ပိုက်ဆံကိုမက်တဲ့မိန်းမနဲ့ ပိုက်ဆံရှိတဲ့ယောကျ်ားကို မက်တဲ့မိန်းမ

ပိုက်ဆံကို မက်တဲ့ မိန်းမနဲ့ ၊ ပိုက်ဆံ ရှိတဲ့ ယောကျာ်းကို မက်တဲ့ မိန်းမ ။ အဲဒီ နှစ်ခုက တူသလိုလိုနဲ့ လုံးဝ မတူပါဘူးနော် ။

(၁) ပိုက်ဆံကိုမက်တဲ့ မိန်းမ ဆိုတာက သာမာန်ပါပဲ ။ သူက ကိုယ်လိုချင်တာ ၊ သုံးချင်တာ ကိုယ့်ရဲ့ demand ကို ရိုးသားတဲ့ နည်းလမ်း ဖြူစင် သန့်ရှင်းတဲ့ ပိုက်ဆံကို ရှာပြီး ကိုယ့်ဟာကိုယ် supply လုပ်တယ် ဖြည့်စည်းတယ် ။ ဘယ်သူ့ အကူအညီမှ မလိုဘူး ။ ဘယ်သူ ပစ်ကျွေးတာကိုမှ အငမ်းမရ လိုက်ကောက် စားနေရတဲ့ သူမျိုးတွေ မဟုတ်ဘူး ။ အဲ့ဒီလိုမျိုး မိန်းမတွေ အတွက် လိုအပ်တာ အရည်အချင်းပဲ ။

(၂) ပိုက်ဆံရှိတဲ့ ယောကျာ်းကို မက်တဲ့ မိန်းမ ဆိုတာကတော့ ယောကျ်ား တယောက်က တွေ့လိုက်တာနဲ့ သူဘာကား စီးလဲ ပိုက်ဆံ ဘယ်လောက် သုံးနိုင်လဲ ။ ဘာတွေ ဝယ်ပေးနိုင်လဲ ။ မုန့်ဖိုးဘယ်လောက်ရလဲ ရေလျှံလား ဘယ်သူရဲ့ သားလဲ ၊ ဘာလဲ ဆိုတာကို ကြည့်တယ် ။

သူတို့ လိုချင်တဲ့ demand ကို ကိုယ့်အစွမ်းအစနဲ့ ကိုယ် supply မလုပ်နိုင်ဘူး ။ ကျလာမယ့် ရေကိုပဲ ပါးစပ်လေး ဟပြီး ခံနေရတာ ။ အဲ့ဒီလို မိန်းမတွေက အရမ်း သက်သာတာ ။ ဘာမှ ကြိုးစားစရာ မလိုဘူး ။ ရုပ်ရည်ဖြင့်သော် လည်းကောင်း ၊ အပြောအဆို အချွဲအပြစ်နဲ့သော် လည်းကောင်း ၊ အသွေး အသားဖြင့်သော် လည်းကောင်း ပေးဆပ်ပြီး သူတို့ လိုချင်တဲ့ demand ကို ဖြည့်တယ် ။

အရှင်းဆုံး ပြောရရင် သွားမပါရင် နေပစေ ၊ ကားပါရင် ကျေနပ်တယ် ဆိုတဲ့ မိန်းမမျိုး ။ သူတို့တွေ ဘယ်လို ဖြစ်နေပါစေ ၊ ကိုယ့်ကိစ္စ မဟုတ်ဘူး ။ သူတို့ ရုပ်လေးတွေ လှလို့ ၊ ဒါသူတို့ ကုသိုလ်ကံနဲ့ သူတို့လေ ။

ဒါပေမယ့် အဓိက ပြောချင်တာ အဲ့ဒီ မိန်းမ ၂ မျိုးကို ရောချပြီး မပြောဖို့ ။ ပိုက်ဆံ မက်တာခြင်း အတူတူ ဘာကွာလဲ ဆိုရင်...

(၁) အရည်အချင်း ကွာတယ် ၊

(၂) စာရိတ္တ ကွာတယ် ၊

(၃) ကိုယ့်ကျင့်တရားနဲ့ သိက္ခာကွာတယ် ။

ဘာကြောင့်လဲ ဆိုရင် ပိုက်ဆံရှိတဲ့ ယောကျာ်းကို မက်တဲ့ မိန်းမက တဖက် ယောကျ်ားက ပိုင်ရှင်ရှိ ၊ မရှိ ဂရုမစိုက်ဘူး ။ သူလိုချင်တာ ရဖို့အတွက် သူ့ရဲ့ ကိုယ့်ကျင့်တရား နဲ့ သိက္ခာကို လဲဖို့ ဝန်မလေးဘူး ။ အဲဒီမှာတင် စာရိတ္တက ကွာသွားတာ ။ အဲ့လို မိန်းမတွေ ပြောလေ့ ရှိတဲ့ စကားက ... ငါက ပိုက်ဆံမက်တယ်လ နင်ရော မမက်လို့လား.. တဲ့.. ။

ငါလည်း ပိုက်ဆံ မက်တယ် ။ ဒါပေမယ့် မတူဘူး ။ လာပြီး တန်းမညှိနဲ့ ။ မိန်းမ တင် မဟုတ်ပါဘူး ၊ တချို့ယောကျ်ားတွေလည်း ပိုက်ဆံရှိတဲ့ မိန်းမကို မက်တဲ့ ယောကျ်ားတွေ ရှိတယ် ။

နိဂုံးချုပ် ပြောလိုတာက မိန်းမတိုင်း ပိုက်ဆံ မက်တယ် ။ ဟုတ်တယ် ဒါပေမယ့် ကွာတယ် ။ မိန်းမတိုင်းက ပိုက်ဆံနောက် လိုက်ပြီး ပျက်စီးနေတာ မဟုတ်ဘူး ။ အကုန်လုံးက အတူတူ မဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ် ။

Crd

Post a Comment

0 Comments