ဆရာနေမင်းသူရ၏ ၇လပိုင်းအတွက် တစ်လစာဟောစာတမ်း
(၁.၇.၂၀၂၁) မှ (၃၁.၇.၂၀၂၁) ထိ (၇လပိုင်း) အတွက် တစ်လစာဟောစာတမ်း
ခုနှစ်ရက်သား၊ သမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကောင်းခြင်းသုခအဖြာဖြာ နှင့် ပြည့်စုံကြပါစေ
အားလုံးစောင့်မျှော်နေကြတဲ့ ခုနှစ်ရက် သားသမီးများအတွက် (၁.၇.၂၀၂၁) မှ (၃၁.၇.၂၀၂၁) ထိ တစ်လစာဟောစာတမ်းကို ဆရာနေမင်းသူရမှ ကိုယ်တိုင်တွက်ချက်ပြီး တင်ပေးလိုက်ပါပြီ။
ဆရာနေမင်းသူရ 09-2014824
ဆရာနေမင်းသူရ မှ မေတ္တာစေတနာဖြင့် ကိုယ်တိုင်တွက်ချက်ရေးသားသည်။
တနင်္ဂနွေသားသမီးများ
စီးပွားရေး၊ လူမှုရေး ။ ။ ဒီတစ်လအတွင်း စီးပွားရေး အလုပ်အကိုင် လုပ်ငန်းနှင့် ပတ်သက်ပြီး စိတ်လေတာမျိုး၊ စိတ်ညစ်ရတာမျိုးကြုံမည်။ ငွေရေးကြေးရေးကိစ္စများ အဆင်မပြေဖြစ်မည်။ လုပ်ငန်းထဲတွင် ကိုယ်လုပ်သလောက်၊ ကိုင်သလောက် ကိုယ်ကြိုးစားသလောက် ဘာတစ်ခုမှ အဆင်ပြေမှု အားကျမှု ရရှိမည် မဟုတ်ပါ။ အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်ပါသည်။ ရန်များမည် (အထူးဂရုစိုက်ပါ)။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားတိုက်ဆိုင်မှု လွဲမည်။ အိမ်ထောင်ရေးသုခ အသင့်တင့်သာ ရှိမည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ကြားလူအဖျက်၊ အနောက်အယှက်ကြောင့် အချစ်ရေး အဆင်မပြေတာမျိုးကြုံမည်။ အချစ်ကံ ညံ့နေသောကာလပါ။
ပညာရေး ။ ။ ကျောင်းသူ၊ကျောင်းသားများ ပညာရေးတွင် မျှော်မှန်းချက် ပြည့်စုံမည်။ ဝန်ထမ်းသင်တန်းများ အောင်မြင်မှု ရမည်။
ကျန်းမာရေး ။ ။ အထူးသဖြင့် ခြေထောက်၊ ခါး၊ ဒူး သတိထားပါ။ ထိခိုက်ဒဏ်ရာ ရတတ်ပါသည်။ ကျန်းမာရေးကြောင့် ဆေးရုံ၊ ဆေးခန်းသွားရတတ်သည်။
အကျိုးပေးဂဏန်း ။ ။ ၃/ ၆ / ၈
ယတြာ ။ ။ အိမ်ဘုရားတွင် ထန်းလျက် (၇ခဲ)၊ ကံ့ကော်ညွှန့် (၈ညွှန့်) ကပ်လှူပူဇော်ပါ။
တနင်္လာသားသမီးများ
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း လုပ်ငန်းသစ်များပေါ်ခြင်း၊ လုပ်ငန်းနှင့်ပတ်သက်ပြီး နာမည်ကောင်းရခြင်း ၊နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းများ လုပ်ရတတ်ပါသည်။ ငွေအစုလိုက် အပုံလိုက်ဝင်လာလိမ့်မည်။ ငွေဝင်သလောက် လက်ထဲမြဲမှာ မဟုတ်ပါဘူး၊ ရတာထက်ကုန်တာ
များလိမ့်မည်။ အထက်လူကြီးများ၏ အထောက်အပံ့ အကူအညီ ရတတ်ပါသည်။ ဆုံးရှုံးထားသော ငွေကြေးများအတွက် ပြောဆိုဆောင်ရွက်ရန် အခါသင့်သည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသရှေ့ထားကာ စကားများရတတ်သည်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတဲ့ စကားအတိုင်းပင်ဖြစ်မည်။ ငယ်ရွယ်သူများ အချစ်ရေးနှင့် ပတ်သက်ပြီး အဆင်မပြေတပြေဖြစ်မည်။ ချစ်သူကြောင့် စိတ်သောက ရောက်မည်။ စိတ်ညစ်မည်။
ပညာရေး ။ ။ ကျောင်းသူကျောင်းသားများ ပညာရေးမှာအတွေးသစ်တွေ ရရှိပြီး တိုးတက်လာမည်။ ပညာရေးအထူးကံကောင်းမည်။
ကျန်းမာရေး ။ ။ မကြာခဏ ခေါင်းကိုကိုက်တာမျိုး၊ထုံတာကျင်တာမျိုးဖြစ်တတ်သည်။ အထူးသဖြင့် ဗိုက်ရောဂါ ဂရုစိုက်ပေးပါ။ ကျန်းမာရေး အညံ့ကြုံတတ်ပါသည်။
အကျိုးပေးဂဏန်း ။ ။ ၁ / ၅ / ၉
ယတြာ ။ ။ စေတီဘုရားသွားပြီး တနင်္ဂနွေထောင့်တွင် ပန်းအဖြူ (၇ပွင့်) (သို့) အုန်းထမင်းကပ်လှူပူဇော်ပြီး မိမိ သက်စေ့ ရေလောင်ပေးပါ။
အင်္ဂါသားသမီးများ
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း လုပ်ငန်းကိစ္စများ အပြီးမသတ်နိုင်ဘဲ တစ်ပိုင်းတစ်စဖြစ်မည်။ အလုပ်ခွင်ထဲတွင် လက်အောက်ငယ်သားများကြောင့် စိတ်အနှောက်အယှက်ဖြစ်မည်။ အလုပ်အသစ်၊ လုပ်ငန်းအသစ် လုပ်ချင်စိတ်ပေါက်မည်။ လုပ်နေသော အလုပ်တစ်ခုကိုဘဲ စိတ်ရှည် သီးခံပြီး လုပ်သင့်ပါသည်။ အရင်းနှီးဆုံး အပေါင်းအသင်း သူငယ်ချင်းများနှင့် စိတ်ဝမ်းကွဲတာမျိုးဖြစ်မည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရေး သုခ အသင့်တင့်သာရှိမည်။ အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ရမည်။ ငယ်ရွယ်သူများအချစ်ရေးတွင် မိဘ၊ ကြီးကဲသူများကြောင့် အချစ်ရေး အဆင်မပြေဖြစ်မည်။
ပညာရေး ။ ။ ပညာရေးတွင် ကိုယ်ကြိုးစားထားသလောက် အောင်မြင်မှုရရှိနိုင်မည်မဟုတ်ပါ။ ပညာရေးနဲ့ပတ်သက်ပြီး အပြိုင်အဆိုင်များမည်။
ကျန်းမာရေး ။ ။ ထိခိုက်ဒဏ်ရာအသေးလေးတွေ ရလွယ်တတ်ပါသည်။ ဆိုင်ကယ်မောင်း၊ ကားမောင်းလျှင်အထူးသတိထားပါ။
အကျိုးပေးဂဏန်း ။ ။ ၂ / ၆ / ဝ
ယတြာ ။ ။ တနင်္ဂနွေနေ့တိုင်း ရှောက်သီးသုတ် (သို့) မြေပဲယို ဘုရားတွင်ကပ်လှူပူဇော်ပါ။
ဗုဒ္ဓဟူးသားသမီးများ
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း ကိုယ်မထင်ထားသော လုပ်ငန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။ လုပ်ငန်းစီးပွားရေးနှင့်ပတ်သက်ပြီး စပ်တူရှယ်ယာကိစ္စများ လုံးဝ မလုပ်သင့်တဲ့ကာလပါ။ ကြံစည်တာတွေ၊ ရည်ရွယ်တာတွေ အကောင်ထည်ဖော်နိုင်မည်။ လုပ်ငန်းထဲတွင် အထက်လူကြီးများ၏ အထာက်အပံ့အကူညီရတတ်ပါသည်။ မနာလိုသူများမည်။ လူမုန်းများမည် (အထူးဂရုစိုက်ပါ)။ ခရီးဝေးများသွားရတတ်သည်။ မိသားစုကြောင့် စိတ်ဆင်းရဲရတာမျိုး ကြုံမည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိမည်။ ရံဖန်ရံခါ အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ထွေးတက်သော်လည်း အိမ်ထောင်ရေးသုခနှင့် ပြည့်စုံမည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ချစ်သူ၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။
ပညာရေး ။ ။ ကျောင်းသူကျောင်းသားများ ပညာရေးတွင် ကြိုးစားသလောက် အောင်မြင်မှုရမည်။ ပညာရေးနှင့်ပတ်သက်သော သင်တန်းများ တတ်ရောက်ရမည်။
ကျန်းမာရေး ။ ။ ဆီးနှင့်ပတ်သက်သောရောဂါ ၊ မျက်စိရောဂါ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ။ ။ ၄ / ၈ / ၉
ယတြာ ။ ။ အိမ်ဘုရားတွင် အုန်းညွှန့် (၁၀ညွှန့်) , ပန်းအနီ (၅ပွင့်) ကပ်လှူပူဇော်ပါ။
ကြာသပတေးသားသမီးများ
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း လုပ်ငန်းထဲတွင် ကိုယ်လုပ်သလောက်၊ ကိုင်သလောက် ကိုယ်ကြိုးစားသလောက် ဘာတစ်ခုမှ အဆင်ပြေမှု အားကျမှု ရရှိမည် မဟုတ်ပါ။ အဝေးဒေသမှ လူမျိုးကွဲ (သို့) တိုင်းရင်းသားများနှင့် အဆက်အသွယ်ကောင်း ရရှိမည်။ အတိုက်အခံ အပြိုင်အဆိုင်တွေကို အနိုင်ရမည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ရမည်။ အိမ်ထောင်ရေး သုခ အသင့်တင့်သာရှိမည်။ ငယ်ရွယ်သူများ ချစ်သူကြောင့် စိတ်သောက ရောက်မည်။ စိတ်ညစ်မည်။ အချစ်ရေးနှင့် ပတ်သက်ပြီး အဆင်မပြေတပြေဖြစ်မည်။
ပညာရေး ။ ။ ပညာရေး အထူးကံကောင်းမည်။ ကျောင်းသူကျောင်းသားများ ပညာရေးမှာ အတွေးသစ်တွေ ရရှိပြီး တိုးတက်လာမည်။
ကျန်းမာရေး ။ ။ ကျန်းမာရေး အညံ့ကြုံတတ်ပါသည်။ ဗိုက်၊ ခါး၊ ဒူး အထူးဂရုစိုက်ပါ။
အကျိုးပေးဂဏန်း ။ ။ ၆ / ၈ / ၁
ယတြာ ။ ။ နဂါးရုံးဘုရားမှာ ထန်းလျက်ခဲ (၁၀) ခဲကို စက္ကူကတော့ထဲထည့်ပြီး ကပ်လှူ ပေးပါ။
သောကြာသားသမီးများ
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း စီးပွားရေးနှင့် ပတ်သက်ပြီး လုပ်ငန်းတွင် အပြိုင်အဆိုင်တွေများနေမည်။ ဖောက်သည်ကောင်း၊ အဆက်အသွယ်ကောင်းများကြောင့် ဝင်ငွေကောင်းမည်။ စပ်တူလုပ်ငန်းများ စကားများရခြင်း၊ အရှုံးပေါ်ခြင်း ဖြစ်တက်ပါသည်။ မကြာခဏ ခရီးဝေးများသွားရမည်။ မိသားစုကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်မည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိမည်။ ရံဖန်ရံခါ ချစ်သူကြောင့် စိတ်ရှုပ်ထွေးရတက်ပါသည်။
ပညာရေး ။ ။ ပညာရေးနှင့်ပတ်သက်သော သင်းတန်းများ တတ်ရောက်ရမည်။ ကျောင်းသူ၊ကျောင်းသားများ ပညာရေးတွင် မျှော်မှန်းချက် ပြည့်စုံမည်။
ကျန်းမာရေး ။ ။ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘယ်ဘက်ခြမ်း တစ်ခြမ်း ဂရုစိုက်ပါ။ မကြာခဏ ကိုက်ခဲတက်သည်။
အကျိုးပေးဂဏန်း ။ ။ ၉ / ၁ / ၇
ယတြာ ။ ။ မိမိမွေးနေ့ရက်တွင် အုန်းသီး (၆ စိပ်) ကို ဘုရားတစ်ဆူဆူတွင် ကပ်လှူပူဇော်ပါ။
စနေသားသမီးများ
စီးပွားရေး၊ လူမူရေး ။ ။ ဒီတစ်လအတွင်း မျှော်လင့်မထားသော လုပ်ငန်းကိစ္စများ အထူးအဆင်ပြေလိမ့်မည်။ ဆုံးရှုံးထားသောငွေများ၊ လက်လွန်ထားသောငွေများ လက်ထဲတွင် ရရှိမည်။ ငွေချေးငွေငှားကိစ္စ လုံးဝ မလုပ်သင့်တဲ့ကာလပါ။ နာမည်ဂုဏ်သတင် းကျော်ဇောမည်။ ရန်များမည် (မေတ္တာဖြင့် ဖြေရှင်းပါ)။ မိမိယုံကြည်ရတယ် ဆိုတဲ့သူက ဒုက္ခပေးမည်။ မိသားစုကြောင့် စိတ်ပျော်ရွှင်စရာများကြုံမည်။
အိမ်ထောင်ရေး၊ အချစ်ရေး ။ ။ အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ ရန်ဖြစ်ရတတ်ပါသည်။ ငယ်ရွယ်သူများ အချစ်ရေးမှာ အေးတိအေးစက်ဖြစ်နေသဖြင့် စိတ်အလိုမကျဖြစ်နေမည်။ အပျိုကြီးတွေ စန်းပွင့်ပြီး ရင်ခုန်စရာ ကြုံလာတတ်ပါသည်။
ပညာရေး ။ ပညာအထူးကံကောင်းမည်။ မိမိကြိုးစားသလောက် အောင်မြင်မှုရမည်။
ကျန်းမာရေး ။ ။ ကျန်းမာရေးနှင့် ပတ်သက်ပြီး အညံ့ဖြစ်မည်။ ခေါင်း၊ ခါး၊ မျက်စိ၊ ခြေထောက် အထူးဂရုစိုက်ပေးပါ။
အကျိုးပေးဂဏန်း ။ ။ ၇ / ၃ / ၈
ယတြာ ။ ။ ဘုရားတစ်ဆူဆူရဲ့ အင်္ဂါထောင့်တွင် အမွှေးနံ့သာ ပက်ဖျန်းပြီး ရေသပ္ပါယ်ပူဇော်ပါ။
ဆရာနေမင်းသူရ
For Zawgyi
အကျိုးပေးဂဏန်း ။ ။ ၃/ ၆ / ၈
တနင်္လာသားသမီးများ
အကျိုးပေးဂဏန်း ။ ။ ၁ / ၅ / ၉
အင်္ဂါသားသမီးများ
အကျိုးပေးဂဏန်း ။ ။ ၂ / ၆ / ဝ
ဗုဒ္ဓဟူးသားသမီးများ
အကျိုးပေးဂဏန်း ။ ။ ၄ / ၈ / ၉
ကြာသပတေးသားသမီးများ
အကျိုးပေးဂဏန်း ။ ။ ၆ / ၈ / ၁
သောကြာသားသမီးများ
အကျိုးပေးဂဏန်း ။ ။ ၉ / ၁ / ၇
စနေသားသမီးများ
အကျိုးပေးဂဏန်း ။ ။ ၇ / ၃ / ၈
ဆရာနေမင်းသူရ
Post a Comment
0 Comments