သင်နဲ့ တသက်တာလက်တွဲဖို့ ဆုံးဖြတ်ထားတဲ့ ကောင်လေးတွေရဲ့ အကျင့် (၅) ခု

သြဇာညောင်းပီး ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတွေကို TV တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ သင်မြင်ဖူးမှာပါ။ သူတို့တွေဟာ အမြဲတမ်း အံ့သြစရာကောင်းနေပြီး သင့်ကို အရမ်းပဲ ဆွဲဆောင်တတ်ပါတယ်။ သင်တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ငါကောဘာလို့ ဒီလို လူမျိုးတွေနဲ့ မဆုံရသေးတာလဲ ဆိုပြီးတော့ပေါ့။

တကယ်တော့ သင့်အတွက် အချိန်မကျ သေးတာပါ။ ဖူးစာ ဆိုတာ အချိန်တန်ရင် အလိုလို ဆုံရစမြဲပါ။ ဒါကြောင့် သင်ဘာမှ အားငယ်မနေပါနဲ့။ တကယ်လို့ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲကနေ တိုက်ဆိုင်မှုတွေ ရှိနေတယ်ဆိုရင် လုံးဝ လက်မလွှတ်လိုက်ပါနဲ့။ ဒါဆိုရင်တော့ အချစ်တွေကို တူတူလိုက်ရှာပြီးတော့ အမှတ် ပေးလိုက်ရအောင်။

၁။ ဘာလုပ်လုပ် သင့်ကို အရင်ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်တယ်။

သင့်ချစ်သူက သင့်ကို သူ့ရဲ့ဘဝနဲ့ လိုက်လျောညီထွေရှိအောင် တွေးထားတယ် ဆိုရင်တော့ သင့်ကိုအမြဲ တိုင်ပင်မှာပါ။ ဘာလို့လဲ ဆိုတော့ သင့်ကို သူ့ရဲ့ဘဝမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ထားလို့ပါပဲ။ အတိုင်ပင်ခံဖူးရင် ၂၀ မှတ်ပေးပါ။

၂။ နေရာတကာ လိုက်မချုပ်ချယ်ဘူး။

ချစ်တာနဲ့ ချုပ်ချယ်တာဟာ အကွာကြီး ကွာပါတယ်။ နေရာတိုင်းလိုက်ပြီး ချုပ်ချယ်နေတာကို ဘယ်သူမှ မကြိုက်ကြပါဘူး။ သင့်ကောင်လေးက သင့်ကို ညဘက်တွေမှာ ယောကျာ်းလေး သူငယ်ချင်းတွေနဲ့ အပြင်မထွက်ဖို့၊ အရက်တွေဘီယာတွေ မသောက်ဖို့ တားမှာပါ။ ဒါဟာ ချုပ်ချယ်တာ မဟုတ်ပါဘူး။ သင့်ကို အရမ်းချစ်လို့၊ စိတ်ပူလို့ သူတားမြစ်တဲ့ အရာတွေပါ။ ကောင်လေးက အရမ်းစိတ်ပူတတ်ရင် ၂၀ မှတ်။

၃။ အမှားလုပ်မိတာကို ဝန်ခံပြီး တောင်းပန်တယ်။

လူတစ်ယောက်ဟာ အမှားလုပ်မိသွားပြီ ဆိုတာနဲ့ သူမှားသွားကြောင်း တောင်းပန်စကား ဆိုရပါတယ်။ အကယ်၍ သင့်ချစ်သူက သင်မကြိုက်တာကို လုပ်မိပြီး သင့်ကို ချက်ချင်း တောင်းပန်တယ်ဆိုရင်တော့ အမှတ်- ၂၀ ပေးလိုက်ပါ။

၄။ အသေးအဖွဲလေးကအစ ဂရုစိုက်တယ်။

ရာသီဥတုအေးနေတဲ့ အချိန်မှာ နွေးနွေးထွေးထွေး နေခိုင်းတာမျိုး၊ ကားတံခါး ဖွင့်ပေးတာမျိုး၊ Anni နေ့တွေမှာ Surprise လုပ်ပေးတာမျိုး၊ ကားလမ်းကူးရင် လက်လေးကိုင်ပြီး တူတူကူးတာမျိူး သင်ကြုံဖူးပါသလား?။ ဒါတွေ ကြုံဖူးရင် ၂၀ မှတ်။

၅။ သင့်ကို လက်ထပ်ဖို့အထိ ရည်မှန်းထားတယ်။

ယောကျာ်းတစ်ယောက်ဟာ သူတစ်ကယ်ချစ်တဲ့ မိန်းမအတွက် အရာရာကို ပေးဆပ်ရဲ၊ စွန့်လွှတ်ရဲပါတယ်။ ဘယ်နည်းနဲ့မဆို သင်နဲ့နီးစပ်အောင် အမြဲကြိုးစားနေမှာပါ။ ပြီးရင် သက်ဆုံးတိုင် တူတူနေချင်းကြောင်း တဖွဖွတွေပြောနေပြီး အလုပ်တွေ အမြဲကြိုးစားနေမှာပါ။ တကယ်လို့ အဲ့လို အပြောခံဖူးရင် ၂၀ မှတ်။

အမှတ် အပြည့်ရရင်တော့ သင်ဟာ အချစ်ရေးမှာ ကံကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါပဲနော်။

Zombie (Lovemedia)

Post a Comment

0 Comments