နှာခေါင်းပုံစံက ပြောတဲ့ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး

လူတစ်ယောက်ရဲ့ နှာခေါင်း ပုံစံတွေက အဲ့ဒီလူရဲ့ ကိုယ်ရည် ကိုယ်သွေး အကြောင်းကို အနည်းနဲ့အများ ဆိုသလို ဖော်ပြပေးနိုင်ပါတယ်။

ယခု ပြောပြပေးမယ့် နှာခေါင်း ပုံစံတွေက ပြောတဲ့ ကိုယ်ရည်ကိုယ်သွေး အကြောင်းကိုတော့ အစ္စရေးနိုင်ငံ Ben-Gurion တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Abraham Tamir ရဲ့ လေ့လာ တွေ့ရှိချက် ဖြစ်ပြီး Craniofacial Surgery ဆိုတဲ့ ဂျာနယ် မှာ ဖော်ပြခဲ့ ဖူးပါတယ်။

အရင်ဆုံး နမူနာပြထားတဲ့ နှာခေါင်း ပုံစံတွေကို အရင်ကြည့်ပြီး ကိုယ့်ရဲ့နှာခေါင်း ပုံစံနဲ့ ထပ်တူ မကျရင်တောင် အနီးစပ်ဆုံးတူ တဲ့ နှာခေါင်းကို အရင် ရွေးချယ်ပေးရပါမယ်။

(၁) အောက်ကိုကျတဲ့ နှာခေါင်းပုံစံ

ဒီလို နှာခေါင်းပုံစံ ကတော့ အပေါ်ပိုင်းမှာ ရှည်ဆင်းပြီး နှာအိုး နားရောက်မှ အော က်ကို ဆင်းသွားတဲ့ နှာခေါင်းပုံစံမျိုး ဖြစ်ပါတယ်။ ဒီလို နှာခေါင်းပိုင်ရှင်တွေဟာ သိချင်စိတ် စပ်စုလိုစိတ် ပြင်းပြသူတွေ ဖြစ်ကာ အကောင်းမြင် တတ်သူတွေ ဖြစ်ပြီး သူများအတွက် ထည့်စဉ်းစားပေး တတ်သူတွေပါ။ နှစ်လိုဖွယ် ကောင်းသူတွေ ဖြစ်ပြီး သူများရဲ့ အခက်အခဲကို ကူညီ ဖြေရှင်း ပေးလိုစိတ် ရှိသူပါ။

(၂) အောက်ပိုင်းချွန်တဲ့ နှာခေါင်း

အောက်ဖျားပိုင်းမှာ ချွန်ပြီး ဖြောင့်စင်းတဲ့ နှာခေါင်းမျိုးပါ။ ဒီလိုနှာခေါင်းပိုင်ရှင်တွေ ဟာ ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုကို ခံရတာ မကြိုက်တဲ့ သူတွေပါ။သူတို့ဟာ တကယ့်ကို သစ္စာရှိ တတ်ကြသူတွေ ဖြစ်ပြီး ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲသူတွေ ဖြစ်ပါတယ်။

(၃) နှာတံဖောင်းတဲ့ နှာခေါင်း

ငှက်နှုတ်သီးလို နှာခေါင်းမျိုးပါ။ ဒီလို နှာခေါင်းပိုင်ရှင်တွေဟာ ဖန်တီးနိုင်စွမ်း ရှိပြီး ပေးဆပ် အနစ်နာခံ တတ်သူတွေပါ။ ယုံကြည်ရာကို အလွယ်တကူ ပြောင်းလဲလေ့ မရှိပဲ ဘယ်လို အခက်အခဲပဲ ရှိရှိ ရည်မှန်းချက်ဆီ ရောက်အောင် သွားတတ်သူတွေပါ။

(၄) ခုံးတဲ့ နှာတံ

နှာရိုးကနေ နှာဖျား အစွန်းအထိ ခုံးနေတဲ့ နှာခေါင်းမျိုးပါ။ ဒီလို နှာခေါင်း ပိုင်ရှင်တွေဟာ စူးစမ်း တွက်ချက် တတ်သူတွေပါ။ အလုပ်နဲ့ အဖွဲ့အစည်းကို ကောင်းကောင်း ရင်းနှီးကျွမ်းဝင်အောင် စောင့်ကြည့်ပြီး အမြဲ စူးစမ်း လေ့လာပြီးမှ တွက်ချက်တတ်သူတွေ ဖြစ်ပါတယ်။

(၅) နုနုလှလှ နှာခေါင်း

ဒီလို နှာခေါင်းမျိုးကတော့ ကြည့်ကောင်းပြီး နုနယ် သိမ်မွေ့တဲ့ နှာခေါင်းပုံစံမျိုးပါ။ ဒီလို နှာခေါင်းပိုင်ရှင်တွေကတော့ မကြာခဏ ဆိုသလို သူတပါးကို စိတ်အနှောင့် အယှက်ပေးတတ်သူတွေပါ။ခေါင်းမာတတ်သူတွေ ဖြစ်ပြီး လိုချင်တာကို မရ ရအောင် ကြိုးစားတတ်ကြသူတွေ ဖြစ်ပါတယ်

(၆) ဖြောင့်စင်းတဲ့ နှာခေါင်း

ဒီလိုနှာခေါင်းမျိုးကတော့ အာရှမှာ အတွေ့များတဲ့ နှာခေါင်း ပုံစံမျိုးပါ။ဖြောင့် စင်းပြီး ပြားတဲ့ နှာခေါင်းပုံစံ ဖြစ်ပါတယ်။ပင်ကိုယ် စိတ်ဆတ်တဲ့သူတွေ ဖြစ်ပြီး စိတ် လှုပ်ရှားလွယ်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့လို လူမျိုးနဲ့ ဆက်ဆံမယ် ဆိုရင်တော့ ကိုယ့်ဘက်က စိတ်ရှည်ရှည် ထားဖို့ လိုပါတယ်။

(၇) သေးပြီး ခုံးတဲ့ နှာခေါင်း

နှာခေါင်းက သေးပေမယ့် နှာတံက ခုံးတဲ့ နှာခေါင်းပုံစံမျိုးပါ။ ရက်ရော ပေးကမ်း တတ်သူတွေ ဖြစ်ပြီး သူများကို ကူညီဖို့ အသင့် ဖြစ်နေသူတွေပါ။စိတ်ခံစားလွယ် သူတွေဖြစ်ပြီး စိတ်ထိခိုက်လွယ် နာကျင်လွယ်သူတွေ ဖြစ်ပါတယ်။

(၈) ကောက်ကွေးတဲ့ နှာခေါင်း

ဒီလို နှာခေါင်းပိုင်ရှင် တွေကတော့ နာခံလွယ် သူတွေပါ။ဒါကြောင့် ဒီလိုလူမျိုးနဲ့ သူငယ်ချင်း (သို့) ချစ်သူ ဖြစ်ခွင့်ရမယ် ဆိုရင်တော့ တကယ်ကို ကောင်းတဲ့ သူငယ်ချင်း၊လက်တွဲဖော် တစ်ယောက်အဖြစ် ရှိနေပေးမှာ သေချာပါတယ်။ ရိုးရှင်းတဲ့ ဘွင်းဘွင်းရှင်းရှင်း သမားတွေလည်း ဖြစ်ပါတယ်။

Ref - supertastyrecipes

For Zawgyi

ႏွာေခါင္းပံုစံက ေျပာတဲ့ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြး

လူတစ္ေယာက္ရဲ႕ ႏွာေခါင္း ပံုစံေတြက အဲ့ဒီလူရဲ႕ ကိုယ္ရည္ ကိုယ္ေသြး အေၾကာင္းကို အနည္းနဲ႔ အမ်ား ဆိုသလို ေဖာ္ျပေပးႏိုင္ပါတယ္။

ယခု ေျပာျပေပးမယ့္ ႏွာေခါင္း ပံုစံေတြက ေျပာတဲ့ ကိုယ္ရည္ကိုယ္ေသြး အေၾကာင္းကိုေတာ့ အစၥေရးႏိုင္ငံ Ben-Gurion တကၠသိုလ္မွ ပါေမာကၡျဖစ္သူ Abraham Tamir ရဲ႕ ေလ့လာ ေတြ႕ရွိခ်က္ ျဖစ္ၿပီး Craniofacial Surgery ဆိုတဲ့ ဂ်ာနယ္ မွာ ေဖာ္ျပခဲ့ ဖူးပါတယ္။

အရင္ဆံုး နမူနာျပထားတဲ့ ႏွာေခါင္း ပံုစံေတြကို အရင္ၾကည့္ၿပီး ကိုယ့္ရဲ႕ႏွာေခါင္း ပံုစံနဲ႔ ထပ္တူ မက်ရင္ေတာင္ အနီးစပ္ဆံုးတူ တဲ့ ႏွာေခါင္းကို အရင္ ေရြးခ်ယ္ေပးရပါမယ္။

(၁) ေအာက္ကိုက်တဲ့ ႏွာေခါင္းပံုစံ

ဒီလို ႏွာေခါင္းပံုစံ ကေတာ့ အေပၚပိုင္းမွာ ရွည္ဆင္းၿပီး ႏွာအိုး နားေရာက္မွ ေအာ က္ကို ဆင္းသြားတဲ့ ႏွာေခါင္းပံုစံမ်ိဳး ျဖစ္ပါတယ္။ ဒီလို ႏွာေခါင္းပိုင္ရွင္ေတြဟာ သိခ်င္စိတ္ စပ္စုလိုစိတ္ ျပင္းျပသူေတြ ျဖစ္ကာ အေကာင္းျမင္ တတ္သူေတြ ျဖစ္ၿပီး သူမ်ားအတြက္ ထည့္စဥ္းစားေပး တတ္သူေတြပါ။ ႏွစ္လုိဖြယ္ ေကာင္းသူေတြ ျဖစ္ၿပီး သူမ်ားရဲ႕ အခက္အခဲကို ကူညီ ေျဖရွင္း ေပးလိုစိတ္ ရွိသူပါ။

(၂) ေအာက္ပိုင္းခၽြန္တဲ့ ႏွာေခါင္း

ေအာက္ဖ်ားပိုင္းမွာ ခၽြန္ၿပီး ေျဖာင့္စင္းတဲ့ ႏွာေခါင္းမ်ိဳးပါ။ ဒီလိုႏွာေခါင္းပိုင္ရွင္ေတြ ဟာ ပတ္၀န္းက်င္ရဲ႕ အာရံုစိုက္မႈကို ခံရတာ မႀကိဳက္တ့ဲ သူေတြပါ။သူတို႔ဟာ တကယ့္ကို သစၥာရွိ တတ္ၾကသူေတြ ျဖစ္ၿပီး ခံစားခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ဖြင့္ဟခဲသူေတြ ျဖစ္ပါတယ္။

(၃) ႏွာတံေဖာင္းတဲ့ ႏွာေခါင္း

ငွက္ႏႈတ္သီးလို ႏွာေခါင္းမ်ိဳးပါ။ ဒီလို ႏွာေခါင္းပိုင္ရွင္ေတြဟာ ဖန္တီးႏိုင္စြမ္း ရွိၿပီး ေပးဆပ္ အနစ္နာခံ တတ္သူေတြပါ။ ယံုၾကည္ရာကို အလြယ္တကူ ေျပာင္းလဲေလ့ မရွိပဲ ဘယ္လုိ အခက္အခဲပဲ ရွိရွိ ရည္မွန္းခ်က္ဆီ ေရာက္ေအာင္ သြားတတ္သူေတြပါ။

(၄) ခံုးတဲ့ ႏွာတံ

ႏွာရိုးကေန ႏွာဖ်ား အစြန္းအထိ ခံုးေနတဲ့ ႏွာေခါင္းမ်ိဳးပါ။ ဒီလို ႏွာေခါင္း ပိုင္ရွင္ေတြဟာ စူးစမ္း တြက္ခ်က္ တတ္သူေတြပါ။ အလုပ္နဲ႔ အဖြဲ႕အစည္းကို ေကာင္းေကာင္း ရင္းႏွီးကၽြမ္း၀င္ေအာင္ ေစာင့္ၾကည့္ၿပီး အၿမဲ စူးစမ္း ေလ့လာၿပီးမွ တြက္ခ်က္တတ္သူေတြ ျဖစ္ပါတယ္။

(၅) ႏုႏုလွလွ ႏွာေခါင္း

ဒီလို ႏွာေခါင္းမ်ိဳးကေတာ့ ၾကည့္ေကာင္းၿပီး ႏုနယ္ သိမ္ေမြ႔တ့ဲဲ ႏွာေခါင္းပံုစံမ်ိဳးပါ။ ဒီလို ႏွာေခါင္းပိုင္ရွင္ေတြကေတာ့ မၾကာခဏ ဆိုသလို သူတပါးကို စိတ္အေႏွာင့္ အယွက္ေပးတတ္သူေတြပါ။ေခါင္းမာတတ္သူေတြ ျဖစ္ၿပီး လိုခ်င္တာကို မရ ရေအာင္ ႀကိဳးစားတတ္ၾကသူေတြ ျဖစ္ပါတယ္

(၆) ေျဖာင့္စင္းတဲ့ ႏွာေခါင္း

ဒီလုိႏွာေခါင္းမ်ိဳးကေတာ့ အာရွမွာ အေတြ႕မ်ားတဲ့ ႏွာေခါင္း ပံုစံမ်ိဳးပါ။ေျဖာင့္ စင္းၿပီး ျပားတဲ့ ႏွာေခါင္းပံုစံ ျဖစ္ပါတယ္။ပင္ကိုယ္ စိတ္ဆတ္တဲ့သူေတြ ျဖစ္ၿပီး စိတ္ လႈပ္ရွားလြယ္တဲ့ သူေတြ ျဖစ္ပါတယ္္။ ဒါေၾကာင့္ အဲ့လို လူမ်ိဳးနဲ႔ ဆက္ဆံမယ္ ဆိုရင္ေတာ့ ကိုယ့္ဘက္က စိတ္ရွည္ရွည္ ထားဖို႔ လိုပါတယ္။

(၇) ေသးၿပီး ခံုးတဲ့ ႏွာေခါင္း

ႏွာေခါင္းက ေသးေပမယ့္ ႏွာတံက ခံုးတဲ့ ႏွာေခါင္းပံုစံမ်ိဳးပါ။ ရက္ေရာ ေပးကမ္း တတ္သူေတြ ျဖစ္ၿပီး သူမ်ားကို ကူညီဖို႔ အသင့္ ျဖစ္ေနသူေတြပါ။စိတ္ခံစားလြယ္ သူေတြျဖစ္ၿပီး စိတ္ထိခိုက္လြယ္ နာက်င္လြယ္သူေတြ ျဖစ္ပါတယ္။

(၈) ေကာက္ေကြးတဲ့ ႏွာေခါင္း

ဒီလို ႏွာေခါင္းပိုင္ရွင္ ေတြကေတာ့ နာခံလြယ္ သူေတြပါ။ဒါေၾကာင့္ ဒီလိုလူမ်ိဳးနဲ႔ သူငယ္ခ်င္း (သို႔) ခ်စ္သူ ျဖစ္ခြင့္ရမယ္ ဆိုရင္ေတာ့ တကယ္ကို ေကာင္းတဲ့ သူငယ္ခ်င္း၊လက္တြဲေဖာ္ တစ္ေယာက္အျဖစ္ ရွိေနေပးမွာ ေသခ်ာပါတယ္။ ရိုးရွင္းတဲ့ ဘြင္းဘြင္းရွင္းရွင္း သမားေတြလည္း ျဖစ္ပါတယ္။

Ref - supertastyrecipes

Post a Comment

0 Comments