူးကို တစ်ကမ္ဘာလုံးက စားနေကြပါပြီ။

2. အာလူးကို နေ့တိုင်းစား လို့လည်း စိုးရိမ်စရာ မရှိပါဘူး

- အာလူးအခွံမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝလို့ နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ အာလူးမှာ ဖော့စ်ဖောရပ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်နဲ့ ဇင့်ဓာတ်တွေလည်း ပါဝင်ပါတယ်

- အာလူးမှာ ဗီတာမင် C လည်း များများ ပါဝင်ပါတယ်။ ဒါပေမယ့် အာလူးကို အပူပေးတဲ့ အခါ ဗီတာမင် C တွေ လျော့သွားပါတယ်။ အဲဒါကြောင့် အာလူးကို ချက်စားတာ၊ အခွံမခွာဘဲ စားတာ ပိုပြီး အကျိုးရှိပါတယ်။

- အာလူးမှာ အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် အူကျန်းမာရေး ကိုလည်း အကျိုးပြုပါတယ်။

- အာလူးမှာ ကိုလက်စထရော အများကြီး မပါဝင်ပါဘူး။ ဒါပေမယ့် အာလူးကို ဆီနဲ့ကြော်တဲ့ အခါ ကိုလက်စထရောတွေ ပါလာမှာပါ။

- အာလူးက အရေပြား ကျန်းမာရေးအတွက် ကောင်းစေပြီး စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှု များတာကိုလည်း လျော့စေပါတယ်။

- အာလူးကို ပြုတ်စားတဲ့ အခါ ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။ အာလူးပြုတ်စားရင် ကိုယ်အလေးချိန်လည်း မြန်မြန်လျော့ သွားမှာပါ။

3. အာလူးနဲ့ ပတ်သက်လို့ သတိထားရမယ့် အချက်များ

အာလူးကို ဒိန်ခဲ၊ ဆီစတဲ့ အဆီပါဝင်မှုများတဲ့ အစာတွေနဲ့ ရောစားရင် ကိုယ်အလေးချိန် တက်စေမှာပါ။

- ဆီးချိုရောဂါရှိသူတွေက အာလူးစားတာနဲ့ ပတ်သက်လို့ သတိထားသင့်ပါတယ်။ အာလူးမှာ ဂလူးကို့စ်ဓာတ် မြင့်မြင့်မားမား ပါဝင်ပါတယ်။ ဒါပေမယ့် အာလူးက သွေးတွင်း သကြားဓာတ်ကို 25 ရာခိုင်နှုန်း အထိ လျော့စေပါတယ်။

- အချို့အမျိုးသမီးတွေက ရင်သားသေးချင် ကြပါတယ်။ အာလူးကို နည်းမှန်လမ်းမှန် ချက်စားရင် အရသာရှိတဲ့ ဟင်းဖြစ်စေသလို ခန္ဓာကိုယ်အလေးချိန်လည်း အများကြီး လျော့သွားမှာပါ။ ရင်သားလည်း သေးသွားမှာပါ။

- အာလူးကို မမှည့်ခင် မစားတာ ပိုကောင်းပါတယ်။ မမှည့်သေးတဲ့ အာလူးမှာ solanine အဆိပ်ဓာတ်ပါဝင်ပါတယ်။ မမှည့်သေးတဲ့ အာလူးကို ချက်စားလို့လည်း အဲဒီဓာတ်က လျော့မသွားပါဘူး။ ဒါပေမယ့် မမှည့်သေးတဲ့ အာလူးတစ်လုံးတည်း စားရင်တော့ ဘာမှ မဖြစ်ပါဘူး။

- သင်က အာလူးကြော်ကြိုက်သူ ဆိုရင် ဒီအချက်ကို သတိထားသင့်ပါတယ်။ အာလူးကြော်တွေ အများကြီး စားရင် ကိုယ်အလေးချိန် အများကြီး တက်လာမှာပါ။

4. အာလူး တစ်မျိုးတည်းကိုပဲ နေ့တိုင်းစားရင် ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ။

2016 ခုနှစ်တုန်းက မဲလ်ဘုန်းမြို့က Andrew Taylorက ဒီမေးခွန်းကို ဖြေခဲ့ပါတယ်။ သူက အာလူး 13 ပေါင်ကို ဝယ်လာပါတယ်။ သူ့ရဲ့ပြောပြချက် အရ သူ့ခန္ဓာကိုယ်က ကယ်လိုရီ 99 ရာခိုင်နှုန်းက အာလူးက ရတာဖြစ်ပြီး ကျန်တဲ့ 1 ရာခိုင်နှုန်းက အသီးအရွက်၊ ဝက်အူချောင်း၊ ကြက်သွန်ဖြူ၊ ပဲနို့စတာတွေကနေ ရတာဖြစ်ပါတယ်။

အဲဒီနောက် Andrew အဝလွန်လာ ပါတယ်။ ကိုယ်အလေးချိန် ကျဖို့အတွက် အစားအစာ တစ်ခုတည်းကိုပဲ စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် Andrew က အသီးအရွက်တွေအကြောင်း လေ့လာခဲ့ပြီး အာဟာရ ပညာရှင်တွေ နဲ့လည်း တိုင်ပင်ပါတယ်။

အဲဒီနောက် Andrew က အာလူးတစ်မျိုးတည်းကိုပဲ စားပါတော့တယ်။ ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ် ကျသွားပြီး တခြား ကျန်းမာရေးတွေလည်း ကောင်းလာပါတယ်။ Andrew က အားကစားလည်း လုပ်လို့ 9 လ အကြာမှာ 110 ပေါင် ကျသွားပါတယ်။ တစ်နှစ်တိတိ အာလူးတစ်မျိုးတည်းကိုပဲ စားတဲ့အခါ 117 ပေါင် ကျသွားပါတယ်။

အာလူးမှာ ပရိုတိန်းဓာတ် နည်းနည်းပဲ ပါဝင်ပါတယ်။ ကိုယ်ခံအား စနစ်အတွက်လည်း အာလူးက မရှိမဖြစ် လိုအပ်ပါတယ်။ ကြွက်သားအလေးချိန်ကိုလည်း တိုးစေပါတယ်။ အာလူးက အသားအရေ၊ ဆံပင်၊ လက်သည်းတွေ အတွက်လည်း အကျိုးပြုပါတယ်။ အဲဒါကြောင့် အာလူးက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

Zombie (Lovemedia)

For Zawgyi

အာလူးတစ္မ်ဳိးတည္းစားပီး ၁၁၇ ေပါင္ က်သြားတဲ့ အမ်ဳိးသား

အာလူးနဲ႔ ပတ္သက္လို႔ သင္မသိေသးတဲ့အခ်က္မ်ား

ကမာၻေပၚက ႏိုင္ငံေပါင္းတစ္ရာေက်ာ္မွာ အာလူးေတြကို စိုက္ပ်ိဳးၾကပါတယ္။ အာလူးကို တ႐ုတ္၊ အေမရိကန္၊ အိႏၵိယ၊ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံမွာ အမ်ားဆုံး စိုက္ပ်ိဳးၾက ပါတယ္။ အာလူးက က်န္းမာေရးအတြက္ အလြန္သင့္ေတာ္ေၾကာင္းကို လူအမ်ားစုက မယုံၾကည္ၾကပါဘူး။ ခႏၶာကိုယ္အတြက္ အႏၲရာယ္ ရွိတယ္လို႔ပဲ ထင္ၾကပါတယ္။ ဒါေပမယ့္ အာလူးေၾကာ္ဆိုရင္ က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။

1. အာလူးရဲ႕သမိုင္း

အာလူးကို ေတာင္အေမရိကမွာ စတင္စိုက္ပ်ိဳးတာျဖစ္ၿပီး ေတာင္အေမရိကမွာ အခ်ိဳ႕အာလူး႐ိုင္းေတြကိုလည္း ေတြ႕ႏိုင္ပါတယ္။ အာလူးကို BC 8000 နဲ႔ 5000 ၾကားမွာ ဘိုလီဗီးယားႏိုင္ငံက စတင္ အသုံးျပဳခဲ့တာျဖစ္ၿပီး ယေန႔ေခတ္မွာေတာ့ အာလူးကို တစ္ကမာၻလုံးက စားေနၾကပါၿပီ။

2. အာလူးကို ေန႔တိုင္းစား လို႔လည္း စိုးရိမ္စရာ မရွိပါဘူး

- အာလူးအခြံမွာ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝလို႔ ႏွလုံးက်န္းမာေရးအတြက္ ေကာင္းပါတယ္။ အာလူးမွာ ေဖာ့စ္ေဖာရပ္၊ မဂၢနီဆီယမ္၊ ကယ္လ္ဆီယမ္၊ ဆိုဒီယမ္၊ သံဓာတ္နဲ႔ ဇင့္ဓာတ္ေတြလည္း ပါဝင္ပါတယ္

- အာလူးမွာ ဗီတာမင္ C လည္း မ်ားမ်ား ပါဝင္ပါတယ္။ ဒါေပမယ့္ အာလူးကို အပူေပးတဲ့ အခါ ဗီတာမင္ C ေတြ ေလ်ာ့သြားပါတယ္။ အဲဒါေၾကာင့္ အာလူးကို ခ်က္စားတာ၊ အခြံမခြာဘဲ စားတာ ပိုၿပီး အက်ိဳးရွိပါတယ္။

- အာလူးမွာ အမွ်င္ဓာတ္လည္း ပါဝင္တာေၾကာင့္ အူက်န္းမာေရး ကိုလည္း အက်ိဳးျပဳပါတယ္။

- အာလူးမွာ ကိုလက္စထေရာ အမ်ားႀကီး မပါဝင္ပါဘူး။ ဒါေပမယ့္ အာလူးကို ဆီနဲ႔ေၾကာ္တဲ့ အခါ ကိုလက္စထေရာေတြ ပါလာမွာပါ။

- အာလူးက အေရျပား က်န္းမာေရးအတြက္ ေကာင္းေစၿပီး စိတ္ဓာတ္က်တာ၊ စိတ္ဖိစီးမႈ မ်ားတာကိုလည္း ေလ်ာ့ေစပါတယ္။

- အာလူးကို ျပဳတ္စားတဲ့ အခါ ဗိုက္ျပည့္တယ္လို႔ ခံစားရေစပါတယ္။ အာလူးျပဳတ္စားရင္ ကိုယ္အေလးခ်ိန္လည္း ျမန္ျမန္ေလ်ာ့ သြားမွာပါ။

3. အာလူးနဲ႔ ပတ္သက္လို႔ သတိထားရမယ့္ အခ်က္မ်ား

အာလူးကို ဒိန္ခဲ၊ ဆီစတဲ့ အဆီပါဝင္မႈမ်ားတဲ့ အစာေတြနဲ႔ ေရာစားရင္ ကိုယ္အေလးခ်ိန္ တက္ေစမွာပါ။

- ဆီးခ်ိဳေရာဂါရွိသူေတြက အာလူးစားတာနဲ႔ ပတ္သက္လို႔ သတိထားသင့္ပါတယ္။ အာလူးမွာ ဂလူးကို႔စ္ဓာတ္ ျမင့္ျမင့္မားမား ပါဝင္ပါတယ္။ ဒါေပမယ့္ အာလူးက ေသြးတြင္း သၾကားဓာတ္ကို 25 ရာခိုင္ႏႈန္း အထိ ေလ်ာ့ေစပါတယ္။

- အခ်ိဳ႕အမ်ိဳးသမီးေတြက ရင္သားေသးခ်င္ ၾကပါတယ္။ အာလူးကို နည္းမွန္လမ္းမွန္ ခ်က္စားရင္ အရသာရွိတဲ့ ဟင္းျဖစ္ေစသလို ခႏၶာကိုယ္အေလးခ်ိန္လည္း အမ်ားႀကီး ေလ်ာ့သြားမွာပါ။ ရင္သားလည္း ေသးသြားမွာပါ။

- အာလူးကို မမွည့္ခင္ မစားတာ ပိုေကာင္းပါတယ္။ မမွည့္ေသးတဲ့ အာလူးမွာ solanine အဆိပ္ဓာတ္ပါဝင္ပါတယ္။ မမွည့္ေသးတဲ့ အာလူးကို ခ်က္စားလို႔လည္း အဲဒီဓာတ္က ေလ်ာ့မသြားပါဘူး။ ဒါေပမယ့္ မမွည့္ေသးတဲ့ အာလူးတစ္လုံးတည္း စားရင္ေတာ့ ဘာမွ မျဖစ္ပါဘူး။

- သင္က အာလူးေၾကာ္ႀကိဳက္သူ ဆိုရင္ ဒီအခ်က္ကို သတိထားသင့္ပါတယ္။ အာလူးေၾကာ္ေတြ အမ်ားႀကီး စားရင္ ကိုယ္အေလးခ်ိန္ အမ်ားႀကီး တက္လာမွာပါ။

4. အာလူး တစ္မ်ိဳးတည္းကိုပဲ ေန႔တိုင္းစားရင္ ခႏၶာကိုယ္မွာ ဘာေတြ ျဖစ္လာမလဲ။

2016 ခုႏွစ္တုန္းက မဲလ္ဘုန္းၿမိဳ႕က Andrew Taylorက ဒီေမးခြန္းကို ေျဖခဲ့ပါတယ္။ သူက အာလူး 13 ေပါင္ကို ဝယ္လာပါတယ္။ သူ႔ရဲ႕ေျပာျပခ်က္ အရ သူ႔ခႏၶာကိုယ္က ကယ္လိုရီ 99 ရာခိုင္ႏႈန္းက အာလူးက ရတာျဖစ္ၿပီး က်န္တဲ့ 1 ရာခိုင္ႏႈန္းက အသီးအ႐ြက္၊ ဝက္အူေခ်ာင္း၊ ၾကက္သြန္ျဖဴ၊ ပဲႏို႔စတာေတြကေန ရတာျဖစ္ပါတယ္။

အဲဒီေနာက္ Andrew အဝလြန္လာ ပါတယ္။ ကိုယ္အေလးခ်ိန္ က်ဖို႔အတြက္ အစားအစာ တစ္ခုတည္းကိုပဲ စားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အဲဒီေနာက္ Andrew က အသီးအ႐ြက္ေတြအေၾကာင္း ေလ့လာခဲ့ၿပီး အာဟာရ ပညာရွင္ေတြ နဲ႔လည္း တိုင္ပင္ပါတယ္။

အဲဒီေနာက္ Andrew က အာလူးတစ္မ်ိဳးတည္းကိုပဲ စားပါေတာ့တယ္။ ကိုလက္စထေရာ၊ ေသြးတြင္းသၾကားဓာတ္ က်သြားၿပီး တျခား က်န္းမာေရးေတြလည္း ေကာင္းလာပါတယ္။ Andrew က အားကစားလည္း လုပ္လို႔ 9 လ အၾကာမွာ 110 ေပါင္ က်သြားပါတယ္။ တစ္ႏွစ္တိတိ အာလူးတစ္မ်ိဳးတည္းကိုပဲ စားတဲ့အခါ 117 ေပါင္ က်သြားပါတယ္။

အာလူးမွာ ပ႐ိုတိန္းဓာတ္ နည္းနည္းပဲ ပါဝင္ပါတယ္။ ကိုယ္ခံအား စနစ္အတြက္လည္း အာလူးက မရွိမျဖစ္ လိုအပ္ပါတယ္။ ႂကြက္သားအေလးခ်ိန္ကိုလည္း တိုးေစပါတယ္။ အာလူးက အသားအေရ၊ ဆံပင္၊ လက္သည္းေတြ အတြက္လည္း အက်ိဳးျပဳပါတယ္။ အဲဒါေၾကာင့္ အာလူးက က်န္းမာေရးနဲ႔ ညီၫြတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments