တစ်ဘဝလုံးအတွက် လက်ထပ်မယ့်ချစ်သူကို ဘယ်လိုရွေးမလဲ

ကျမ သူ့ကို လက်ထပ်ခဲ့ ပါတယ်။ ဘာကြောင့် လက်ထပ်ခဲ့တာလဲ လို့မေးရင် ချစ်တာ တခုထဲနဲ့တော့ မဟုတ်ခဲ့ ပါဘူး ။ ကျမဟာ မချစ်တဲ့ ယောကျာ်းကို လက်မထပ်ဘူးလို့ အရင်ကတည်းက တွေးထားပေမယ့် တကယ် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါမှာ အချစ်ဆိုတာ နံပါတ် သုံး ၊ လေး လောက်မှာသာ နေရာယူ ပါတယ် ။

(၁) အရေးအကြီးဆုံးက သစ္စာရှိရှိနဲ့ ကိုယ့်ကို သာမိန်းမလို့ ထင်တဲ့ ယောကျာ်းမျိုးပါ ။

သစ္စာရှိတယ် ဆိုတာ လူတိုင်း မလုပ်နိုင်ပါဘူး ။ စိတ်ဓာတ် မာကျောတဲ့ သူမှသာ လုပ်နိုင်တဲ့ အရာပါ ။ အချစ် အမည်ခံတဲ့ သံယောဇဉ်တို့ နီးစပ်မှုတို့ သာယာမှုတို့ဟာ အချိန် ရာသီဥတု အခြေအနေတွေ ပေါင်းစပ်လိုက်တဲ့အခါ လူတယောက်ကို သစ္စာဖောက် တယောက် ဖြစ်ပေါ်စေ ပါတယ် ။ ဖြစ်နိုင်ခြေ အရမ်းများပါတယ် ။ ဒါကို စိတ်ဓာတ် မာကျောတဲ့ ယောကျ်ား ပီသသူသာလျှင် ကျော်လွှားနိုင်မှာပါ ။

(၂) နောက်ပြီး နားလည်ပေးနိုင်တယ် ဆိုတဲ့ အချက်က ကျမကို လက်ထပ်ဖြစ်စေတဲ့ ဒုတိယ အချက်ပါပဲ ။

သိပ်ပီး နားလည်မှု ပေးတတ်တဲ့ သူ့အနားမှာ နေရတာ ကျမ ဘယ်တော့မှ စိတ်ကျဉ်းကျပ်တယ်လို့ မခံစားရစေ ပါဘူး။ ဒီအချက်ဟာ သူနဲ့ ကျမရဲ့ တဘဝလုံးကို ပျော်ရွှင်နိုင်စေဖို့ အဓိက ပံ့ပိုးပေးထားတဲ့ အရာပါ ။ နားလည်ပေးတတ်တဲ့ ယောကျာ်းဟာ ဘယ်တော့မှ မချုပ်ချယ် တတ်ဘူး။

သဝန်တို လွန်းပြီး ပြသနာ ရှာတာမျိုး မလုပ်တတ်ဘူး ။ သူဟာ နှစ်ဦးနှစ်ဖက်ကို မျှမျှ တတ တွေးပေးနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင် ထားလို့ ကျမ ဘဝလေး အမြဲ ပျော်ရွှင်နေ စေမှာပါ ။

(၃) တတိယအချက် ကတော့ ချစ်သူကို နူးညံ့ ကြင်နာတတ် ရမယ် ။ ဒီအချက်က သိပ်အရေးကြီးပါတယ်။

တချို့ ယောကျာ်းတွေဟာ သူတို့ မိန်းမအပေါ် သစ္စာရှိလည်း ရှိတယ် ။ နားလည်ပေးနိုင်ပေမယ့် ပင်ကိုယ် သဘာဝအရ မနူးညံ့တတ် ကြပါဘူး ။ မကြင်နာတတ် ကြပါဘူး ။ မိန်းခလေးတို့ သဘာဝဟာ ကိုယ်တိုင်လည်း နူးညံ့ကြသလို ကိုယ့်ခင်ပွန်းက ကြင်ကြင် နာနာ ဆက်ဆံတာကို လိုလားကြတဲ့ စရိုက် ရှိတယ်လေ ။ အဲ့ဒီတော့ အိမ်ထောင်သက် ကြာလာလေ ယောကျာ်းက ကြင်နာမှုမရှိပဲ ကြမ်းကြမ်း တမ်းတမ်းကြီး ပြောဆိုဆက်ဆံနေရင် အရမ်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ရမှာပါ အသေချာပါပဲ ။

(၄) နောက်ဆုံးမှာတော့ အချစ်က နေရာယူပါပြီ ။

အချိန်တွေ ကြာလာတဲ့အခါ လောကဓံရဲ့ ဒဏ်ရာတွေကို ဖြေသိမ့်ပေးနိုင်တာ အချစ်ပါ ။ စိတ်အခန့် မသင့်လို့ ရန်ဖြစ်ကြတဲ့အခါမှာ အချစ်စိတ်လေးသာ ရှိရင် အမြန်ဆုံး ဖြေလျော့နိုင် ပါတယ် ။ ဒုက္ခတွေ တွေ့လာရင် အချစ်ကြောင့် အားရှိစေတယ် ။

အချစ်စိတ်လေးကြောင့် အိမ်ထောင်ရေးဟာ ပိုပြီး ပြည့်စုံစေပါ လိမ့်မယ်။ လောင်းကစားသမား ဆေးသမားတို့ နှိပ်စက်တတ်တဲ့ စရိုက်ရှိသူတို့ ကိုတော့ ဝေးဝေးက ရှောင်ပါနော် ။ ပြုပြင်ပေးမယ် ဆိုပြီး ဇွတ်မျက်စိမှိတ်ကာ မရွေးချယ်မိကြ ပါစေနဲ့ကွယ်.. ။

အိမ်ထောင်ဖက်ကောင်းတွေ ရွေးချယ်နိုင်ကြပါစေ.. ။

mayoon

Post a Comment

0 Comments