ကလေးအသက်ငယ်တုန်းမှာ နားဖောက်ပေးသင့်လား

တချို့မိဘတွေက ကလေးတွေကို လသားအရွယ်မှာ နားဖောက်ပေးကြပါတယ်။ လသားအရွယ်မှာ နားဖောက်ပေးရင် ကလေးတွေ နာကျင်တာကို အရမ်းမသိလောက်သေးဘူး ဆိုတဲ့ အထင်နဲ့ပါ။ တချို့ကလည်း ကိုယ့်သားသမီးကို ချစ်တဲ့စိတ်နဲ့ ရွှေငွေဆင်ပေးချင်တာကြောင့် နားဖောက်ပေးတာပါ။

အမေရိကန် ကလေးအထူးကု အကယ်ဒမီ၏ အဆိုအရ ကလေးများကို (၆) လသားပြည့်မှသာ နားဖောက်သင့်တယ်လို့ ဆိုပါတယ်။ ကလေးကို နားဖောက်ပေးသင့် မပေးသင့် ကိစ္စကလည်း မိဘများအကြားမှ အမြဲငြင်းခုန်နေကြတဲ့ ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်။

နားဖောက်တယ် ဆိုတဲ့နေရာမှာတော့ အသက်အရွယ် အကန့်အသတ်ဆိုတာ မရှိပါဘူး။ အလှအပတစ်ခု အဖြစ်သာ လူတွေက တန်ဆာဆင်ကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရဲ့ နားကိုဖောက်မယ် ဆိုရင်တော့ နီရဲလာပြီးတော့ သူတို့ကို နာကျင်စေမှာပါပဲ။ ပြီးတော့ အကြားအာရုံကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကလေးတွေကို နားဖောက်ဖို့ မလောသင့်ပါဘူး။

တချို့မိဘတွေကလည်း ကလေးကို အလှဆင်ပေးချင်တာကြောင့် နားဖောက်ပေး တတ်ကြပါတယ်။ တချို့သော ကလေးတွေက နားဖောက်တာကို မကြိုက်ပါဘူး။ ကလေးက ငယ်သေးလို့ နားမလည် မပြောတတ်ပေမယ့်လည်း နားမဖောက်ချင်ပါဘူး။ ဒါကြောင့် နားဖောက်မယ်ဆိုရင် ကလေးကြီးလာတဲ့အထိစောင့်ပြီးတော့ သူတို့နဲ့တိုင်ပင်ပြီးမှပဲ ဖောက်ပေးသင့်ပါတယ်။

နားဖောက်တဲ့ နေရာမှာလည်း အမှတ်မထင်ပဲ တစ်ခါတစ်လေ နားတစ်သျှူးကို ထိခိုက်စေပါတယ်။ ဒါဟာ အသက်အရွယ်မရွေး ထိခိုက်နိုင်ပြီးတော့ နုနယ်တဲ့ ကလေးဆိုရင်တော့ ပိုပြီးထိခိုက်နိုင်ပါတယ်။ ပြီးတော့ သင်မနှစ်သက်လို့ နားကပ်ကို ဖြုတ်တဲ့အခါမှာလည်း အမာရွတ်အဖြစ် ကျန်ခဲ့ပြီးတော့ လူများအမြင်မှာ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် နားဖောက်တာကလည်း စဉ်းစားစရာ တစ်ခုပါပဲ။

လူကြီးမှာတောင် နားဖောက်တာနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေ ရှိတာကြောင့် ကလေးကို ဖောက်ပေးမယ်ဆိုရင်တော့ ပိုပြီးစဉ်းစားရမှာပါ။ တကယ်လို့ စနစ်တကျ မဖောက်ဘူး ဆိုရင်တော့ ရောဂါကူးဆက်မှုတွေ ဖြစ်ပေါ်စေမှာပါ။ ကျွမ်းကျင်သူတွေက ညွှန်ကြားထားတဲ့အတိုင်း နားကိုသန့်ရှင်းရေးမလုပ်ရင်လည်း နားကိုက်တာတွေ၊ ယောင်ရမ်းတာတွေ၊ ပြည်ယိုတာတွေ စတဲ့နားနဲ့ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ပြီးတော့ နားဖောက်ပြီး ခြောက်ပတ်ကြာတဲ့အထိ နောက်တစ်ဖက်ကိုလည်း မဖောက်ဖို့ အကြံပေးထား ပါသေးတယ်။

Zombie (Lovemedia)

For Zawgyi









Zombie (Lovemedia)

Post a Comment

0 Comments