ဆရာမင်းသိင်္ခ၏ တနင်္လာသားသမီးများအကြောင်း

တနင်္လာ သားသမီးတွေဟာ ဂြိုလ်အားဖြင့် လကမ္ဘာက စိုးမိုးသူများ ဖြစ်တယ်။ တနင်္လာ သားသမီးများဟာ စူးစမ်းလေ့လာတတ်တဲ့ အကျင့်ရှိပြီး အလွန် မှတ်ဉာဏ်ကောင်းသူတွေ ဖြစ်တယ်။ တနင်္လာ သားသမီးများဟာ အလုပ်လုပ်ရင်လည်း အသေးစိတ် မြင်တတ်ကြပြီး သေချာ အာရုံစိုက် လုပ်ဆောင်နိုင်ကြသူများ ဖြစ်ကာ စိတ်ဓါတ်ကြံ့ခိုင်ပြီး စိတ်ရှည်သည်းခံ တတ်သူများ ဖြစ်တယ်။ ဒါပေမယ့် သူတို့ အဖိုးတန် အချိန်ဖြုန်းမယ့် သူများကိုတော့ မကြိုက်ကြပါ။

ရင်ဆိုင်ရမယ့် အခက်အခဲထက် အောင်မြင်မှု ပန်းတိုင်ကို ဘယ်လို အရောက်လှမ်းနိုင်မလဲ ဆိုတာကိုသာ စဉ်းစားကြသူတွေ ဖြစ်တယ်။ အခက်အခဲထက် ရလာဒ်ကိုသာ ရှေးရှုသူတွေ ဖြစ်တယ်။ စည်းမျှဉ်း၊ စည်းကမ်း ဥပဒေတွေ ရိုသေလေးစား လိုက်နာကြသူတွေ ဖြစ်ပြီး ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူရဲသူတွေလည်း ဖြစ်တယ်။

ကာယအလုပ်ထက် ဉာဏ အလုပ်တွေ ပိုအကျိုးပေးလေ့ ရှိတယ်။ အလုပ် လုပ်ရာမှာလည်း အပြောထက် အလုပ်နဲ့ သက်သေပြတတ်သူတွေ ဖြစ်လို့ အများရဲ့ အထင်ကြီးမှုတွေ ရတတ်တယ်။ တနင်္လာသားတွေဟာ အပေါင်းအသင်း သူငယ်ချင်းတွေကို ရွေးပြီး ပေါင်းသင်းတတ်သူတွေ ဖြစ်ပြီး သူတို့ရဲ့ ဘဝမှာ မိသားစု၊ သူငယ်ချင်းတွေကို ဦးစားပေး၊ အလေးထားတတ်ကြတယ်။

သူငယ်ချင်းအရင်းတွေကို ပေါင်းသင်းတဲ့အခါ မိသားစုလို လူရင်းတစ်ယောက်လို အတွင်းကျကျ ပေါင်းတတ်ကြတယ်။ ဒါပေမယ့် သာပေါင်းညာစား သူငယ်ချင်းတွေကိုတော့ မဆင်မပြေသူများ ဖြစ်တယ်။ တနင်္လာသားတွေဟာ သဘောထား ပျော့ပျောင်းသူတွေဖြစ်လို့ သူတို့ကို ပြောဆို ဆက်ဆံရတာ လွယ်ကူပါတယ်။

အချစ်ရေးနဲ့ ပါတ်သက်ရင် တစ်ဖက်သားရဲ့ လိုအပ်ချက်၊ စိတ်ခံစားချက်ကို မြန်မြန်ဆန်ဆန် သတိပြုမိ၊ သဘောပေါက်နိုင်ကြသူတွေ ဖြစ်ပြီး အဆင့်အတန်း သိပ်မခွဲခြားဘဲ ချစ်မိတတ်ကြသူတွေ ဖြစ်တယ်။

ချစ်သူဘဝမှာ အမြဲ ရန်ရှာ ပြဿနာတွေထက် စကားနည်း ရန်စဲတာမျိုးကိုပဲ ပိုလိုချင်ကြတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် တနင်္လာသား အများစုဟာ သစ္စာစောင့်သိ သူတွေ ဖြစ်ပြီး ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ရိုးမြေကျ ပေါင်းသင်းတတ်သူများ ဖြစ်တယ်။

တနင်္လာသားသမီးများ

sir min theinkha

Post a Comment

0 Comments