ဆရာငြိမ်း၏ 8.July.2021 မှ 14.July.2021 ထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

8. July. 2021 မှ 14. July. 2021 အထိ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း အပြိုင်အဆိုင် အတိုက်အခိုက်တွေ များနေတတ်ပါတယ်။ အဝေးက ဆွေမျိုးတွေကြောင့်လဲ စိတ် ညစ်စရာ တွေကြုံရတတ်ပါတယ်။ အိုးသစ်အိမ်သစ်ဝယ်ယူခြင်းတွေ၊ လုပ်ငန်းသစ်စတင်ခြင်းတွေ၊ နေရာသစ်မှာစတင် နေထိုင် ခြင်းတွေ အထူး ကောင်းပါတယ်။ မင်္ဂလာပွဲများလဲ ခမ်းနားစွာစီရင်ကျင်းပခွင့်တွေရလာတတ်ပါတယ်။

ဒီကာလ အတွင်း အိမ်နီးချင်းကြောင့်၊ ပတ်ဝန်ကျင်ကြောင့် အနီအနားက လုပ်ငန်းပြိုင်တွေကြောင့် စိတ်ညစ်စိတ် ရှုပ်ရတတ်ပါ တယ်။ အိမ်ထောင်စုအတွင်း၊မိသားစုအတွင်း မပြေလည်စရာများကိုကြားဝင်ဖြေရှင်းပေးခြင်းတွေအ ထူးဆောင်ရွက်နိုင် ပါတယ်။ ဒီကာလဟာ ကိုယ့်မျက်စိရှေ့မှာ အခက်အခဲ ရှိနေသူများကို တတ်နိုင်တဲ့ဘက်က ကူညီဖြေရှင်းပေးလို့အလွန် ကောင်းပါတယ်။

မတင်မကျဖြစ်စရာများ၊ တွေဝေဒွိဟဖြစ်စရာများ ကြုံရတတ်ပါတယ်။ မိမိအနေနဲ့ ခေါင်းအေးအေးထားပြီးတော့လဲ ဆုံးဖြတ်စေချင်ပါတယ်။ အရေးကြီးတဲ့ကိစ္စတွေကိုလဲ အလျင်စလိုမဆုံးဖြတ်စေချင်ပါဘူး။ တရားတဘောင် ရင်ဆိုင်နေရသူများ၊အမွေနဲ့ပတ်သက်ပြီးတော့လဲ အမှုရင်ဆိုင်နေရသူများ အခြေအနေကောင်း တွေကြုံရတတ်ပါ တယ်။ online ကနေ ချစ်သူသစ်ရတာမျိုးတွေ ကြုံနေရတတ်ပါတယ်။ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့လဲ စိတ်ကူးသစ်တွေ ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း…. ၁/ ၃/ ၆

အထူးဟော.. အများကို နိုင်သလောက် ကူညီပေးခွင့်ရမယ်

ယတြာ… ပျားရည် ဟင်းစားဇွန်း ၂ ဇွန်းခန့် ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး ဘုရားလှူပါ

တနင်္လာ

မိမိနဲ့ အံ့ဝင်ခွင်ကျမဖြစ်တာတွေကို ထားခဲ့သင့်တဲ့ကာလပါပဲ။ အလုပ်ထွက်ခြင်း၊ အလုပ်ပြောင်းခြင်း၊ မိမိနဲ့အဆင်မပြေတဲ့ လက်တွဲဖော်တွေကို လမ်းခွဲခြင်းများကို ဦးစားပေးဆောင်ရွက်လိုက် စေချင်ပါတယ်။ မိသားစုထဲမှာ ပြဿနာ ပေါ် တတ် ပါတယ်။ နိုင်ငံခြားသွားဖို့ စီစဉ်ထားသူများ သတင်းကောင်းကြားရတတ်ပါတယ်။ လူမျိုးခြား တစိမ်းတရံတွေဆီက နေအကူအညီကောင်းတွေ ရလာမဲ့ ကာလပါပဲ။

ဘာဖြစ်ဖြစ် အချိန်ဆွဲလုပ်သင့်တဲ့ ကာလပါ။ အရေးကြီးတဲ့အလုပ်တွေ လုပ်ရာမှာလဲ အချိန်ယူစဉ်းစား ပြီးမှပဲ လုပ်ကိုင်စေချင်ပါတယ်။ အလောတကြီးလုပ်လေ အမှားများလေဖြစ်ရ တတ်ပါ တယ်။ ခေါင်းအေးအေးထား ပြီးလုပ်မှပဲ အဆင်ပြေပါလိမ့်မယ်။ ပရဟိတအလုပ်များ၊ လူမှုကယ်ဆယ်ရေး အလုပ်များလဲ ပါဝင်ကူညီ ပေးရတတ်ပါတယ်။ တရားဘာဝနာပွားများခြင်း၊ ဝိပဿနာရှုပွားခြင်းတွေလုပ်ဆောင်ခြင်းဖြင့် တဆင့်ထက်တဆင့် အသိထူး အမြင်ထူးတွေရရှိအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဘာသာရေးကို အားထည့်လုပ်ဆောင်သင့်တဲ့ ကာလ ပါပဲ။

ကျန်းမာရေးနှင့်ပတ်သက်ပြီး အရေပြားနဲ့ပတ်သက်သော ရောဂါတွေကို သတိထားလိုက်စေချင်ပါတယ်။ အပူနာများ ဝက်ခြံများ၊ အနာစိမ်းများပေါက်တတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ စန်းအားကောင်းနေတဲ့လပါပဲ။ တစ်ဦးထက်မကသော အချစ်ရေးမျိုလဲ ကြုံနေရတတ်ပါတယ်။ မိမိကလဲ လက်ရှိချစ်သူထက် နောက်ကပေါက်တဲ့ ရွှေကြာပင်ကို အလေးပေးနေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/ ၈/ ၉

အထူးဟော… အားနာစိတ်မမွေးပါနဲ့။ လုပ်သင့်တာကို လုပ်လိုက်ပါ။

ယတြာ… သစ္စာပန်း (၆) ညွှန့် ဘုရားပန်းအိုးထိုးပါ

အင်္ဂါ

ဒီကာလအတွင်း ကံကြမ္မာက မထင်မှတ်ဘဲ အကောင်းဘက်ကို ရောက်ရှိပါလိမ့်မယ်။ မရည်ရွယ်ဘဲ နာမည်ဂုဏ်သတင်း အထူးတိုးတတ်ခြင်းနှင့် အောင်မြင်ခြင်းတွေကိုလဲကြုံရတတ်ပါတယ်။ ဒါကြောင့်ပဲဒီကာလမှာ စိတ်ကောင်းမွေး ပါ။ စေတနာကောင်းထားပါ။ သေချာပေါက်တိုးတတ်ပါလိမ့်မယ်။ စိတ်ကူးပုံဖော်ထားတဲ့ကိစ္စတွေကို လက်တွေအကောင် အထည် ဖော်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ သူများတွေရဲ့အပြောတွေမှာ နားမယောင်မိဖို့ အထူးလိုအပ်ပါတယ်။ ဒီကာလမှာ မိမိဆုံး ဖြတ်ချက်ကသာ အမှန်ဆုံးဖြစ်နေပါလိမ့်မယ်။

ဝန်ထမ်းများ မိမိရရှိထားတဲ့ အလုပ်ရာထူးနှင့် လုပ်ပိုင်ခွင့်အပေါ်မှာ မနာလိုအပုပ်ချသူတွေလဲရှိနေတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတွေမှာလဲ မိမိတို့ရဲ့လုပ်ငန်းပြိုင်တွေ၊ မိမိတို့အနီးအနား မှာဖွင့်ထားတဲ့ လုပ်ငန်းတူတွေရဲ့ မနာလို တိုက်ခိုက်တာကိုခံရတတ်ပါတယ်။ မိသားစုအတွင်းမှာတော့ ညီအကိုမောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲစရာများ အထူးကြုံနေရတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်သေချာတွေ့မြင်ပြီး တော့ အကောင်းဆုံးလုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။

လူချစ်လူခင် အလွန်ပဲ များနေတတ်ပါတယ်။ ချစ်သူဆီက အကူအညီတွေ များစွာရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ စိတ်ကူးအကြံအစည်တွေ မိမိအတွက် အသုံးဝင်လာလိမ့်မယ်။ ပညာရေးကိစ္စတွေအပေါ် စိတ်ပါဝင်စားမှု အားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း…. ၆ /၇ /ဝ

အထူးဟော… ကံကောင်းမှုတွေ ကြုံနေရမယ်။

ယတြာ… ကျန်းမာရေး အားနည်းနေသူတစ်ဦးဦးကို အဆင်ပြေရာ ဆေးဝါးဓာတ်စာလှူပါ

ဗုဒ္ဓဟူး၊ ရာဟု

အကောင်းဆုံးတွေနှင့် အဆိုးဆုံးတွေကြားထဲ ကားယားခွထိုင် နေမိတတ်တဲ့ ကာလပါပဲ။ ဒါကြောင့် မိမိလမ်းရွေးတာ မှန်ဖို့ အထူးလိုအပ်ပါတယ်။ ကံကောင်းတာက မိမိဖြစ်ချင်တာတွေကို ကူညီမဲ့သူတွေနဲ့ ကြုံနေရ တတ်ပါတယ်။ အုပ်ထိန်း သူတွေကို မိမိလိုချင်တာတွေ ပူဆာလို့အလွန်ကောင်းတဲ့ ကာလပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ စု ဆောင်းလို့ အလွန် ကောင်းတဲ့လပါပဲ။ ငွေစုစာအုပ်လုပ်ပြီး စတင်စုဆောင်းတာပဲဖြစ်ဖြစ် ၊စုဘူးနဲ့ငွေစုတာ မျိုးပဲဖြစ်ဖြစ် ဆောင်ရွက် နိုင်ပါတယ်။

စိတ်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ငွေရှာပါ။ငွေကြေးနဲ့ပတ်သက် ပြီး တော့ လဲ ရပိုင်ခွင့်တွေ ရလာတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေကြေးတွေ၊ ချေးထားတဲ့ငွေကြေးတွေ၊ လက်လွန်ထားတဲ့ငွေကြေးတွေ လဲ ပြန်လည်တောင်းခံလို့ ရပါလိမ့်မယ်။ ပျော်စရာခရီးများ၊ စိတ်ချမ်းသာစရာ ခရီး များလဲ သွားရတတ်ပါ တယ်။ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် ပျော်ပွဲစားထွက်ရတာ၊ ဘုရားဖူးခရီးသွားရတာမျိုးတွေ ကြုံရ တတ် ပါတယ်။

ဒီကာလမှာလဲ အလုပ်တွေကို ခဏမေ့ထားပြီး စိတ်အပန်းဖြေလို့ အထူးကောင်းတဲ့ အချိန်လဲဖြစ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာတော့ ချစ်သူတွေ စကားကတောက်ကဆ များရတတ်ပါတယ်။ အိမ်ထောင်ရေးအတွက် စိတ်ပူဖို့ မလိုသေးတဲ့ ကာလပါပဲ။ ကျန်းမာရေးအတွက် ခံစားနေတဲ့ ဝေဒနာတွေ ရှိရင်တောင် စတင်သက်သာခွင့်တွေ ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း… ၄/ ၈ /၃

အထူးဟော… ကံမြင့်မားစရာလေးတွေ ကြုံရတတ်ပါတယ်။

ယတြာ… ဓာတ်ဆားထုပ်လေးများ ချွေးထွက်များသူကို လှူလိုက်ပါ

ကြာသပတေး

နေအိမ်ကိစ္စ၊ အလုပ်ကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ခရီးကိစ္စ များ ဆောင်ရွက် အဆင်ပြေမည်။ နေအိမ်နေရာ၊ အလုပ်နေရာ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်းများ ရှိမည်။ လုပ်ရိုးလုပ်စဉ်မှ ခွဲ ထွက်၍လမ်းသစ်ထွင်ကာ ဆောင်ရွက်ခြင်းမှ အောင်မြင်မှုများ ရရှိမည်။ ဦးတည်ချက် လမ်းကြောင်းပြောင်း၍ ဘဝတက်လမ်းများ ရရှိမည်။ ငွေရေး၊ ကြေးရေးကိစ္စများ စကားပြောဆို အောင်မြင်မည်။

မိတ်ကောင်း၊ ဆွေကောင်း အကူအညီ ရ မည်။ရည်ရွယ်ချက်သစ်များ ချဲ့ထွင်ရမည်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးကောင်းပါတယ်။ ဆေးဝါး ဓာတ်စာတွေ စတင်စားသောက် တာမျိုးတွေလဲ ပြုလုပ်နိုင်မဲ့ကာလပဲ ဖြစ်ပါတယ်။ ရောဂါရှာဖွေခြင်းတွေ၊ medical checkup လုပ် ခြင်းမျိုးတွေ အထူးဆောင်ရွက်လို့ကောင်းတဲ့လဖြစ်ပါတယ်။

အချစ်ရေးနှင့် ပတ်သက်ပြီးတော့လဲ အမှတ်ရစရာ၊ ပျော်စရာ အကောင်းဆုံးကာလလဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့ စီစဉ်တာမျိုးတွေ၊ ဒီကာလမှာ ပြောဆိုဆောင်ရွက်လို့အထူး ကောင်း ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ အဆင်ပြေတိုးတတ်မှုတွေ ရှိပါ လိမ့် မယ်။ အဆင် မပြေတာတွေကို ညှိနှိုင်းလို့ အကောင်းဆုံးကာလပါပဲ။ ပညာရေးနဲ့ပတ်သက်ရင်တော့ အသက်မွေးမှုနဲ့ဆိုင်သော ပညာရပ် မျိုးတွေကို လေ့လာ သင်ယူသင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း.. ၅/ ၆/ ၈

အထူးဟော.. စကားအောင်မည်။ ဩဇာညောင်းမယ်။

ယတြာ… ချိုင့်တွေ ၊ဗွက်ထနေတဲ့လမ်းတွေကို သဲခင်းပါ

သောကြာ

အခက်အခဲများကို ကျော်လွှားနိုင်မည်။ ဘဝတတ်လမ်းများ ပွင့်မည်။ အပြိုင်အဆိုင်နှင့် အတိုက်အခံများမည်။ မနာလိုသူများ ပေါ်ပေါက် မည်။ အခက်အခဲများ မည်မျှရှိစေ အထူးအောင်မြင်မည်။ ဘဝတိုးတတ်မှုများ ရှိမည်။ ငွေကြေး ကံ၊ စီးပွားကံတတ်လမ်းပွင့်သော အချိန်ကာလဖြစ်သည်။ မိမိအပေါ် ဒုက္ခပေးသောသူများရန်မှ ကင်းဝေးသွားမည်။ အရာရာ စိတ်ချမ်းမြေ့စရာများ ကြုံမည်။

မိမိလိုလားသည်များကို မဖြစ်မနေလုပ်ကိုင်ရန် ကောင်းသည်။ ရည်မှန်းချက်သစ်များ၊ ရည်ရွယ်ချက်သစ်များ အောင်မြင်မည်။ အရပ်ဝေးသို့ ရောက်ရှိနေတဲ့ သူတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ တစ်ရပ်တစ်ကျေးက ဆွေမျိုးရဲ့သတင်းကောင်းတွေလည်း ကြားရတတ်ပါတယ်။ အောက်လက် ငယ်သားတွေ ရပ်ဝေး ခရီးလည်းသွားရတတ်ပါတယ်။ ပညာရေးအစီအစဉ်၊ သင်တန်းအစီအစဉ်တွေလည်း လက်လျှော့ရမတတ် ဖြစ်သွားရတတ် ပါတယ်။ ဆရာသမား၊ကြီးကဲသူတို့ရဲ့ သောကရောက်ဖွယ် သတင်းများလည်း ကြားသိရတတ်ပါ တယ်။

အလုပ်၊ရည် ရွယ်ချက်တွေမှာ မိန်းမတစ်ယောက် ဝင်ရှုတ်လာလိမ့်မည်။ ကျန်းမာရေးအတွက် အနည်းငယ် စိတ်ပူနေရတတ်ပါတယ်။ ကူးစက်ရောဂါတွေဖြစ်လွယ်။ မိမိကိုယ်တိုင်ကလဲ ကိုယ်ခံအားနည်းနေနိုင်ပါတယ်။ အချစ်ရေးမှာတော့ ကြားလူအနှောက် အယှက်တွေကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးအတွက် စိတ်ပူစရာလေးတွေ အနည်းငယ် ရှိတတ်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ ပြဿနာရှာမှုတွေ ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း… ၃ /၇ /၉

အထူးဟော…စိတ်ချမ်းသာမှုတွေ ကြုံရမယ်

ယတြာ.. သတ္ထာဒေဝ မနုဿနံ ဂုဏ်တော်ကို ဒီတစ်ပါတ်အတွင်း အဓိဌာန်ဝင်ပါ

စနေ

အလွန် ရန်အတိုက်အခံများနေမည်။ အပြိုင်အဆိုင် အလွန်များမည်။ မနာလိုသောသူပေါများနေမည်။ အေးအေး ချမ်းချမ်းနေ၍ မရနိုင်တော့ပါ။ မတော်တဆ ထိခိုက်မှု အန္တရာယ်များ အထူးဂရုစိုက်ပါ။ အနက်ရောင် မဝတ်သင့်ပါ။ မိမိအနေနဲ့ အရာရာ လက်လွတ်စပယ် မလုပ်သင့်တဲ့ ကာလပါပဲ။ကျန်းမာရေးအတွက် စိတ်ပူစရာမရှိပေမဲ့ ရောဂါဟောင်း ဝေဒနာဟောင်းတွေ ပေါ်နေတတ်ပါတယ်။ အငန်လျှော့စားပါ။ အပူအစပ်နှင့် အရက်လျှော့သောက်ပါ။

မထင်မှတ်ထားသော သဘာဝဘေး အန္တရာယ်များနှင့်ကြုံကာ ဆုံးရှုံးမှုများ ရှိနေမည်။ ပညာသင်တန်းနှင့် ပတ်သက်သောကိစ္စများ အဆင်ပြေ အောင်မြင်မည်။ အခက်အခဲများ ဖြေရှင်းရန် အခါကောင်းများ ကျရောက်နေပါသည်။ အလှူမင်္ဂလာ ကိစ္စများ ပါဝင်ပတ်သက်နေရမည်။ ကိုယ်ကမည်မျှ ဝီရိယစိုက်ထုတ်၍ လုပ်ကိုင်ဆောင်ရွက်ပါစေ၊ ပတ်သက်ဆက်နွယ်သော လုပ်ငန်းဝန်းကျင်မှ လူများသည် အလုပ်ကို စိတ်မဝင်စားပဲ၊ ရေသာခို အချိန်ဆွဲ၍ အပျော်အပါးဘက်သို့ စိတ်သန်နေရ ခြင်းကို တွေ့ကြုံနေရတတ်ပါသည်။

အချစ်ရေးမှာတော့ ချစ်သူခင်သူတွေများတာ စုတ်အားကောင်းတာမျိုး ကြုံရတတ် ပါတယ်။ ကိုယ်ချစ်နေသူက ဖွင့်ပြောလာတာမျိုး၊ ရေလာမြောင်းပေးစရာပြောတာမျိုးတွေ ကြုံရလိမ့်မယ်။ အိမ်ထောင်ရေး အိမ်ထောင်ဘက်က အရာရာ ကူညီဖေးမတတ်တာမျိုးတွေ ကြုံနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း… ၁/ ၅ /၂

အထူးဟော… ရောဂါဟောင်း အမှုဟောင်းတွေ ပေါ်လာတတ်ပါတယ်။

ယတြာ.. ငါးအရှင်ဖြစ်စေ၊ ဂဏန်းအရှင်ဖြစ်စေ ဝယ်လွှတ်ပါ

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695

For Zawgyi

ဆရာၿငိမ္း၏ 8.July.2021 မွ 14.July.2021 ထိ တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

8. July. 2021 မွ 14. July. 2021 အထိတစ္ပတ္စာ ၇ ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း အၿပိဳင္အဆိုင္ အတိုက္အခိုက္ေတြ မ်ားေနတတ္ပါတယ္။ အေဝးက ေဆြမ်ိဳးေတြေၾကာင့္လဲ စိတ္ ညစ္စရာ ေတြႀကဳံရတတ္ပါတယ္။ အိုးသစ္အိမ္သစ္ဝယ္ယူျခင္းေတြ၊ လုပ္ငန္းသစ္စတင္ျခင္းေတြ၊ ေနရာသစ္မွာစတင္ ေနထိုင္ ျခင္းေတြ အထူး ေကာင္းပါတယ္။ မဂၤလာပြဲမ်ားလဲ ခမ္းနားစြာစီရင္က်င္းပခြင့္ေတြရလာတတ္ပါတယ္။

ဒီကာလ အတြင္း အိမ္နီးခ်င္းေၾကာင့္၊ ပတ္ဝန္က်င္ေၾကာင့္ အနီအနားက လုပ္ငန္းၿပိဳင္ေတြေၾကာင့္ စိတ္ညစ္စိတ္ ရႈပ္ရတတ္ပါ တယ္။ အိမ္ေထာင္စုအတြင္း၊မိသားစုအတြင္း မေျပလည္စရာမ်ားကိုၾကားဝင္ေျဖရွင္းေပးျခင္းေတြအ ထူးေဆာင္႐ြက္ႏိုင္ ပါတယ္။ ဒီကာလဟာ ကိုယ့္မ်က္စိေရွ႕မွာ အခက္အခဲ ရွိေနသူမ်ားကို တတ္ႏိုင္တဲ့ဘက္က ကူညီေျဖရွင္းေပးလို႔အလြန္ ေကာင္းပါတယ္။

မတင္မက်ျဖစ္စရာမ်ား၊ ေတြေဝဒြိဟျဖစ္စရာမ်ား ႀကဳံရတတ္ပါတယ္။ မိမိအေနနဲ႔ ေခါင္းေအးေအးထားၿပီးေတာ့လဲ ဆုံးျဖတ္ေစခ်င္ပါတယ္။ အေရးႀကီးတဲ့ကိစၥေတြကိုလဲ အလ်င္စလိုမဆုံးျဖတ္ေစခ်င္ပါဘူး။ တရားတေဘာင္ ရင္ဆိုင္ေနရသူမ်ား၊အေမြနဲ႔ပတ္သက္ၿပီးေတာ့လဲ အမႈရင္ဆိုင္ေနရသူမ်ား အေျခအေနေကာင္း ေတြႀကဳံရတတ္ပါ တယ္။ online ကေန ခ်စ္သူသစ္ရတာမ်ိဳးေတြ ႀကဳံေနရတတ္ပါတယ္။ အိမ္ေထာင္ေရး သာယာပါလိမ့္မယ္။ ပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့လဲ စိတ္ကူးသစ္ေတြ ရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…. ၁/ ၃/ ၆

အထူးေဟာ.. အမ်ားကို ႏိုင္သေလာက္ ကူညီေပးခြင့္ရမယ္

ယၾတာ… ပ်ားရည္ ဟင္းစားဇြန္း ၂ ဇြန္းခန႔္ ပန္းကန္တစ္ခ်ပ္ထဲ ထည့္ၿပီး ဘုရားလႉပါ

တနလၤာ

မိမိနဲ႔ အံ့ဝင္ခြင္က်မျဖစ္တာေတြကို ထားခဲ့သင့္တဲ့ကာလပါပဲ။ အလုပ္ထြက္ျခင္း၊ အလုပ္ေျပာင္းျခင္း၊ မိမိနဲ႔အဆင္မေျပတဲ့ လက္တြဲေဖာ္ေတြကို လမ္းခြဲျခင္းမ်ားကို ဦးစားေပးေဆာင္႐ြက္လိုက္ ေစခ်င္ပါတယ္။ မိသားစုထဲမွာ ျပႆနာ ေပၚ တတ္ ပါတယ္။ ႏိုင္ငံျခားသြားဖို႔ စီစဥ္ထားသူမ်ား သတင္းေကာင္းၾကားရတတ္ပါတယ္။ လူမ်ိဳးျခား တစိမ္းတရံေတြဆီက ေနအကူအညီေကာင္းေတြ ရလာမဲ့ ကာလပါပဲ။

ဘာျဖစ္ျဖစ္ အခ်ိန္ဆြဲလုပ္သင့္တဲ့ ကာလပါ။ အေရးႀကီးတဲ့အလုပ္ေတြ လုပ္ရာမွာလဲ အခ်ိန္ယူစဥ္းစား ၿပီးမွပဲ လုပ္ကိုင္ေစခ်င္ပါတယ္။ အေလာတႀကီးလုပ္ေလ အမွားမ်ားေလျဖစ္ရ တတ္ပါ တယ္။ ေခါင္းေအးေအးထား ၿပီးလုပ္မွပဲ အဆင္ေျပပါလိမ့္မယ္။ ပရဟိတအလုပ္မ်ား၊ လူမႈကယ္ဆယ္ေရး အလုပ္မ်ားလဲ ပါဝင္ကူညီ ေပးရတတ္ပါတယ္။ တရားဘာဝနာပြားမ်ားျခင္း၊ ဝိပႆနာရႈပြားျခင္းေတြလုပ္ေဆာင္ျခင္းျဖင့္ တဆင့္ထက္တဆင့္ အသိထူး အျမင္ထူးေတြရရွိေအာင္ လုပ္ေဆာင္ႏိုင္ပါလိမ့္မယ္။ ဘာသာေရးကို အားထည့္လုပ္ေဆာင္သင့္တဲ့ ကာလ ပါပဲ။

က်န္းမာေရးႏွင့္ပတ္သက္ၿပီး အေရျပားနဲ႔ပတ္သက္ေသာ ေရာဂါေတြကို သတိထားလိုက္ေစခ်င္ပါတယ္။ အပူနာမ်ား ဝက္ၿခံမ်ား၊ အနာစိမ္းမ်ားေပါက္တတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့ စန္းအားေကာင္းေနတဲ့လပါပဲ။ တစ္ဦးထက္မကေသာ အခ်စ္ေရးမ်ိဳလဲ ႀကဳံေနရတတ္ပါတယ္။ မိမိကလဲ လက္ရွိခ်စ္သူထက္ ေနာက္ကေပါက္တဲ့ ေ႐ႊၾကာပင္ကို အေလးေပးေနမိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/ ၈/ ၉

အထူးေဟာ… အားနာစိတ္မေမြးပါနဲ႔။ လုပ္သင့္တာကို လုပ္လိုက္ပါ။

ယၾတာ… သစၥာပန္း (၆) ၫႊန႔္ ဘုရားပန္းအိုးထိုးပါ

အဂၤါ

ဒီကာလအတြင္း ကံၾကမၼာက မထင္မွတ္ဘဲ အေကာင္းဘက္ကို ေရာက္ရွိပါလိမ့္မယ္။ မရည္႐ြယ္ဘဲ နာမည္ဂုဏ္သတင္း အထူးတိုးတတ္ျခင္းႏွင့္ ေအာင္ျမင္ျခင္းေတြကိုလဲႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္ပဲဒီကာလမွာ စိတ္ေကာင္းေမြး ပါ။ ေစတနာေကာင္းထားပါ။ ေသခ်ာေပါက္တိုးတတ္ပါလိမ့္မယ္။ စိတ္ကူးပုံေဖာ္ထားတဲ့ကိစၥေတြကို လက္ေတြအေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ သူမ်ားေတြရဲ႕အေျပာေတြမွာ နားမေယာင္မိဖို႔ အထူးလိုအပ္ပါတယ္။ ဒီကာလမွာ မိမိဆုံး ျဖတ္ခ်က္ကသာ အမွန္ဆုံးျဖစ္ေနပါလိမ့္မယ္။

ဝန္ထမ္းမ်ား မိမိရရွိထားတဲ့ အလုပ္ရာထူးႏွင့္ လုပ္ပိုင္ခြင့္အေပၚမွာ မနာလိုအပုပ္ခ်သူေတြလဲရွိေနတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းေတြမွာလဲ မိမိတို႔ရဲ႕လုပ္ငန္းၿပိဳင္ေတြ၊ မိမိတို႔အနီးအနား မွာဖြင့္ထားတဲ့ လုပ္ငန္းတူေတြရဲ႕ မနာလို တိုက္ခိုက္တာကိုခံရတတ္ပါတယ္။ မိသားစုအတြင္းမွာေတာ့ ညီအကိုေမာင္ႏွမ အခ်င္းခ်င္း စိတ္ဝမ္းကြဲစရာမ်ား အထူးႀကဳံေနရတတ္ပါတယ္။ ဒါေပမဲ့ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ေသခ်ာေတြ႕ျမင္ၿပီး ေတာ့ အေကာင္းဆုံးလုပ္ေဆာင္သြားႏိုင္ပါလိမ့္မယ္။

လူခ်စ္လူခင္ အလြန္ပဲ မ်ားေနတတ္ပါတယ္။ ခ်စ္သူဆီက အကူအညီေတြ မ်ားစြာရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ စိတ္ကူးအႀကံအစည္ေတြ မိမိအတြက္ အသုံးဝင္လာလိမ့္မယ္။ ပညာေရးကိစၥေတြအေပၚ စိတ္ပါဝင္စားမႈ အားနည္းေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…. ၆ /၇ /ဝ

အထူးေဟာ… ကံေကာင္းမႈေတြ ႀကဳံေနရမယ္။

ယၾတာ… က်န္းမာေရး အားနည္းေနသူတစ္ဦးဦးကို အဆင္ေျပရာ ေဆးဝါးဓာတ္စာလႉပါ

ဗုဒၶဟူး၊ ရာဟု

အေကာင္းဆုံးေတြႏွင့္ အဆိုးဆုံးေတြၾကားထဲ ကားယားခြထိုင္ ေနမိတတ္တဲ့ ကာလပါပဲ။ ဒါေၾကာင့္ မိမိလမ္းေ႐ြးတာ မွန္ဖို႔ အထူးလိုအပ္ပါတယ္။ ကံေကာင္းတာက မိမိျဖစ္ခ်င္တာေတြကို ကူညီမဲ့သူေတြနဲ႔ ႀကဳံေနရ တတ္ပါတယ္။ အုပ္ထိန္း သူေတြကို မိမိလိုခ်င္တာေတြ ပူဆာလို႔အလြန္ေကာင္းတဲ့ ကာလပါပဲ။ ေငြေၾကးနဲ႔ပတ္သက္ၿပီး ေတာ့လဲ စု ေဆာင္းလို႔ အလြန္ ေကာင္းတဲ့လပါပဲ။ ေငြစုစာအုပ္လုပ္ၿပီး စတင္စုေဆာင္းတာပဲျဖစ္ျဖစ္ ၊စုဘူးနဲ႔ေငြစုတာ မ်ိဳးပဲျဖစ္ျဖစ္ ေဆာင္႐ြက္ ႏိုင္ပါတယ္။

စိတ္နဲ႔ပတ္သက္တဲ့ ေလ့က်င့္ခန္းမ်ား ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ေငြရွာပါ။ေငြေၾကးနဲ႔ပတ္သက္ ၿပီး ေတာ့ လဲ ရပိုင္ခြင့္ေတြ ရလာတတ္ပါတယ္။ ၾကန႔္ၾကာေနတဲ့ေငြေၾကးေတြ၊ ေခ်းထားတဲ့ေငြေၾကးေတြ၊ လက္လြန္ထားတဲ့ေငြေၾကးေတြ လဲ ျပန္လည္ေတာင္းခံလို႔ ရပါလိမ့္မယ္။ ေပ်ာ္စရာခရီးမ်ား၊ စိတ္ခ်မ္းသာစရာ ခရီး မ်ားလဲ သြားရတတ္ပါ တယ္။ သူငယ္ခ်င္း ေတြနဲ႔ပဲျဖစ္ျဖစ္၊ မိသားစုနဲ႔ပဲျဖစ္ျဖစ္ ေပ်ာ္ပြဲစားထြက္ရတာ၊ ဘုရားဖူးခရီးသြားရတာမ်ိဳးေတြ ႀကဳံရ တတ္ ပါတယ္။

ဒီကာလမွာလဲ အလုပ္ေတြကို ခဏေမ့ထားၿပီး စိတ္အပန္းေျဖလို႔ အထူးေကာင္းတဲ့ အခ်ိန္လဲျဖစ္ပါတယ္။ အခ်စ္ေရးကိစၥ ေတြမွာေတာ့ ခ်စ္သူေတြ စကားကေတာက္ကဆ မ်ားရတတ္ပါတယ္။ အိမ္ေထာင္ေရးအတြက္ စိတ္ပူဖို႔ မလိုေသးတဲ့ ကာလပါပဲ။ က်န္းမာေရးအတြက္ ခံစားေနတဲ့ ေဝဒနာေတြ ရွိရင္ေတာင္ စတင္သက္သာခြင့္ေတြ ရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း… ၄/ ၈ /၃

အထူးေဟာ… ကံျမင့္မားစရာေလးေတြ ႀကဳံရတတ္ပါတယ္။

ယၾတာ… ဓာတ္ဆားထုပ္ေလးမ်ား ေခြၽးထြက္မ်ားသူကို လႉလိုက္ပါ

ၾကာသပေတး

ေနအိမ္ကိစၥ၊ အလုပ္ကိစၥမ်ား ေဆာင္႐ြက္အဆင္ေျပမည္။ အရပ္ေဝး၊ ႏိုင္ငံရပ္ျခားႏွင့္ ပတ္သက္ေသာ ခရီးကိစၥ မ်ား ေဆာင္႐ြက္ အဆင္ေျပမည္။ ေနအိမ္ေနရာ၊ အလုပ္ေနရာ တိုးခ်ဲ႕ျခင္း၊ ျပဳျပင္ျခင္းမ်ား ရွိမည္။ လုပ္႐ိုးလုပ္စဥ္မွ ခြဲ ထြက္၍လမ္းသစ္ထြင္ကာ ေဆာင္႐ြက္ျခင္းမွ ေအာင္ျမင္မႈမ်ား ရရွိမည္။ ဦးတည္ခ်က္ လမ္းေၾကာင္းေျပာင္း၍ ဘဝတက္လမ္းမ်ား ရရွိမည္။ ေငြေရး၊ ေၾကးေရးကိစၥမ်ား စကားေျပာဆို ေအာင္ျမင္မည္။

မိတ္ေကာင္း၊ ေဆြေကာင္း အကူအညီ ရ မည္။ရည္႐ြယ္ခ်က္သစ္မ်ား ခ်ဲ႕ထြင္ရမည္။ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လဲ အထူးေကာင္းပါတယ္။ ေဆးဝါး ဓာတ္စာေတြ စတင္စားေသာက္ တာမ်ိဳးေတြလဲ ျပဳလုပ္ႏိုင္မဲ့ကာလပဲ ျဖစ္ပါတယ္။ ေရာဂါရွာေဖြျခင္းေတြ၊ medical checkup လုပ္ ျခင္းမ်ိဳးေတြ အထူးေဆာင္႐ြက္လို႔ေကာင္းတဲ့လျဖစ္ပါတယ္။

အခ်စ္ေရးႏွင့္ ပတ္သက္ၿပီးေတာ့လဲ အမွတ္ရစရာ၊ ေပ်ာ္စရာ အေကာင္းဆုံးကာလလဲ ျဖစ္ပါတယ္။ အိမ္ေထာင္ျပဳဖို႔ စီစဥ္တာမ်ိဳးေတြ၊ ဒီကာလမွာ ေျပာဆိုေဆာင္႐ြက္လို႔အထူး ေကာင္း ပါတယ္။ အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ အဆင္ေျပတိုးတတ္မႈေတြ ရွိပါ လိမ့္ မယ္။ အဆင္ မေျပတာေတြကို ညႇိႏႈိင္းလို႔ အေကာင္းဆုံးကာလပါပဲ။ ပညာေရးနဲ႔ပတ္သက္ရင္ေတာ့ အသက္ေမြးမႈနဲ႔ဆိုင္ေသာ ပညာရပ္ မ်ိဳးေတြကို ေလ့လာ သင္ယူသင့္တဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း.. ၅/ ၆/ ၈

အထူးေဟာ.. စကားေအာင္မည္။ ဩဇာေညာင္းမယ္။

ယၾတာ… ခ်ိဳင့္ေတြ ၊ဗြက္ထေနတဲ့လမ္းေတြကို သဲခင္းပါ

ေသာၾကာ

အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္။ ဘဝတတ္လမ္းမ်ား ပြင့္မည္။ အၿပိဳင္အဆိုင္ႏွင့္ အတိုက္အခံမ်ားမည္။ မနာလိုသူမ်ား ေပၚေပါက္ မည္။ အခက္အခဲမ်ား မည္မွ်ရွိေစ အထူးေအာင္ျမင္မည္။ ဘဝတိုးတတ္မႈမ်ား ရွိမည္။ ေငြေၾကး ကံ၊ စီးပြားကံတတ္လမ္းပြင့္ေသာ အခ်ိန္ကာလျဖစ္သည္။ မိမိအေပၚ ဒုကၡေပးေသာသူမ်ားရန္မွ ကင္းေဝးသြားမည္။ အရာရာ စိတ္ခ်မ္းေျမ့စရာမ်ား ႀကဳံမည္။

မိမိလိုလားသည္မ်ားကို မျဖစ္မေနလုပ္ကိုင္ရန္ ေကာင္းသည္။ ရည္မွန္းခ်က္သစ္မ်ား၊ ရည္႐ြယ္ခ်က္သစ္မ်ား ေအာင္ျမင္မည္။ အရပ္ေဝးသို႔ ေရာက္ရွိေနတဲ့ သူေတြနဲ႔လည္း ျပန္လည္ ဆုံဆည္းရတတ္ပါတယ္။ တစ္ရပ္တစ္ေက်းက ေဆြမ်ိဳးရဲ႕သတင္းေကာင္းေတြလည္း ၾကားရတတ္ပါတယ္။ ေအာက္လက္ ငယ္သားေတြ ရပ္ေဝး ခရီးလည္းသြားရတတ္ပါတယ္။ ပညာေရးအစီအစဥ္၊ သင္တန္းအစီအစဥ္ေတြလည္း လက္ေလွ်ာ့ရမတတ္ ျဖစ္သြားရတတ္ ပါတယ္။ ဆရာသမား၊ႀကီးကဲသူတို႔ရဲ႕ ေသာကေရာက္ဖြယ္ သတင္းမ်ားလည္း ၾကားသိရတတ္ပါ တယ္။

အလုပ္၊ရည္ ႐ြယ္ခ်က္ေတြမွာ မိန္းမတစ္ေယာက္ ဝင္ရႈတ္လာလိမ့္မည္။ က်န္းမာေရးအတြက္ အနည္းငယ္ စိတ္ပူေနရတတ္ပါတယ္။ ကူးစက္ေရာဂါေတြျဖစ္လြယ္။ မိမိကိုယ္တိုင္ကလဲ ကိုယ္ခံအားနည္းေနႏိုင္ပါတယ္။ အခ်စ္ေရးမွာေတာ့ ၾကားလူအေႏွာက္ အယွက္ေတြႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးအတြက္ စိတ္ပူစရာေလးေတြ အနည္းငယ္ ရွိတတ္ပါတယ္။ အိမ္ေထာင္ဘက္ရဲ႕ ျပႆနာရွာမႈေတြ ႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း… ၃ /၇ /၉

အထူးေဟာ…စိတ္ခ်မ္းသာမႈေတြ ႀကဳံရမယ္

ယၾတာ.. သတၳာေဒဝ မႏုႆနံ ဂုဏ္ေတာ္ကို ဒီတစ္ပါတ္အတြင္း အဓိဌာန္ဝင္ပါ

စေန

အလြန္ ရန္အတိုက္အခံမ်ားေနမည္။ အၿပိဳင္အဆိုင္ အလြန္မ်ားမည္။ မနာလိုေသာသူေပါမ်ားေနမည္။ ေအးေအး ခ်မ္းခ်မ္းေန၍ မရႏိုင္ေတာ့ပါ။ မေတာ္တဆ ထိခိုက္မႈ အႏၲရာယ္မ်ား အထူးဂ႐ုစိုက္ပါ။ အနက္ေရာင္ မဝတ္သင့္ပါ။ မိမိအေနနဲ႔ အရာရာ လက္လြတ္စပယ္ မလုပ္သင့္တဲ့ ကာလပါပဲ။က်န္းမာေရးအတြက္ စိတ္ပူစရာမရွိေပမဲ့ ေရာဂါေဟာင္း ေဝဒနာေဟာင္းေတြ ေပၚေနတတ္ပါတယ္။ အငန္ေလွ်ာ့စားပါ။ အပူအစပ္ႏွင့္ အရက္ေလွ်ာ့ေသာက္ပါ။

မထင္မွတ္ထားေသာ သဘာဝေဘး အႏၲရာယ္မ်ားႏွင့္ႀကဳံကာ ဆုံးရႈံးမႈမ်ား ရွိေနမည္။ ပညာသင္တန္းႏွင့္ ပတ္သက္ေသာကိစၥမ်ား အဆင္ေျပ ေအာင္ျမင္မည္။ အခက္အခဲမ်ား ေျဖရွင္းရန္ အခါေကာင္းမ်ား က်ေရာက္ေနပါသည္။ အလႉမဂၤလာ ကိစၥမ်ား ပါဝင္ပတ္သက္ေနရမည္။ ကိုယ္ကမည္မွ် ဝီရိယစိုက္ထုတ္၍ လုပ္ကိုင္ေဆာင္႐ြက္ပါေစ၊ ပတ္သက္ဆက္ႏြယ္ေသာ လုပ္ငန္းဝန္းက်င္မွ လူမ်ားသည္ အလုပ္ကို စိတ္မဝင္စားပဲ၊ ေရသာခို အခ်ိန္ဆြဲ၍ အေပ်ာ္အပါးဘက္သို႔ စိတ္သန္ေနရ ျခင္းကို ေတြ႕ႀကဳံေနရတတ္ပါသည္။

အခ်စ္ေရးမွာေတာ့ ခ်စ္သူခင္သူေတြမ်ားတာ စုတ္အားေကာင္းတာမ်ိဳး ႀကဳံရတတ္ ပါတယ္။ ကိုယ္ခ်စ္ေနသူက ဖြင့္ေျပာလာတာမ်ိဳး၊ ေရလာေျမာင္းေပးစရာေျပာတာမ်ိဳးေတြ ႀကဳံရလိမ့္မယ္။ အိမ္ေထာင္ေရး အိမ္ေထာင္ဘက္က အရာရာ ကူညီေဖးမတတ္တာမ်ိဳးေတြ ႀကဳံေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း… ၁/ ၅ /၂

အထူးေဟာ… ေရာဂါေဟာင္း အမႈေဟာင္းေတြ ေပၚလာတတ္ပါတယ္။

ယၾတာ.. ငါးအရွင္ျဖစ္ေစ၊ ဂဏန္းအရွင္ျဖစ္ေစ ဝယ္လႊတ္ပါ

၇ ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

0977 5555 695

Post a Comment

0 Comments