မောင်လေးတွေကိုချစ်ပါ

မောင်လေးတွေကို ချစ်ပါ.. ထပ်ပြောပါမယ်.. မောင်လေးတွေကို ချစ်ပါ..

လက်မောင်းလေး ဖက်ပီး မမ ဆိုပြီး ချွဲခံရတဲ့ feel ကို ပေးနိုင်တာ၊ မမ ပြောစကား နားထောင်ပါ့မယ် ဆိုတဲ့ စကားလေးတွေနဲ့ ကြည်နူးစရာ အခိုက်အတန့်ကို ပေးစွမ်းနိုင်တာ မောင်လေးတွေပါ ။

နည်းနည်းရစ်မယ် စိတ်ဆိုးမယ် ပြီးရင် နားလည်ခွင့်လွှတ် လက်ခံပေးနိုင်တာ ၊ ကိုယ့်ကို ဆရာမ တစ်ယောက်လို အစ်မတစ်ယောက်လို ချစ်ကြောက် ရိုသေမှာ မောင်လေး တွေပါ။

ပြောလိုက်ရင် ဟုတ် ဆိုပြီး ခေါင်းညိတ် နားထောင်တာ ၊ အပြစ်လုပ်ပြီးရင် မမကလဲ ဆိုပြီး သွားဖြီးပြီးချွဲတဲ့ ချစ်စရာ အမူအယာနဲ့ ၊ တစ်ခါတစ်ခါ လူကြီးလေးတွေလို ပွစိပွစိနဲ့ ဆုံးမတတ်တာ မောင်လေးတွေပါ။

အားငယ် ဝမ်းနည်း နေချိန်မှာ ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ပြီး အကောင်းဆုံး နှစ်သိမ့်ပေးတာ ၊ မနှစ်သိမ့် ပေးနိုင်ရင်တောင် အကြံဉာဏ်ကောင်းလေးတွေ ပေးနိုင်တာ မောင်လေးတွေပါ။

ဘာပဲလုပ်လုပ် မမအတွက် ဆိုပြီး သတိရတတ်တာ ၊ နော် မမ နော် ဆိုတဲ့ စကားသံလေးနဲ့ ကြည်နူးမှုပေးနိုင်တာ ၊ သူတို့အတွက် ကိုယ်ကအမြဲ ပိုသိပိုတတ်တယ် လို့ သတ်မှတ်ထားကြတာ မောင်လေး တွေပါ။

စိတ်ဆိုးတာ ရစ်တာ ရှိပေမယ့် မောင်ရယ် ဆိုပြီး နဖူးလေးကို နမ်းလိုက်တာနဲ့ ပြုံးပြီး ချက်ချင်း စိတ်ဆိုးပြေကြတာ ၊ ကိုယ့်စကား နားထောင်ပြီး ကိုယ့်အတွက် လင်ယောကျာ်းကောင်း အဖြစ် တစ်သက်လုံး အတူ ဖေးမပေးတာ မောင်လေး တွေပါ။

ကိုယ့်ရဲ့စကား နားထောင်ပြီး အရမ်းချစ် အရမ်းနားလည်ပြီး အနားမှာ အတူရှိပေးနိုင်တာ မောင်လေး တွေပါပဲ ။

ဒ့ါကြောင့်.. မောင်လေး တွေကို ချစ်ပါ။

ကဲ.. မမ တို့ ရေ သေချာလေးတော့ ဖတ်ကြပါဗျို့...

nGa pYaE

Post a Comment

0 Comments