ပိုက်ဆံပြတ်နေချိန်မှာ သင့်ကောင်မလေးနဲ့အတူ ပျော်ရွှင်စရာတွေ ဖန်တီးနိုင်မယ့် အချက် ၁၂ ချက်

ပိုက်ဆံမရှိရင် ပျော်ရွှင်မှုကို ဝယ်လို့မရဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ပိုက်ဆံသာရှိရင် သင့်ကောင်မလေးကို တန်ဖိုးကြီး လက်ဆောင်တွေနဲ့ ဖူးဖူးမှုတ်ထားလို့ ရပါတယ်။ အားလပ်ရက်တွေမှာလည်း ပျော်ပျော်ပါးပါး လည်ပတ်လို့ပါတယ်။

ဒါပေမယ့် တစ်ခါတလေ သင့်အိတ်ကပ်ထဲမှာ ပိုက်ဆံလုံးဝမရှိတဲ့ အချိန်ဆိုတာလည်း ရှိပါတယ်။ ပိုက်ဆံမကုန်ဘဲနဲ့လည်း သင့်ကောင်မလေးနဲ့ ဒီလိုပျော်ရွှင်စရာလေးတွေ ဖန်တီးလို့ရပါတယ်နော်။

1. သူမအတွက် ဟင်းချက်ပေးပါ။

မီးဖိုခန်းထဲမှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ အကောင်းဆုံးဟင်းကို ခဏတာအတွင်း ချက်လို့ရပါတယ်။ သင်ချက်တတ်တဲ့ဟင်းကို လက်စွမ်းပြပါ။ သင်ချက်တဲ့ဟင်းက သူမအတွက် အရသာရှိစေပြီး ပျော်ရွှင်စေမှာပါ။

2. DVD ခွေ ကြည့်ပါ။

ရုပ်ရှင်ကြည့်ဖို့မတတ်နိုင် ဒီအချက်ကို မမေ့ပါနဲ့။ သင်တို့နှစ်ယောက်လုံး ရုပ်ရှင်ကို အကြိမ်တစ်ရာမက ကြည့်ဖူးကြပါလိမ့်မယ်။ DVD ခွေတွေ ကြည့်ပြီး ပျော်ရွှင်စရာ အမှတ်တရတွေဆီကို အလည်ပြန်သွားပါ။ သင်သဘောကျတဲ့ ဇာတ်ဝင်ခန်းတွေ၊ သင်တို့နှစ်ယောက်နဲ့ တိုက်ဆိုင်တဲ့ ဇာတ်ဝင်ခန်းတွေ အကြောင်း ပြောပါ။

3. လမ်းလျှောက်ထွက်ပါ။

ဓာတ်ဆီထည့်ဖို့ ငွေမလုံမလောက်ဖြစ်နေတာလား။ မပူပါနဲ့။ သင့်ကောင်မလေးကို ခေါ်ပြီး လမ်းလျှောက်ထွက်ပါ။ ရှုပ်ယှက်ခတ်နေတဲ့ လမ်းပေါ်မှာ လမ်းလျှောက်တာထက် လေညင်းတွေ တိုက်ခတ်နေတဲ့၊ အေးချမ်းတဲ့ ကမ်းခြေမှာ လမ်းလျှောက်တာ ပိုကောင်းပါတယ်။ ရောက်တတ်ရာရာ စကားတွေကိုလည်း ပြောပါ။ အရေးကြီးတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးပါ။ ဟာသတွေပြောပြီး လတ်ဆတ်တဲ့လေကို ရှုရှိုက်ပါ။

4. စကားလုံးပဟေဠိတွေကို အတူတူဆော့ပါ။

စကားလုံးပဟေဠိတွေကို အတူတူဆော့တဲ့အချိန်ဟာ နွေးထွေးမှုတွေ ဝေမျှနိုင်တဲ့အချိန်ပါပဲ။ သင့်ကောင်မလေး အပေါ်မှာထားတဲ့ သင့်ရဲ့ခံစားချက်တွေကို စကားလုံးဆက်တဲ့နည်းနဲ့ ဖော်ပြရင်း ပျော်ရွှင်အောင် လုပ်ပေးလို့ရပါတယ်။

5. ကြည်နူးဖွယ် သီချင်းလေးတွေကို နားထောင်ပါ။

သူမ နှစ်သက်တဲ့ သီချင်းလေးတွေကို အတူတူနားထောင်ပါ။ ပြီးတော့ သင်နဲ့အတူ စုံတွဲအက ကဖို့ ပြောပါ။ အကနဲ့ နူးညံ့တဲ့ဂီတကို ပေါင်းစပ်လိုက်တဲ့အခါ သင်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ပိုပြီးရင်းနှီး ချစ်ခင်သွားပါလိမ့်မယ်။ ကနေတဲ့အချိန်မှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို အပြန်အလှန်ပြောပါ။

6. အနာဂတ် ဘဝအကြောင်း ဆွေးနွေးပါ။

သင်တို့ရဲ့အချစ်ရေးအကြောင်းကို ဆွေးနွေးပါ။ အနာဂတ် အစီအစဉ်တွေနဲ့ သင်ဖြစ်ချင်တဲ့ အရာတွေကို တိုင်ပင်ပါ။ သင်က အနာဂတ်အတွက် အလေးအနက်ထားပြီး ပြောဆိုတဲ့အခါ သင့်ကောင်မလေးက သိပ်ကို ကျေနပ်ပျော်ရွှင်ပါလိမ့်မယ်။

7. အိမ်ကို အလှဆင်ပါ။

ပစ္စည်းပေါက်စနလေးတွေကို စုဆောင်းထားပါ။ ဒီပစ္စည်းတွေက အိမ်ကို အလှဆင်တဲ့အခါ အထောက်အကူဖြစ်မှာပါ။ လိုက်ကာတွေကို လဲလိုက်ပါ။ ဓာတ်ပုံမှန်ဘောင်တွေကို နေရာပြောင်းပြီး ဗီရိုကို ရှင်းပါ။ သင်အလှဆင်ထားတာကို သင့်ကောင်မလေးက သဘောကျပြီး တန်ဖိုးထားမှာပါ။

8. စာအုပ်ဖတ်ပြပါ။

ထူးခြားပြီး စိတ်ကူးယဉ်လို့ကောင်းတဲ့ အချစ်ဝတ္ထုတွေကို သင်ကနှစ်သက်ပြီး သင့်ကောင်မလေးကိုလည်း ဒီစာအုပ်တွေ ဖတ်ဖို့ အကြံပေးချင်ပါသလား။ သူမကို ဘာလို့မဖတ်ပြနိုင်ရမှာလဲ။ စက်ရုပ်ကြီးလိုတော့ မဖတ်ပြပါနဲ့။ ခံစားချက်တွေ၊ အမူအရာတွေနဲ့ အသက်သွင်းပြီး ဖတ်ပြပါ။ ပြီးတော့ စာအုပ်ပေါ်မှာထားတဲ့ သင့်ရဲ့အမြင်ကိုလည်း ဝေမျှပါ။

9. Video game တွေ ကစားပါ။

သင့်ကောင်မလေးက Video game တွေ ကစားရတာ သဘောကချင်မှ ကျပါလိမ့်မယ်။ ပထမဆုံးအကြိမ် ဆိုရင်တော့ သူမလည်း ငြင်းမှာ မဟုတ်ပါဘူး။ သင့်ကောင်မလေးကြိုက်လောက်မယ့် ဂိမ်းတစ်ခုကို ဖွင့်လိုက်ပါ။ ဂိမ်းအကြောင်းကို ရှင်းပြပါ။ ဂိမ်းဆော့တဲ့နေရာမှာတော့ သင်ဟာ ချန်ပီယံပါပဲ။ ဒါပေမယ့် သူမက အခုမှ စကစားတာဆိုတော့ သင်က အရှုံးပေးခြင်းဖြင့် သူမအပေါ် လူကြီးလူကောင်း ပီသလိုက်ပါ။ ဂိမ်းဆော့လို့ နိုင်လာရင် ပိုပြီးစိတ်ဝင်စားလာပါလိမ့်မယ်။

10. သူမကို နှိပ်ပေးပါ။

သူမရဲ့ခန္ဓာကိုယ်ကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ သဘောကျလား၊ မကျဘူးလားဆိုတာလည်း မေးလိုက်ပါ။ သူမဘက်က အဆင်မပြေဘူးဆိုရင် ဆက်မနှိပ်ပါနဲ့။ နှိပ်နေတဲ့အချိန်မှာ စကားတွေပြောနေလိုက်ပါ။

11. ဈေးမဝယ်ဘဲ ပစ္စည်းတွေကို လျှောက်ကြည့်ပါ။

အနီးဆုံး ဈေးဝယ်စင်တာတွေကို သွားပြီး အဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ စားစရာတွေကို မျက်စိအစာကျွေးပါ။ သင့်ကောင်မလေးကို ဝယ်ချင်တဲ့ပစ္စည်းတွေ စာရင်းလုပ်ထားဖို့ ပြောပါ။ နောက်ပြီး သင့်လက်ထဲမှာ ပိုက်ဆံရှိလာတာနဲ့ သူမ လိုချင်တဲ့ပစ္စည်းတွေ ဝယ်ပေးမယ်လို့ ကတိပေးလိုက်ပါ။

12. ကော်ဖီဖျော်ပေးပါ။

ကော်ဖီဖျော်တာ လွယ်ကူပါတယ်။ ဘာလို့ ကော်ဖီ မဖျော်ပေးနိုင်ရမှာလဲနော်။ သင့်ကောင်မလေးကို ကော်ဖီသောက်မလားလို့ မေးလိုက်ပါ။ သူမ လာကူညီပါလိမ့်မယ်။ တစ်ယောက်တစ်ငုံစီ ခွက်လဲသောက်ပါ။ ဘယ်လောက်တောင် သာယာလိုက်မလဲ။

သင့်ချစ်သူဟာ အရမ်း မပူဆာတတ်ဘူးဆိုရင်၊ သင့်အခြေအနေကို နားလည်ပေးတတ်သူဆိုရင် သင်ဟာ ကံကောင်းပါတယ်။ အရိုးရှင်းဆုံးအရာတွေ လုပ်ပေးမယ်ဆိုရင် သူမက ကျေနပ်ပျော်ရွှင်နေဦးမှာပါပဲ။ သင့်လက်ထဲမှာ ငွေခဏလေး ပြတ်တောက်နေတာကို စိတ်မကောင်းမဖြစ်ပါနဲ့။ ဒီလို ချစ်စရာကောင်းတဲ့အရာတွေ၊ ရင်ခုန်စရာကောင်းတဲ့အရာတွေက ပျော်စရာအမှတ်တရအဖြစ် ကျန်ရစ်ခဲ့မှာပါ။

Zombie (Lovemedia)

For Zawgyi

ပိုက္ဆံျပတ္ေနခ်ိန္မွာ သင့္ေကာင္မေလးနဲ႔အတူ ေပ်ာ္႐ႊင္စရာေတြ ဖန္တီးႏိုင္မယ့္ အခ်က္ ၁၂ ခ်က္

ပိုက္ဆံမရွိရင္ ေပ်ာ္႐ႊင္မႈကို ဝယ္လို႔မရဘူးလို႔ ေျပာၾကပါတယ္။ ဟုတ္ပါတယ္။ ပိုက္ဆံသာရွိရင္ သင့္ေကာင္မေလးကို တန္ဖိုးႀကီး လက္ေဆာင္ေတြနဲ႔ ဖူးဖူးမႈတ္ထားလို႔ ရပါတယ္။ အားလပ္ရက္ေတြမွာလည္း ေပ်ာ္ေပ်ာ္ပါးပါး လည္ပတ္လို႔ပါတယ္။ ဒါေပမယ့္ တစ္ခါတေလ သင့္အိတ္ကပ္ထဲမွာ ပိုက္ဆံလုံးဝမရွိတဲ့ အခ်ိန္ဆိုတာလည္း ရွိပါတယ္။ ပိုက္ဆံမကုန္ဘဲနဲ႔လည္း သင့္ေကာင္မေလးနဲ႔ ဒီလိုေပ်ာ္႐ႊင္စရာေလးေတြ ဖန္တီးလို႔ရပါတယ္ေနာ္။

1. သူမအတြက္ ဟင္းခ်က္ေပးပါ။

မီးဖိုခန္းထဲမွာရွိတဲ့ ပစၥည္းေလးေတြနဲ႔ အေကာင္းဆုံးဟင္းကို ခဏတာအတြင္း ခ်က္လို႔ရပါတယ္။ သင္ခ်က္တတ္တဲ့ဟင္းကို လက္စြမ္းျပပါ။ သင္ခ်က္တဲ့ဟင္းက သူမအတြက္ အရသာရွိေစၿပီး ေပ်ာ္႐ႊင္ေစမွာပါ။

2. DVD ေခြ ၾကည့္ပါ။

႐ုပ္ရွင္ၾကည့္ဖို႔မတတ္ႏိုင္ ဒီအခ်က္ကို မေမ့ပါနဲ႔။ သင္တို႔ႏွစ္ေယာက္လုံး ႐ုပ္ရွင္ကို အႀကိမ္တစ္ရာမက ၾကည့္ဖူးၾကပါလိမ့္မယ္။ DVD ေခြေတြ ၾကည့္ၿပီး ေပ်ာ္႐ႊင္စရာ အမွတ္တရေတြဆီကို အလည္ျပန္သြားပါ။ သင္သေဘာက်တဲ့ ဇာတ္ဝင္ခန္းေတြ၊ သင္တို႔ႏွစ္ေယာက္နဲ႔ တိုက္ဆိုင္တဲ့ ဇာတ္ဝင္ခန္းေတြ အေၾကာင္း ေျပာပါ။

3. လမ္းေလွ်ာက္ထြက္ပါ။

ဓာတ္ဆီထည့္ဖို႔ ေငြမလုံမေလာက္ျဖစ္ေနတာလား။ မပူပါနဲ႔။ သင့္ေကာင္မေလးကို ေခၚၿပီး လမ္းေလွ်ာက္ထြက္ပါ။ ရႈပ္ယွက္ခတ္ေနတဲ့ လမ္းေပၚမွာ လမ္းေလွ်ာက္တာထက္ ေလညင္းေတြ တိုက္ခတ္ေနတဲ့၊ ေအးခ်မ္းတဲ့ ကမ္းေျခမွာ လမ္းေလွ်ာက္တာ ပိုေကာင္းပါတယ္။ ေရာက္တတ္ရာရာ စကားေတြကိုလည္း ေျပာပါ။ အေရးႀကီးတဲ့ အေၾကာင္းအရာေတြကိုလည္း ေဆြးေႏြးပါ။ ဟာသေတြေျပာၿပီး လတ္ဆတ္တဲ့ေလကို ရႈရႈိက္ပါ။

4. စကားလုံးပေဟဠိေတြကို အတူတူေဆာ့ပါ။

စကားလုံးပေဟဠိေတြကို အတူတူေဆာ့တဲ့အခ်ိန္ဟာ ေႏြးေထြးမႈေတြ ေဝမွ်ႏိုင္တဲ့အခ်ိန္ပါပဲ။ သင့္ေကာင္မေလး အေပၚမွာထားတဲ့ သင့္ရဲ႕ခံစားခ်က္ေတြကို စကားလုံးဆက္တဲ့နည္းနဲ႔ ေဖာ္ျပရင္း ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးလို႔ရပါတယ္။

5. ၾကည္ႏူးဖြယ္ သီခ်င္းေလးေတြကို နားေထာင္ပါ။

သူမ ႏွစ္သက္တဲ့ သီခ်င္းေလးေတြကို အတူတူနားေထာင္ပါ။ ၿပီးေတာ့ သင္နဲ႔အတူ စုံတြဲအက ကဖို႔ ေျပာပါ။ အကနဲ႔ ႏူးညံ့တဲ့ဂီတကို ေပါင္းစပ္လိုက္တဲ့အခါ သင္တို႔ဟာ တစ္ေယာက္ကိုတစ္ေယာက္ ပိုၿပီးရင္းႏွီး ခ်စ္ခင္သြားပါလိမ့္မယ္။ ကေနတဲ့အခ်ိန္မွာ ေပ်ာ္႐ႊင္စရာ အမွတ္တရေလးေတြကို အျပန္အလွန္ေျပာပါ။

6. အနာဂတ္ ဘဝအေၾကာင္း ေဆြးေႏြးပါ။

သင္တို႔ရဲ႕အခ်စ္ေရးအေၾကာင္းကို ေဆြးေႏြးပါ။ အနာဂတ္ အစီအစဥ္ေတြနဲ႔ သင္ျဖစ္ခ်င္တဲ့ အရာေတြကို တိုင္ပင္ပါ။ သင္က အနာဂတ္အတြက္ အေလးအနက္ထားၿပီး ေျပာဆိုတဲ့အခါ သင့္ေကာင္မေလးက သိပ္ကို ေက်နပ္ေပ်ာ္႐ႊင္ပါလိမ့္မယ္။

7. အိမ္ကို အလွဆင္ပါ။

ပစၥည္းေပါက္စနေလးေတြကို စုေဆာင္းထားပါ။ ဒီပစၥည္းေတြက အိမ္ကို အလွဆင္တဲ့အခါ အေထာက္အကူျဖစ္မွာပါ။ လိုက္ကာေတြကို လဲလိုက္ပါ။ ဓာတ္ပုံမွန္ေဘာင္ေတြကို ေနရာေျပာင္းၿပီး ဗီ႐ိုကို ရွင္းပါ။ သင္အလွဆင္ထားတာကို သင့္ေကာင္မေလးက သေဘာက်ၿပီး တန္ဖိုးထားမွာပါ။

8. စာအုပ္ဖတ္ျပပါ။

ထူးျခားၿပီး စိတ္ကူးယဥ္လို႔ေကာင္းတဲ့ အခ်စ္ဝတၳဳေတြကို သင္ကႏွစ္သက္ၿပီး သင့္ေကာင္မေလးကိုလည္း ဒီစာအုပ္ေတြ ဖတ္ဖို႔ အႀကံေပးခ်င္ပါသလား။ သူမကို ဘာလို႔မဖတ္ျပႏိုင္ရမွာလဲ။ စက္႐ုပ္ႀကီးလိုေတာ့ မဖတ္ျပပါနဲ႔။ ခံစားခ်က္ေတြ၊ အမူအရာေတြနဲ႔ အသက္သြင္းၿပီး ဖတ္ျပပါ။ ၿပီးေတာ့ စာအုပ္ေပၚမွာထားတဲ့ သင့္ရဲ႕အျမင္ကိုလည္း ေဝမွ်ပါ။

9. Video game ေတြ ကစားပါ။

သင့္ေကာင္မေလးက Video game ေတြ ကစားရတာ သေဘာကခ်င္မွ က်ပါလိမ့္မယ္။ ပထမဆုံးအႀကိမ္ ဆိုရင္ေတာ့ သူမလည္း ျငင္းမွာ မဟုတ္ပါဘူး။ သင့္ေကာင္မေလးႀကိဳက္ေလာက္မယ့္ ဂိမ္းတစ္ခုကို ဖြင့္လိုက္ပါ။ ဂိမ္းအေၾကာင္းကို ရွင္းျပပါ။ ဂိမ္းေဆာ့တဲ့ေနရာမွာေတာ့ သင္ဟာ ခ်န္ပီယံပါပဲ။ ဒါေပမယ့္ သူမက အခုမွ စကစားတာဆိုေတာ့ သင္က အရႈံးေပးျခင္းျဖင့္ သူမအေပၚ လူႀကီးလူေကာင္း ပီသလိုက္ပါ။ ဂိမ္းေဆာ့လို႔ ႏိုင္လာရင္ ပိုၿပီးစိတ္ဝင္စားလာပါလိမ့္မယ္။

10. သူမကို ႏွိပ္ေပးပါ။

သူမရဲ႕ခႏၶာကိုယ္ကို ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ သေဘာက်လား၊ မက်ဘူးလားဆိုတာလည္း ေမးလိုက္ပါ။ သူမဘက္က အဆင္မေျပဘူးဆိုရင္ ဆက္မႏွိပ္ပါနဲ႔။ ႏွိပ္ေနတဲ့အခ်ိန္မွာ စကားေတြေျပာေနလိုက္ပါ။

11. ေဈးမဝယ္ဘဲ ပစၥည္းေတြကို ေလွ်ာက္ၾကည့္ပါ။

အနီးဆုံး ေဈးဝယ္စင္တာေတြကို သြားၿပီး အဝတ္အစားေတြ၊ အသုံးအေဆာင္ပစၥည္းေတြ၊ စားစရာေတြကို မ်က္စိအစာေကြၽးပါ။ သင့္ေကာင္မေလးကို ဝယ္ခ်င္တဲ့ပစၥည္းေတြ စာရင္းလုပ္ထားဖို႔ ေျပာပါ။ ေနာက္ၿပီး သင့္လက္ထဲမွာ ပိုက္ဆံရွိလာတာနဲ႔ သူမ လိုခ်င္တဲ့ပစၥည္းေတြ ဝယ္ေပးမယ္လို႔ ကတိေပးလိုက္ပါ။

12. ေကာ္ဖီေဖ်ာ္ေပးပါ။

ေကာ္ဖီေဖ်ာ္တာ လြယ္ကူပါတယ္။ ဘာလို႔ ေကာ္ဖီ မေဖ်ာ္ေပးႏိုင္ရမွာလဲေနာ္။ သင့္ေကာင္မေလးကို ေကာ္ဖီေသာက္မလားလို႔ ေမးလိုက္ပါ။ သူမ လာကူညီပါလိမ့္မယ္။ တစ္ေယာက္တစ္ငုံစီ ခြက္လဲေသာက္ပါ။ ဘယ္ေလာက္ေတာင္ သာယာလိုက္မလဲ။

သင့္ခ်စ္သူဟာ အရမ္း မပူဆာတတ္ဘူးဆိုရင္၊ သင့္အေျခအေနကို နားလည္ေပးတတ္သူဆိုရင္ သင္ဟာ ကံေကာင္းပါတယ္။ အ႐ိုးရွင္းဆုံးအရာေတြ လုပ္ေပးမယ္ဆိုရင္ သူမက ေက်နပ္ေပ်ာ္႐ႊင္ေနဦးမွာပါပဲ။ သင့္လက္ထဲမွာ ေငြခဏေလး ျပတ္ေတာက္ေနတာကို စိတ္မေကာင္းမျဖစ္ပါနဲ႔။ ဒီလို ခ်စ္စရာေကာင္းတဲ့အရာေတြ၊ ရင္ခုန္စရာေကာင္းတဲ့အရာေတြက ေပ်ာ္စရာအမွတ္တရအျဖစ္ က်န္ရစ္ခဲ့မွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments