အိုသွေး.. အမတန် အစသန်တယ်
ရောက်တဲ့ နေရာမှာ ပျော်အောင် နေတက်တယ်။ အသေးမွား ကိစ္စတွေကို ထုတ်မပြောဘူး။ အမတန် နှုတ်လုံတယ်။ ဘယ်သူကိုမှ ကုန်းမတိုက်တက်သူ။ သူ စိတ်မပါရင် စကားတောင် မပြောဘူး။ တချို့သူတွေ ပြောတယ်။ လေကုန်မှာ စိုးလို့လား ဆိုပီး အဲလောက်ထိ တိတ်ဆိတ်နေတက်တာ။ ပြောပြီဆိုလည်း ပြောပါတယ် ဆိုတဲ့သူထက် ပိုပြောတယ်။
လိုချင်တဲ့ အရာတခုခုကို မရရအောင် ယူတက်တယ် လိုချင်ပြီဆိုပေါ့။ လူတိုင်းနဲ့ ပြေလည်အောင် နေတတ်တယ်။ စိတ်ဓါက်ကတော့ မှန်လိုဘဲ။ သူကို ရီပြရင် ပြန်ရီပြလိမ့်မယ်။ ငိုပြရင် ပြန်ငိုပြလိမ့်မယ်။ မသိတဲ့သူက စိတ်ဓါတ်မာကျောမယ် ထင်လိမ့်မယ်။ အမှန်တော့ အမတန် စိတ်ထားနူးညံ့တာ။
မိမိရှေ့မှာ အမြင်မတော်တာ တခုခုမြင်လို့ မရဘူး မြင်ရင်ကူညီပေးချင်တယ်။ ဒါ သူစိတ်ထားလေးပေါ့။ သူငယ်ချင်း အားလုံးကို အမတန် တန်ဖိုးထားတယ်။ ငွေကြေးထက် သူငယ်ချင်းကို ပိုတန်ဖိုးထားတယ်။ သူငယ်ချင်းအတွက်ဆို ဘာမှ မနှမျောတတ်ဘူး ရှိတာအကုန်ထုတ်ကျွေးတာ။ သူအချစ်ဆုံး သူငယ်ချင်းဆိုပေါ့။
တစွတ်ထိုးသမား သူမှန်နေရင် သမ္မတတောင် မကြောက်ဘူး။ ပြန်ပြောရဲတဲ့ သတ္တိရှိတယ်။ သူအမုန်းဆုံးလူက လူလိမ်လူညာ သူအမုန်းဆုံးဘဲ။ လူဆိုးတွေကို အဲလောက်မမုန်းဘူး။
အချစ်ရေးမှာတော့ အများအားဖြင့် ကံမကောင်းဘူး။ ဘာလို့လဲဆိုတော့ သူတို့က အချစ်ကြီးလွန်းတော့ သူ့အချစ်ဟာ သူများအတွက် နစ်နာစရာဖြစ်သွားတတ်တယ်။ အင်မတန် အချစ်ကို ကိုးကွယ်တဲ့သူဆိုလဲ မမှားဘူး။
သူအချစ်ဆုံး သူတစ်ယောက်ဘဲ သူစိတ်ထဲမှာ ထားတယ်။ ဒါပေမယ့် အရမ်းရစ်တယ် သူလောက်ရစ်တာ မရှိဘူး ချစ်လို့ပါ။ နောက် သူလောက် သဝန်တိုတာလဲ မရှိဘူး။ နောက် သူ့ချစ်သူ ရှေ့မှာတော့ ကလေးလိုပါဘဲ ထိုင်ဆိုထိုင် ထဆိုထပေါ့။
အိုသွေးတွေရဲ့ အချစ်ဆုံးသွေးကတော့ အေသွေးပါ...
For Zawgyi
အိုသွေးလေးတွေအကြောင်း
0 Comments