ကံကောင်းတဲ့မိန်းကလေးဆိုတာ ပိုက်ဆံချမ်းသာတဲ့သူနဲ့ တွဲရတာမျိုးလည်း မဟုတ်ဘူး

ကံကောင်းတဲ့ မိန်းကလေးဆိုတာ ပိုက်ဆံချမ်းသာတဲ့သူနဲ့ တွဲရတာမျိုးလည်း မဟုတ်ဘူး။ ရုပ်ချောတဲ့သူကို ရည်းစားတော်ရတာမျိုးလည်း မဟုတ်ဘူး။

ကိုယ့်ဘေးမှာရှိတဲ့ ယောကျ်ားတစ်ယောက်က ကိုယ်ဘယ်လိုအချိန်မှာ ဘာကို လိုအပ်နေတယ်ဆိုတာ အလိုက်သတိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့လူမျိုး ဖြစ်နေတာကိုမှ ကံကောင်းတယ်လို့ခေါ်တယ်။

ကိုယ့်ဘေးကလူက ဘယ်လောက်ပဲ ပိုက်ဆံရှိပါစေ။ ဘယ်လောက် ရုပ်ချောပါစေ။ ဘယ်လောက် အမှားမလုပ်ပဲ မှန်ကန်နေပါစေ။ ကိုယ့်အတွက် အသုံးမဝင်ဘူးမှန်း သိလာတဲ့အခါ အရာရာက အလကားပဲ။

ကြင်နာရကောင်းမှန်းမသိ ဂရုစိုက်ရကောင်းမှန်းမသိ ကိုယ်တိုင်လည်း မချစ်ပြတတ် သူများလာချစ်မှာလည်း မလိုလားဘူးဆိုတာမျိုးက ကောက်ရိုးပုံ စောင့်တဲ့ ခွေးလိုပဲ။

တကယ့်ယောကျ်ားကောင်း ဆိုတာ ကိုယ့်ချစ်သူကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်တဲ့ အားငယ်နေချိန်ဆို အားပေးပြီး ကြင်နာတတ်တဲ့ ယောကျ်ားမျိုးကို ခေါ်တယ်။ အလုပ်တွေ မအားမလပ်နိုင်အောင် ကြိုးစားနေရလို့ဆိုရင်တော့ တမျိုးပေါ့။

ဒါတောင် ချစ်တတ် ကြင်နာတတ်တဲ့ ယောကျ်ားက အားတဲ့အချိန်မှာ သတိတရနဲ့ ဘာလုပ်နေတယ် ဘယ်သွားနေတယ်ကအစ မေးစရာ မလိုအောင် ပြောပြချင်စိတ် ရှိပြီးသား။

မိန်းမတစ်ယောက်ရဲ့ ဝဋ်ကြွေးအကြီးဆုံး အချိန်ဆိုတာ ကိုယ့်ကို မချစ်တတ် မကြင်နာတတ် ဂရုမစိုက်တတ်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ ဘေးမှာ ရှင်သန်နေထိုင်ရခြင်းပဲ။

မင်းတို့မိန်းမတွေ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့နေကြတယ်လို့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမယ့် Relationship ရှိတဲ့ မိန်းမချင်းအတူတူ သူများ ဂရုစိုက်ခံ ကြင်နာယုယခံနေရတာမြင်ရင် ဥပေက္ခာပြုခံရတဲ့ မိန်းမတွေ ဘယ်လောက် ဝမ်းနည်းရလဲဆိုတာ ခံစားဖူးတဲ့သူတိုင်း သိတယ်။

မလိုအပ်ဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခု အရေးမပါဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခုက တဖက်သားအတွက် မရှိမဖြစ် လိုအပ်နေတတ်တယ် ဆိုတာ သတိထားပေးပါ။

U Soe Myat Win

For Zawgyi

ကံေကာင္းတဲ့မိန္းကေလးဆိုတာ ပိုက္ဆံခ်မ္းသာတဲ့သူနဲ႔ တြဲရတာမ်ိဳးလည္း မဟုတ္ဘူး

ကံေကာင္းတဲ့မိန္းကေလးဆိုတာ ပိုက္ဆံခ်မ္းသာတဲ့သူနဲ႔ တြဲရတာမ်ိဳးလည္း မဟုတ္ဘူး။ ႐ုပ္ေခ်ာတဲ့သူကို ရည္းစားေတာ္ရတာမ်ိဳးလည္း မဟုတ္ဘူး။

ကိုယ့္ေဘးမွာရွိတဲ့ ေယာက်္ားတစ္ေယာက္က ကိုယ္ဘယ္လိုအခ်ိန္မွာ ဘာကို လိုအပ္ေနတယ္ဆိုတာ အလိုက္သတိနဲ႔ ျဖည့္ဆည္းေပးတတ္တဲ့လူမ်ိဳး ျဖစ္ေနတာကိုမွ ကံေကာင္းတယ္လို႔ေခၚတယ္။

ကိုယ့္ေဘးကလူက ဘယ္ေလာက္ပဲ ပိုက္ဆံရွိပါေစ။ ဘယ္ေလာက္ ႐ုပ္ေခ်ာပါေစ။ ဘယ္ေလာက္ အမွားမလုပ္ပဲ မွန္ကန္ေနပါေစ။ ကိုယ့္အတြက္ အသုံးမဝင္ဘူးမွန္း သိလာတဲ့အခါ အရာရာက အလကားပဲ။

ၾကင္နာရေကာင္းမွန္းမသိ ဂ႐ုစိုက္ရေကာင္းမွန္းမသိ ကိုယ္တိုင္လည္း မခ်စ္ျပတတ္ သူမ်ားလာခ်စ္မွာလည္း မလိုလားဘူးဆိုတာမ်ိဳးက ေကာက္႐ိုးပုံ ေစာင့္တဲ့ ေခြးလိုပဲ။

တကယ့္ေယာက်္ားေကာင္း ဆိုတာ ကိုယ့္ခ်စ္သူကို အၿမဲတမ္း အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္တတ္တဲ့ အားငယ္ေနခ်ိန္ဆို အားေပးၿပီး ၾကင္နာတတ္တဲ့ ေယာက်္ားမ်ိဳးကို ေခၚတယ္။ အလုပ္ေတြ မအားမလပ္ႏိုင္ေအာင္ ႀကိဳးစားေနရလို႔ဆိုရင္ေတာ့ တမ်ိဳးေပါ့။

ဒါေတာင္ ခ်စ္တတ္ ၾကင္နာတတ္တဲ့ ေယာက်္ားက အားတဲ့အခ်ိန္မွာ သတိတရနဲ႔ ဘာလုပ္ေနတယ္ ဘယ္သြားေနတယ္ကအစ ေမးစရာ မလိုေအာင္ ေျပာျပခ်င္စိတ္ ရွိၿပီးသား။

မိန္းမတစ္ေယာက္ရဲ႕ ဝဋ္ေႂကြးအႀကီးဆုံး အခ်ိန္ဆိုတာ ကိုယ့္ကို မခ်စ္တတ္ မၾကင္နာတတ္ ဂ႐ုမစိုက္တတ္တဲ့ ေယာက်္ားတစ္ေယာက္ရဲ႕ ေဘးမွာ ရွင္သန္ေနထိုင္ရျခင္းပဲ။

မင္းတို႔မိန္းမေတြ ဘာမဟုတ္တာေလးကို ပုံႀကီးခ်ဲ႕ေနၾကတယ္လို႔ ထင္ခ်င္ထင္လိမ့္မယ္။ ဒါေပမယ့္ Relationship ရွိတဲ့ မိန္းမခ်င္းအတူတူ သူမ်ား ဂ႐ုစိုက္ခံ ၾကင္နာယုယခံေနရတာျမင္ရင္ ဥေပကၡာျပဳခံရတဲ့ မိန္းမေတြ ဘယ္ေလာက္ ဝမ္းနည္းရလဲဆိုတာ ခံစားဖူးတဲ့သူတိုင္း သိတယ္။

မလိုအပ္ဘူးလို႔ ကိုယ္ထင္တဲ့အရာတစ္ခု အေရးမပါဘူးလို႔ ကိုယ္ထင္တဲ့အရာတစ္ခုက တဖက္သားအတြက္ မရွိမျဖစ္ လိုအပ္ေနတတ္တယ္ ဆိုတာ သတိထားေပးပါ။

U Soe Myat Win

Post a Comment

0 Comments