ကျန်းမာရေးနှင့် မညီညွတ်ဟု လွဲမှားစွာ ယူဆထားကြသည့် အစားအစာ (၇) မျိုး

အစားအသောက်တွေကို စားတဲ့အခါ အာဟာရ ပြည့်ဖို့က အဓိကပါ။ တချို့ အစားအစာတွေကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ နှစ်ပေါင်းများစွာ ယူဆလာကြပါတယ်။ တကယ်တော့ အဲဒီအစားအစာတွေက ခန္ဓာကိုယ်အာဟာရအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

7. ဆား

ဆားက ကျန်းမာရေးအတွက် မကောင်းဘူးလို့ နှစ်ပေါင်းများစွာ ယုံကြည်လာကြပါတယ်။ဆားက သွေးတိုးရောဂါ၊ နှလုံးနဲ့ကျောက်ကပ်ရောဂါ စတဲ့ပြဿနာတွေ ဖြစ်စေတယ်လို့ အရင်က ယူဆကြပါတယ်။

2000 ခုနှစ်က လေ့လာချက်တွေအရ ဆားလျှော့စားခြင်းက သွေးတိုးရောဂါ၊ နှလုံးရောဂါတို့နဲ့ ဆက်စပ်မှုမရှိပါဘူး။ တကယ်တော့ ဆားကို မစားတော့ရင် ခန္ဓာကိုယ်က ဟော်မုန်းနဲ့အင်ဇိုင်းထုတ်တာများပြီး သွေးတိုးရောဂါဖြစ်စေမှာပါ။

6. ကြက်ဥ

ကြက်ဥကို အကန့်အသတ်နဲ့ စားသင့်တယ်လို့ ပြောကြပါတယ်။ ကြက်ဥအစားများတဲ့အခါ သွေးကြောပိတ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ ဆီးချိုရောဂါတွေ ဖြစ်တယ်လို့ ယူဆကြပါတယ်။ဆယ်စုနှစ်တစ်စုကြာတဲ့အခါမှာ သိပ္ပံပညာရှင်တွေက ကြက်ဥကို အကန့်အသတ်နဲ့ မစားသင့်ကြောင်း ပြောခဲ့ကြပါတယ်။

တကယ်တော့ ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရောဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကြက်ဥမှာ ကောင်းတဲ့ ကိုလက်စထရော ပါဝင်ပါတယ်။ဒါ့အပြင် ကြက်ဥမှာ သံဓာတ်၊ ပရိုတိန်း၊ အင်တီအောက်ဆီးဒင့်နဲ့ မျက်စိ အတွင်းတိမ့်ဖြစ်တာကို ကာကွယ်ပေးတဲ့ zeaxanthin တို့ ပါဝင်ပါတယ်။

5. ပေါက်ပေါက်

ပေါက်ပေါက်က အာဟာရမမြောက်တဲ့ အစားအစာလို့ နှစ်ပေါင်းများစွာကြာ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပေါက်ပေါက်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က အသီးအနှံတွေထက်ကို ပိုပါတယ်။ ပြီးတော့ ပေါက်ပေါက်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က နှလုံးရောဂါနဲ့ ကင်တာရောဂါဖြစ်နိုင်ချေကို နည်းစေပါတယ်။

ပြီးတော့ ပေါက်ပေါက်မှာ ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။ ဒါပေမယ့် ဓာတုဆေးတွေနဲ့ ပြုလုပ်ထားတဲ့ ပေါက်ပေါက်ကတော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူးနော်။ အိမ်မှာလုပ်တဲ့ ပေါက်ပေါက်က အကောင်းဆုံးပါပဲ။

4. နွားနို့

လူအများစုက ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆိုပြီး အဆီထုတ်ထားတဲ့ နွားနို့ကို သောက်ကြ ပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာချက်တွေ အရ အဆီ ပါဝင်တဲ့ နွားနို့က ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပြီး ကင်တာရောဂါတွကို ခံနိုင်ရည် ရှိစေပါတယ်။ ပြီးတော့ အဆီပါဝင်တဲ့ နွားနို့က ခန္ဓာကိုယ်ကို ကျစ်လျစ်စေပြီး ဆီးချိုရောဂါဖြစ်နိုင်ချေ ကိုလည်း လျှော့ချပေးပါတယ်။

3. ကော်ဖီ

ကော်ဖီက သွေးတိုးရောဂါ၊ နှလုံးရောဂါတွေကို ဖြစ်စေပြီး အာရုံကြောစနစ်ကို ပျက်စီးစေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာချက်တွေ အရ ကော်ဖီသောက်ခြင်းက တကယ်တော့ နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ဖြစ်နိုင်ချေ နည်းစေပါတယ်။ ကော်ဖီသောက်သူတွေက အသည်းရွတ်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းကြပါတယ်။

2. ဆန်လုံးဖြူ

ဆန်လုံးဖြူရဲ့အားသာချက်တွေက အများကြီးပါပဲ။

- ဆန်လုံးဖြူက အစာချေရတာ လွယ်ကူပြီး အဆိပ်အတောက်တွေကို စုပ်ယူဖို့ ကူညီပေးပါတယ်။ ဗိုက်နာနေတဲ့သူ ဆိုရင် ဆန်လုံးဖြူကို စားဖို့ သင့်တော်ပါတယ်။

- ဆန်လုံးဖြူမှာ အသားဓာတ် မပါဝင်ပါဘူး။

- အစာချေမှုနဲ့ ပတ်သက်ပြီး ပြဿနာတွေကိုလည်း ကာကွယ်ပေး ပါတယ်။

1. Pizza

ပီဇာကို အိမ်မှာပဲ လုပ်စားရင် ကျန်းမာရေးနဲ့ သင့်တော် ပါတယ်။ပီဇာကို ဂျုံနဲ့ အဓိက ပြုလုပ်ပြီး အသီးအရွက်တွေလည်း ထည့်ထားတာဖြစ်လို့ အာဟာရဓာတ်တွေက အများကြီး ပါဝင်ပါတယ်။

Bonus

ချောကလက်ကို ကျန်းမာရေးရဲ့ရန်သူလို့ ထင်ကြပါတယ်။ ကိုကိုးမှုန့် 70% အောက်မနည်း ပါဝင်တဲ့ အနက်ရောင် ချောကလက်က သွေးကြောတွေကို ပြုပြင်ပေးလို့ နှလုံးနဲ့သွေးလည်ပတ်မှုတွေ အတွက် ကောင်းပါတယ်။

- မကောင်းတဲ ကိုလက်စထရောတွေ ကိုလည်း လျှော့ချပေး ပါတယ်။

- သက်ကြီးရွယ်အိုတွေရဲ့ မှတ်ဉာဏ်တွေ ကိုလည်း ပြန်လည် ထက်မြက်လာစေ ပါတယ်။

- လေဖြတ်နိုင်ချေ ကိုလည်း နည်းစေပါတယ်။

အနက်ရောင် ချောကလက်က ဆီးချိုရောဂါကိုလည်း ကာကွယ်ပေး ပါတယ်။

Zombie (Lovemedia)

For Zawgyi

က်န္းမာေရးႏွင့္ မညီၫြတ္ဟု လြဲမွားစြာ ယူဆထားၾကသည့္ အစားအစာ (၇) မ်ိဳး

အစားအေသာက္ေတြကို စားတဲ့အခါ အာဟာရ ျပည့္ဖို႔က အဓိကပါ။ တခ်ိဳ႕ အစားအစာေတြကို က်န္းမာေရးနဲ႔ မညီၫြတ္ဘူးလို႔ ႏွစ္ေပါင္းမ်ားစြာ ယူဆလာၾကပါတယ္။ တကယ္ေတာ့ အဲဒီအစားအစာေတြက ခႏၶာကိုယ္အာဟာရ အတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။

7. ဆား

ဆားက က်န္းမာေရးအတြက္ မေကာင္းဘူးလို႔ ႏွစ္ေပါင္းမ်ားစြာ ယုံၾကည္လာၾကပါတယ္။ဆားက ေသြးတိုးေရာဂါ၊ ႏွလုံးနဲ႔ေက်ာက္ကပ္ေရာဂါ စတဲ့ျပႆနာေတြ ျဖစ္ေစတယ္လို႔ အရင္က ယူဆၾကပါတယ္။

2000 ခုႏွစ္က ေလ့လာခ်က္ေတြအရ ဆားေလွ်ာ့စားျခင္းက ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါတို႔နဲ႔ ဆက္စပ္မႈမရွိပါဘူး။ တကယ္ေတာ့ ဆားကို မစားေတာ့ရင္ ခႏၶာကိုယ္က ေဟာ္မုန္းနဲ႔အင္ဇိုင္းထုတ္တာမ်ားၿပီး ေသြးတိုးေရာဂါျဖစ္ေစမွာပါ။

6. ၾကက္ဥ

ၾကက္ဥကို အကန႔္အသတ္နဲ႔ စားသင့္တယ္လို႔ ေျပာၾကပါတယ္။ ၾကက္ဥအစားမ်ားတဲ့အခါ ေသြးေၾကာပိတ္ေရာဂါ၊ ႏွလုံးေရာဂါ၊ ေလျဖတ္ေရာဂါနဲ႔ ဆီးခ်ိဳေရာဂါေတြ ျဖစ္တယ္လို႔ ယူဆၾကပါတယ္။ဆယ္စုႏွစ္တစ္စုၾကာတဲ့အခါမွာ သိပၸံပညာရွင္ေတြက ၾကက္ဥကို အကန႔္အသတ္နဲ႔ မစားသင့္ေၾကာင္း ေျပာခဲ့ၾကပါတယ္။

တကယ္ေတာ့ ေကာင္းတဲ့ ကိုလက္စထေရာနဲ႔ မေကာင္းတဲ့ ကိုလက္စထေရာဆိုၿပီး ႏွစ္မ်ိဳး ရွိပါတယ္။ ၾကက္ဥမွာ ေကာင္းတဲ့ ကိုလက္စထေရာ ပါဝင္ပါတယ္။ဒါ့အျပင္ ၾကက္ဥမွာ သံဓာတ္၊ ပ႐ိုတိန္း၊ အင္တီေအာက္ဆီးဒင့္နဲ႔ မ်က္စိ အတြင္းတိမ့္ျဖစ္တာကို ကာကြယ္ေပးတဲ့ zeaxanthin တို႔ ပါဝင္ပါတယ္။

5. ေပါက္ေပါက္

ေပါက္ေပါက္က အာဟာရမေျမာက္တဲ့ အစားအစာလို႔ ႏွစ္ေပါင္းမ်ားစြာၾကာ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေပါက္ေပါက္မွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္က အသီးအႏွံေတြထက္ကို ပိုပါတယ္။ ၿပီးေတာ့ ေပါက္ေပါက္မွာ ပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္က ႏွလုံးေရာဂါနဲ႔ ကင္တာေရာဂါျဖစ္ႏိုင္ေခ်ကို နည္းေစပါတယ္။

ၿပီးေတာ့ ေပါက္ေပါက္မွာ ကယ္လိုရီပါဝင္မႈလည္း နည္းပါတယ္။ ဒါေပမယ့္ ဓာတုေဆးေတြနဲ႔ ျပဳလုပ္ထားတဲ့ ေပါက္ေပါက္ကေတာ့ က်န္းမာေရးနဲ႔ မညီၫြတ္ပါဘူးေနာ္။ အိမ္မွာလုပ္တဲ့ ေပါက္ေပါက္က အေကာင္းဆုံးပါပဲ။

4. ႏြားႏို႔

လူအမ်ားစုက က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ဆိုၿပီး အဆီထုတ္ထားတဲ့ ႏြားႏို႔ကို ေသာက္ၾက ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က ေလ့လာခ်က္ေတြ အရ အဆီ ပါဝင္တဲ့ ႏြားႏို႔က ခႏၶာကိုယ္ အတြက္ လိုအပ္တဲ့ အာဟာရေတြကို ျဖည့္ေပးၿပီး ကင္တာေရာဂါတြကို ခံႏိုင္ရည္ ရွိေစပါတယ္။ ၿပီးေတာ့ အဆီပါဝင္တဲ့ ႏြားႏို႔က ခႏၶာကိုယ္ကို က်စ္လ်စ္ေစၿပီး ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ် ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

3. ေကာ္ဖီ

ေကာ္ဖီက ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါေတြကို ျဖစ္ေစၿပီး အာ႐ုံေၾကာစနစ္ကို ပ်က္စီးေစတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က ေလ့လာခ်က္ေတြ အရ ေကာ္ဖီေသာက္ျခင္းက တကယ္ေတာ့ ႏွလုံးေရာဂါနဲ႔ အ႐ြယ္မတိုင္ခင္ ေသဆုံးျခင္းကို ျဖစ္ႏိုင္ေခ် နည္းေစပါတယ္။ ေကာ္ဖီေသာက္သူေတြက အသည္း႐ြတ္ေရာဂါ၊ အယ္လ္ဇိုင္းမားေရာဂါ၊ ဆီးခ်ိဳေရာဂါေတြ ျဖစ္ဖို႔ ရာခိုင္ႏႈန္းနည္းၾကပါတယ္။

2. ဆန္လုံးျဖဴ

ဆန္လုံးျဖဴရဲ႕အားသာခ်က္ေတြက အမ်ားႀကီးပါပဲ။

- ဆန္လုံးျဖဴက အစာေခ်ရတာ လြယ္ကူၿပီး အဆိပ္အေတာက္ေတြကို စုပ္ယူဖို႔ ကူညီေပးပါတယ္။ ဗိုက္နာေနတဲ့သူ ဆိုရင္ ဆန္လုံးျဖဴကို စားဖို႔ သင့္ေတာ္ပါတယ္။

- ဆန္လုံးျဖဴမွာ အသားဓာတ္ မပါဝင္ပါဘူး။

- အစာေခ်မႈနဲ႔ ပတ္သက္ၿပီး ျပႆနာေတြကိုလည္း ကာကြယ္ေပး ပါတယ္။

1. Pizza

ပီဇာကို အိမ္မွာပဲ လုပ္စားရင္ က်န္းမာေရးနဲ႔ သင့္ေတာ္ ပါတယ္။ပီဇာကို ဂ်ဳံနဲ႔ အဓိက ျပဳလုပ္ၿပီး အသီးအ႐ြက္ေတြလည္း ထည့္ထားတာျဖစ္လို႔ အာဟာရဓာတ္ေတြက အမ်ားႀကီး ပါဝင္ပါတယ္။

Bonus

ေခ်ာကလက္ကို က်န္းမာေရးရဲ႕ရန္သူလို႔ ထင္ၾကပါတယ္။ ကိုကိုးမႈန႔္ 70% ေအာက္မနည္း ပါဝင္တဲ့ အနက္ေရာင္ ေခ်ာကလက္က ေသြးေၾကာေတြကို ျပဳျပင္ေပးလို႔ ႏွလုံးနဲ႔ေသြးလည္ပတ္မႈေတြ အတြက္ ေကာင္းပါတယ္။

- မေကာင္းတဲ ကိုလက္စထေရာေတြ ကိုလည္း ေလွ်ာ့ခ်ေပး ပါတယ္။

- သက္ႀကီး႐ြယ္အိုေတြရဲ႕ မွတ္ဉာဏ္ေတြ ကိုလည္း ျပန္လည္ ထက္ျမက္လာေစ ပါတယ္။

- ေလျဖတ္ႏိုင္ေခ် ကိုလည္း နည္းေစပါတယ္။

အနက္ေရာင္ ေခ်ာကလက္က ဆီးခ်ိဳေရာဂါကိုလည္း ကာကြယ္ေပး ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments