ပထမဆုံး မြင်ရတဲ့ပုံကနေ သိနိုင်တဲ့ သင့်ရဲ့စိတ်စွမ်းအင်

နိုဘယ်လ်ဆုရှင်လည်းဖြစ် စိတ်ပညာရှင်လည်းဖြစ်တဲ့ Roger A.Sperry က ဦးနှောက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်အခြမ်း အလုပ်လုပ်ပုံ မတူကြောင်းကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ Roger ရဲ့ သုတေသနကို အခြေခံပြီး သင့်ရဲ့ အတွေးဖြစ်စဉ်နဲ့ ပင်ကိုစရိုက်ကို စမ်းသပ်ကြည့် ရပါတယ်။

ပုံကို မြန်မြန် ကြည့်လိုက်ပါ။ ဘယ်သတ္တဝါကို အရင် တွေ့ပါသလဲ။

ကျားခေါင်း

သင့်ရဲ့ ဦးနှောက် ဘယ်ဘက်အခြမ်းက ညာဘက် အခြမ်းထက် ပိုပြီး နိုးကြား ပါတယ်။ သင်ဟာ ခွဲခြားစိတ်ဖြာ စဉ်းစားတတ်သူ၊ ပန်းတိုင်ကို ဦးစားပေးသူ၊ ဆုံးဖြတ်ချက် ခိုင်မာသူလည်း ဖြစ်ပါတယ် ။

ပြဿနာတစ်ခုနဲ့ ကြုံလာပြီ ဆိုရင် ယုတ္တိရှိရှိ၊ ဓမ္မဓိဌာန်ကျကျ စဉ်းစားတတ်ပါတယ် ။ ဒါပေမယ့် တစ်ခါတရံမှာ ခေါင်းမာတတ်တာကြောင့် ဆုံးဖြတ်ချက်တွေကို လွယ်လွယ်နဲ့ မပြင်တတ် ပါဘူး။ အနည်းငယ် နှိမ့်ချ ဆက်ဆံခြင်းက လူမှုရေးမှာ အောင်မြင်တယ် ဆိုတာလည်း မမေ့သင့် ပါဘူး။

- သင်ဟာ စနစ်ကျသူ ဖြစ်ပြီး ဘယ်အလုပ်ကို မဆို အစီအစဉ်အတိုင်း လုပ်ကိုင်တတ် ပါတယ်။

- ရည်မှန်းချက်ကို ရောက်အောင် သွားဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားပါတယ် ။

- သင်ရဲ့အောင်မြင်မှုကို သွားတဲ့လမ်းမှာ စိတ်ခံစားချက်တွေကို ထည့်မစဉ်းစားပါဘူး။

- သင်္ချာနဲ့ သိပ္ပံပညာရပ်တွေမှာ ပါရမီရှိပါတယ်။

- သင့်ရဲ့ ကမ္ဘာက အလွန် လက်တွေ့ဆန် ပါတယ်။ သင့်ကမ္ဘာထဲမှာ စိတ်ကူးယဉ်မှု အတွက် နေရာမရှိပါဘူး။

- အခြားသူတွေက သင့်ရည်မှန်းချက် တွေကို အလွန်မြင့်တယ်လို့ ထင်ပေမယ့် သင့်အတွက်တော့ ရည်မှန်းချက်ဆိုတာ မရောက်ရောက်အောင်၊ မရရအောင် လုပ်မယ့်အရာပါ။

မျောက်

သင့်ရဲ့ ညာဘက် ဦးနှောက်က ပိုပြီး အလုပ် လုပ်ပါတယ်။ တီထွင်ဆန်းသစ်မှုတွေက အပြည့် ပါပဲ။ ပြဿနာ တစ်ခုခုနဲ့ ကြုံတွေ့ရပြီဆိုရင် ဝေဖန်ပိုင်းခြားပြီး စဉ်းစားတာထက် စိတ်ထဲကနေ အလိုလိုသိတာကို ပိုပြီးဦးစားပေးပါတယ် ။

ဘဝရဲ့ ခြေလှမ်းတိုင်းက သင့်အတွက် သင်ခန်းစာဆိုပြီး ဆင်ခြင်နိုင်ပါတယ်။ ကျရှုံးခြင်းဆိုတာလည်း ပန်းတိုင်အတွက် ခြေလှမ်းဆိုပြီး ခံယူတတ်ပါတယ်။ သင့်အတွက် ပန်းတိုင်ထက် ပန်းတိုင်ကိုသွားရာလမ်းက ပိုအရေးကြီးနေတတ် ပါတယ်။

စိတ်ကူးယဉ်တတ် သူလည်းဖြစ်တာကြောင့် တစ်ခါတရံ စိတ်ကူးယဉ်ကမ္ဘာထဲမှာ လမ်းပျောက်နေ တတ်ပါတယ်။ တချို့ကိစ္စတွေကိုတော့ ပြင်ပကမ္ဘာနဲ့ ဆက်စပ်ပြီး လက်တွေ့ကျကျ စဉ်းစားတတ်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်။

- သင်က ဘယ်အရာကို မဆို ကောက်ကာငင်ကာ ထလုပ်တတ် ပါတယ်။ ဘောင်အပြင်ဘက်ကို ကျော်ပြီး စဉ်းစားတတ်တဲ့ အကျင့်လည်း ရှိပါတယ်။

- သင်ဟာ အတွေးလွန်သူပါ။ အတွေးတွေအပေါ်မှာ တစိမ့်စိမ့် ခံစားရင်းနဲ့ အချိန်ကုန် သွားတတ်ပါတယ်။

- ဂီတ၊ အနုပညာနဲ့ အခြားဖန်တီးရတဲ့ပညာရပ်တွေမှာ ကျွမ်းကျင်ပါတယ်။

- သင်ဟာ လုပ်စရာရှိတာတွေကို စာရင်းမလုပ်ထားတတ်ပါဘူး။

- သင့်ရဲ့ ဘဝမှာ ရည်မှန်းချက်ထက် အိပ်မက်တွေက ပိုများနေပါတယ်။ စိတ်ကူးတွေအပေါ်မှာ ပိုမို အားထည့်တတ်သူလည်း ဖြစ်ပါတယ်။

Zombie (Lovemedia) 

Post a Comment

0 Comments