ချစ်သူနှစ်ဦး လမ်းခွဲတဲ့အခါ

ချစ်သူနှစ်ဦး လမ်းခွဲကြတဲ့အခါမှာ... တယောက်က မချစ်တော့သလို နောက်တယောက်က မချစ်တော့ရင် ကောင်းတာပေါ့ ။ တယောက်က သံယောဇဉ် မရှိတော့သလို နောက်တယောက်က စိတ်ပျက်သွားရင် ကောင်းတာပေါ့ ။ တယောက်က အသစ် တွဲသွားလို့ နောက်တယောက်က သစ္စာ မရှိတော့ရင် ကောင်းတာပေါ့ ။

တချို့က ပြတ်သားလို့ မချစ်တော့ ပေမယ့် တချို့က အမှတ်တရတွေနဲ့ မေ့မရတဲ့ အခါ လမ်းခွဲခြင်းရဲ့ မညီမျှခြင်း ဆိုတာ တချို့က အချစ်ကို ကြောက်ပြီး တချို့က အချစ်ကို ပေါ့ပေါ့ တန်တန် သဘောထားလိုက် ကြတော့တာပဲ ။

နောက်ဆုံးမှာတော့ " ဘာလို့ ပြတ်သွားကြတာလဲ " ဆိုတဲ့ မေးခွန်းတွေကို ရယ်ရယ် မောမော ပြန်ဖြေနိုင်ဖို့ နဲ့ အမှတ်တရတွေကို မျက်ရည် မကျပဲ ရင်ဆိုင်နိုင်ဖို့ အချိန်က သင်ပေးလိုက်တော့တာ ပါပဲ ။

လူတယောက်ကို ရင့်ကျက်သွားစေတဲ့ အကြောင်းအရာ (၃) မျိုး ရှိတယ် ။

(1) ကိုယ်ယုံကြည်ရတဲ့သူက သစ္စာဖောက်တဲ့ အခါ

(2) ကိုယ်မြတ်နိုးရတဲ့သူ ဥပေက္ခာ ပြုသွားတဲ့အခါ

(3) တန်ဖိုးထားတဲ့သူက နာကျင်အောင် လုပ်တဲ့အခါ

တခါတလေ ကိုယ်ချစ်ရတဲ့ လူတွေ ကပဲ ကိုယ့်ကို နာကျင်အောင် လုပ်သွားတတ်ကြတယ် ။ အချစ်ဆုံး ဆိုတဲ့ သူတွေကပဲ အနက်ဆုံး ဒဏ်ရာတွေကို ပေးခဲ့တတ်ကြတယ် ။

ဒါကြောင့်မို့ အစွဲအလမ်း မကြီးပါစေနဲ့နော် ။ အစွဲလမ်းကြီးသူ တွေရဲ့ အားနည်းချက်က နာကျင်စရာ အတိတ်ကို တစိမ့်စိမ့် ပြန်တွေးပြီး တမြေ့မြေ့ ခံစားနေတတ်ခြင်း ပါပဲ ။

သံယောဇဉ် ဆိုတာကလည်း နေမင်းကြီး လိုပဲ အရှိန်မြင့်လေ ပူပြင်းလေရယ်ပါ ။ ဒါကြောင့်မို့ ကြိုတင် ပြင်ဆင်ထားပါ ။

အကောင်းဆုံးကို မျှော်လင့်ပြီး ကြိုးစားပါ ။ သို့သော် မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာခဲ့ရင်လည်း အဆိုးဆုံး အတွက် ခံနိုင်ရည် ရှိအောင် ကြိုတင် ပြင်ဆင်ထား ရမယ် ။

အများကြီး မျှော်လင့်ထားတာက ကောင်းပါတယ် ။ မျှော်လင့်ထားတဲ့ အတိုင်း တကယ် ဖြစ်လာခဲ့ရင်ပေါ့ ။ တကယ်လို့ ဖြစ်မလာခဲ့ရင်တော့ အများကြီး မျှော်လင့်ထား လေလေ အများကြီး ခံစားရလေလေပါပဲ ။ ဘဝကို အနှောင်ဖွဲ့ ကင်းစွာ ဖြတ်သန်းနိုင်ကြ ပါစေ....

စာဖတ်သူအားလုံးကျေးဇူးပါ။

Kurneair Ziom

For Zawgyi

ခ်စ္သူႏွစ္ဦး လမ္းခြဲတဲ့အခါ

ခ်စ္သူႏွစ္ဦး လမ္းခြဲၾကတဲ့အခါမွာ... တေယာက္က မခ်စ္ေတာ့သလို ေနာက္တေယာက္က မခ်စ္ေတာ့ရင္ ေကာင္းတာေပါ့ ။ တေယာက္က သံေယာဇဥ္ မရွိေတာ့သလို ေနာက္တေယာက္က စိတ္ပ်က္သြားရင္ ေကာင္းတာေပါ့ ။ တေယာက္က အသစ္တြဲသြားလို႔ ေနာက္တေယာက္က သစၥာ မရွိေတာ့ရင္ ေကာင္းတာေပါ့ ။

တခ်ိဳ႕က ျပတ္သားလို႔ မခ်စ္ေတာ့ ေပမယ့္ တခ်ိဳ႕က အမွတ္တရေတြနဲ႔ ေမ့မရတဲ့ အခါ လမ္းခြဲျခင္းရဲ႕ မညီမွ်ျခင္း ဆိုတာ တခ်ိဳ႕က အခ်စ္ကို ေၾကာက္ၿပီး တခ်ိဳ႕က အခ်စ္ကို ေပါ့ေပါ့ တန္တန္ သေဘာထားလိုက္ ၾကေတာ့တာပဲ ။

ေနာက္ဆုံးမွာေတာ့ " ဘာလို႔ ျပတ္သြားၾကတာလဲ " ဆိုတဲ့ ေမးခြန္းေတြကို ရယ္ရယ္ ေမာေမာ ျပန္ေျဖႏိုင္ဖို႔ နဲ႔ အမွတ္တရေတြကို မ်က္ရည္ မက်ပဲ ရင္ဆိုင္ႏိုင္ဖို႔ အခ်ိန္က သင္ေပးလိုက္ေတာ့တာ ပါပဲ ။

လူတေယာက္ကို ရင့္က်က္သြားေစတဲ့ အေၾကာင္းအရာ (၃) မ်ိဳး ရွိတယ္ ။

(1) ကိုယ္ယုံၾကည္ရတဲ့သူက သစၥာေဖာက္တဲ့ အခါ

(2) ကိုယ္ျမတ္ႏိုးရတဲ့သူ ဥေပကၡာ ျပဳသြားတဲ့အခါ

(3) တန္ဖိုးထားတဲ့သူက နာက်င္ေအာင္ လုပ္တဲ့အခါ

တခါတေလ ကိုယ္ခ်စ္ရတဲ့ လူေတြ ကပဲ ကိုယ့္ကို နာက်င္ေအာင္ လုပ္သြားတတ္ၾကတယ္ ။ အခ်စ္ဆုံး ဆိုတဲ့ သူေတြကပဲ အနက္ဆုံး ဒဏ္ရာေတြကို ေပးခဲ့တတ္ၾကတယ္ ။

ဒါေၾကာင့္မို႔ အစြဲအလမ္း မႀကီးပါေစနဲ႔ေနာ္ ။ အစြဲလမ္းႀကီးသူ ေတြရဲ႕ အားနည္းခ်က္က နာက်င္စရာ အတိတ္ကို တစိမ့္စိမ့္ ျပန္ေတြးၿပီး တေျမ့ေျမ့ ခံစားေနတတ္ျခင္း ပါပဲ ။

သံေယာဇဥ္ ဆိုတာကလည္း ေနမင္းႀကီး လိုပဲ အရွိန္ျမင့္ေလ ပူျပင္းေလရယ္ပါ ။ ဒါေၾကာင့္မို႔ ႀကိဳတင္ ျပင္ဆင္ထားပါ ။

အေကာင္းဆုံးကို ေမွ်ာ္လင့္ၿပီး ႀကိဳးစားပါ ။ သို႔ေသာ္ ေမွ်ာ္လင့္ထားတဲ့ အတိုင္း ျဖစ္မလာခဲ့ရင္လည္း အဆိုးဆုံး အတြက္ ခံႏိုင္ရည္ ရွိေအာင္ ႀကိဳတင္ ျပင္ဆင္ထား ရမယ္ ။

အမ်ားႀကီး ေမွ်ာ္လင့္ထားတာက ေကာင္းပါတယ္ ။ ေမွ်ာ္လင့္ထားတဲ့ အတိုင္း တကယ္ ျဖစ္လာခဲ့ရင္ေပါ့ ။ တကယ္လို႔ ျဖစ္မလာခဲ့ရင္ေတာ့ အမ်ားႀကီး ေမွ်ာ္လင့္ထား ေလေလ အမ်ားႀကီး ခံစားရေလေလပါပဲ ။ ဘဝကို အေႏွာင္ဖြဲ႕ ကင္းစြာ ျဖတ္သန္းႏိုင္ၾက ပါေစ....

စာဖတ္သူအားလုံး ေက်းဇူးပါ။

Kurneair Ziom

Post a Comment

0 Comments