တနင်္လာသားသမီးတွေရဲ့ အကျင့်လေးတွေ

တနင်္လာ သားသမီးလေးတွေဟာ သဘောထား အရမ်း ပြည့်ဝတယ် ။ ဒါပေမယ့် သူ့တို့ အပေါ်သွားတော့ မကျောနဲ့ နှစ်ဆ ပြန်ကျော ခံရလိမ့်မယ့် ။ အစွဲလန်း ကြီးသလို အချစ်လည်း ကြီးတယ် ။ ဒါပေမယ့် ကြောက်စရာ ကောင်းလောက် အောင်လည်း အငြိုးကြီးပြီး လက်စား ချေတတ်သူတွေပဲ ။

သူတို့ဟာ ပြုံးလိုက်တိုင်း ဆွဲဆောင်မှု အပြည့် ရှိတယ် ။ ဒါပေမဲ့ ဒေါသ ထွက်လာရင် ရုပ်က ဘီလူးထက် ဆိုးတယ် ။ စိတ်ဆိုး ၊ စိတ်ကောက် လွယ်တယ် ။ ပြန်ချော့လိုက်ရင် (5) မိနစ်လေး အတွင်းမှာ စိတ်ပြေတတ် ကြတယ် ။

တနင်္လာ သားသမီးလေးတွေဟာ စိတ်ရင်း ကောင်းတယ် ။ ပြောစရာ ရှိရင် အားမနာတတ်ကြဘူး ။ ပွင့်ပွင့် လင်းလင်းပဲ ပြောတတ် ကြတယ် ။ အဲ့ဒါကြောင့်လဲ သောက်ပေါက်ဆိုးတယ် လို့လည်း ခဏခဏ အပြောခံရတယ် ။

တနင်္လာ သားသမီးလေး တွေဟာ အပျော်အပါးမက်ပြီး အပေါင်းအသင်း ခုန်မင်တယ် ။ ဒါပေမယ့် တယောက်ထဲလည်း နေတတ် ကြပြန်တယ် ။ လူတဖက်သား အပေါ်ကို သနား လွယ်တယ် ။ အားနာစိတ်နဲ့ ကူညီတတ်ကြတယ် ။ အဲ့ဒီ အားနည်းချက်တွေကြောင့် သူတို့ရဲ့ စေတနာတွေ ခဏ ခဏ အစော်ကား ခံရကြတယ်။ ကိုယ့်နဲ့ ခင်ထားပြီးသား လူက နောက်ထပ်လူကို ကိုယ့်ထက် ပိုခင်သွားမှာ ကြောက်တဲ့ စိတ်ကလေး ရှိကြတယ် ။

အစားအသောက် အအိပ်နဲ့ ပတ်သက်လာရင် ဟန်မဆောင်တက်ဖူး ကလေးတွေ လိုပဲ ဖြူစင် ကြတယ် ။ လွယ်လင့်တကူ စိတ်မနာ တတ်ဘူး ။ စိတ်နာပြီ ဆိုရင်လည်း တသက်လုံး လှည့်မကြည့် တတ် တော့ဘူး ။ မုန်းပြီဟေ့ ဆိုရင်လည်း နာမည် တူတောင် မကြားချင်ကြတာ သူတို့ရဲ့အကျင့်ပဲ ။

တနင်္လာ သားသမီးလေးတွေဟာ ခံစားလွယ်တယ် ။ ဒါပေမယ့် ကိုယ့်ခံစားချက်ကို တပါးသူ သိအောင် ဖွင့်ဟ မပြောတတ် ကြဘူး ။ ချစ်တတ် သလောက် အချစ်ရေး မှာတော့ ကံမကောင်းကြဘူး ။ ချစ်သူရဲ့ သစ္စာဖောက်မှုကို အမြဲ ခံရကြတယ် ။

မယ်အလင်း (KKL)

For Zawgyi








မယ်အလင်း (KKL)

Post a Comment

0 Comments