Facebook မှာ မကြာသေးခင်က ပျံ့နှံ့သွားတဲ့ video တခုကြောင့် တစ်ကမ္ဘာလုံးက လူတွေက လုံးဝကို လန့်သွားပါတယ်။ အဲဒီ video ကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ Maimi မြို့က Rie Phillips က သူမရဲ့ Facebook page မှာ တင်ခဲ့ပါတယ်။
အာရှစားသောက်ဆိုင် တစ်ဆိုင်မှာ သူမ ကြုံတွေ့ခဲ့ရတဲ့ လန့်စရာ အဖြစ်အပျက်ကို video ရိုက်ကူးခဲ့ပါတယ်။ ဖားရဲ့ အသားပိုင်းလေး တစ်ခုက လျှပ်တစ်ပြက် ဆန့်ငင် ဆန့်ငင်ဖြစ်ပြီး ပန်းကန်ထဲကနေ လုံးဝ ခုန်ထွက်သွားတဲ့ video ဖြစ်ပါတယ်။
လူအများစုက ဒီ video ကို အတုအယောင်သာ ဖြစ်တယ်လို့ ပြောကြပါတယ်။ အသားကို ပန်းကန်ထဲကနေ ထွက်ကျ လာအောင် ကြိုးနဲ့ ဆွဲထားတာလို့လည်း ပြောကြ ပါတယ်။ ဒါပေမယ့် တမင်လုပ်ထားတာ ဟုတ်လား၊ မဟုတ်လား ဆိုတာကိုတော့ video ထဲကို ကြည့်ရင် သိနိုင်ပါတယ်။
တိရစ္ဆာန်တွေကို လူတွေက ချက်ပြုတ် စားသောက်လိုက် ပေမယ့် သူတို့မှာ ခံစားမှု အာရုံတွေ၊ နာကျင်မှုတွေ ရှိနေသေးလား ဆိုတဲ့ မေးခွန်းကို လူတွေ သိချင်နေကြ ပါတယ်။ Rie က video ကို မရိုက်ခင်၊ အသားကို မစားခင်မှာ အသားပေါ်ကို ဆားနည်းနည်း ဖြူးချင်ဖြူးလိုက် ပါလိမ့်မယ်။
ဆားက ဖားရဲ့ကြွက်သားတွေကို ဆန့်ငင်ဆန့်ငင်ဖြစ်စေပြီး အသားတစ်ခုလုံးကို လှုပ်ရှားသွားစေပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးက မချက်ပြုတ်ရသေးတဲ့၊ လတ်ဆတ်တဲ့ အသားမှာပဲ ခုန်ထွက် တာတို့၊ လှုပ်တာတို့ ဖြစ်တတ် တာပါ၊ အချို့တိရစ္ဆာန်တွေမှာ အသက် မရှိတော့တာတောင် တချို့ဆဲလ်တွေက အသက်ရှင်နေ ပါသေးတယ်။
" သင်သေသွားပြီး ရက်သတ္တပတ် အနည်းငယ်အကြာထိ ဆဲလ်တွေက ရှင်သန်နေ ဦးမှာပါ။ ဖားတွေမှာလည်း အတူတူပါပဲ။ အဲဒီလို အသက်ရှင်နေသေးတဲ့ ဆဲလ်တွေကြောင့် လှုပ်ရှားတာတွေ ဖြစ်လာပါတယ် " လို့ ဇီဝဗေဒပညာရှင် Adam Ruben က ပြောပြပါတယ်။
ငါးရှဉ့်တွေနဲ့ ရေဘဝဲလို တိရိစ္ဆာန်တွေဟာလည်း အသက် မရှိတော့တာတောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေပ လှုပ်နေတတ် ပါတယ်။ Rie ရဲ့ video ကို share တဲ့ သူပေါင်း 197000 ရှိခဲ့ ပါတယ်။
ရုပ်သံ
Zombie (Lovemedia)
For Zawgyi
ပန်းကန်ထဲကနေ လမ်းလျှောက်ထွက်သွားတဲ့ အသားတုံးလေး (ရုပ်သံ)
Zombie (Lovemedia)
0 Comments