လက်မထပ်သေးခင် FB မှာ ချစ်သူနဲ့နှစ်ယောက်တွဲပုံ တင်ခြင်းက ဓားသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ တူတယ်ညီမငယ်

မိန်းကလေးငယ်တိုင်း သိစေဖို့..

ညီမငယ်..

လက်မထပ်ဘဲနဲ့ Fb မှာ ကိုယ့်ချစ်သူပုံနဲ့ နစ်ယောက်အတူ တွဲတင်ခြင်းက ဓားသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ တူတယ် ညီမငယ်။ တကယ်လို့သာ ကံကြမ္မာက လှည့်စားသွားခဲ့ရင် ပထမဆုံး ထိရှမှာက ဘယ်သူလို့ ထင်လဲ..? ကိုယ့် နှလုံးသားတွေ မဟုတ်ဘူး.. မာနနဲ့ သိက္ခာတွေပါ ညီမငယ်။

နှလုံးသားတွေ နာမကျန်းဖြစ်တာက တိတ်တဆိတ်လေး ငိုကြွေးလို့ ရတယ်။ ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာက ညီမငယ်ရဲ့ မိသားစုပါ။ ချစ်တာကို လက်ခံပါတယ်။ ဒါပေမဲ့ နားလည်မှု ဆိုတဲ့ အလွှာလေးတစ်ခု ခြားရုံနဲ့ လမ်းခွဲသွားတဲ့ သူတွေက မျက်စီရှေ့ မှာတင် တစ်ပုံကြီးပါ ညီမငယ်။

အထူးသဖြင့် ဆယ်ကျော်သက်ရွယ် ညီမလေးများကို ပိုပြီး သတိပေးချင်တာပါ။ ချစ်တတ်စမှာ ရှေ့နောက် မမြင်ပဲ အပျော်လွန်းပြီး နစ်ယောက်ပုံတွေ လက်မထပ်သေးခင် တင်လေ့ရှိကြတဲ့ ချစ်သူ နစ်ယောက် သဟဇာတဖြစ်လို့ ဆင်မပြေ ဖြစ်ကြတဲ့အခါ ပထမဉီးဆုံး နစ်နာမှာက မိန်းကလေးတွေသာ ဖြစ်ပြီး နောက်တစ်ယောက်နဲ့ ချစ်တဲ့အခါ အချစ်စစ်နဲ့ တွေ့တဲ့အခါ အတိတ်က ကိုယ်ပြုခဲ့တဲ့ လုပ်ရပ်တွေက အရိပ်မဲကြီး အဖြစ်နဲ့ ရှိနေတော့မှာပါ။

ချစ်တာကို လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ လက်မထပ် ရသေးခင် အထိတော့ နစ်ယောက်ပုံတွေကို Fb လို့ ခေါ်တဲ့ ကျယ်ပြန့်လှတဲ့ လူမှုကွန်ယက်ပေါ်မှာ မတင်စေ ချင်လို့ပါ ညီမငယ်။ လက်ထပ်ပြီးသွားရင် တင်ပါ။ ပြုံးနေတဲ့ ဘဝလေးတွေကို အားကျရင်း like တွေ ment တွေ တစ်ဝကြီး အားရပါးရ ပေးနေမယ်။

တကယ်တော့ fb မှာ နစ်ယောက် တွဲတင်မှ အချစ်စစ် ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါတွေဟာ ဘိုးဘွားလက်ထက်မှာ မရှိခဲ့လို့ ညီမတို့ လူ ဖြစ်လာတာပါ။ စဉ်စားတွေးခေါ်တတ်မှ ဘဝက အဓိပ္ပါယ် ရှိသလို ထိန်းသိန်းသင့်တာကို ထိန်းသိန်းမှ အဲ့ဒီဘဝက ပိုပြီး တန်ဖိုး ရှိတာပါ။

ချစ်သူက နစ်ယောက်ပုံ တွေကို fb မှာ တင်မှ ချစ်မယ်ဆိုရင် ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ့ရဲ့ အချစ်က နည်းနည်း ရူးမိုက်နေလို့ပဲ။ အချစ်စိတ်က နလုံးသားထဲမှာပဲ ရှိပါတယ်။ သစ္စာတရားက အသိညဏ်မှာ ခိုဝင်ပါတယ်။ fb မှာ ရှိနေတာ မဟုတ်ပါဘူး။ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။

ဒါပေမဲ့ ကိုယ့်ဘဝအတွက် ဘယ်ဟာက အဓိကလည်း ဆိုတာ စဉ်းစားတွေးခေါ်တတ်ပါစေ ညီမငယ်။ fb သုံးနေတဲ့ ညီမငယ်များ အမှန်တရားကို ထွေးပိုက်ရင်း အနာဂတ်မှာ ကမ္ဘာကို ကိုင်လှုပ်နိင်မဲ့ မိခင်လောင်းများ ဖြစ်ကြပါစေ..

MgThura

For Zawgyi

လက္မထပ္ေသးခင္ FB မွာ ခ်စ္သူနဲ႔ႏွစ္ေယာက္တြဲပုံ တင္ျခင္းက ဓားသြားထက္မွာ လမ္းေလွ်ာက္ေနရတာနဲ႔ တူတယ္ညီမငယ္

မိန္းကေလးငယ္တိုင္း သိေစဖို႔..

ညီမငယ္..

လက္မထပ္ဘဲနဲ႔ Fb မွာ ကိုယ့္ခ်စ္သူပုံနဲ႔ နစ္ေယာက္အတူ တြဲတင္ျခင္းက ဓားသြားထက္မွာ လမ္းေလွ်ာက္ေနရတာနဲ႔ တူတယ္ ညီမငယ္။ တကယ္လို႔သာ ကံၾကမၼာက လွည့္စားသြားခဲ့ရင္ ပထမဆုံး ထိရွမွာက ဘယ္သူလို႔ ထင္လဲ..? ကိုယ့္ႏွလုံးသားေတြ မဟုတ္ဘူး.. မာနနဲ႔ သိကၡာေတြပါ ညီမငယ္။

ႏွလုံးသားေတြ နာမက်န္းျဖစ္တာက တိတ္တဆိတ္ေလး ငိုေႂကြးလို႔ ရတယ္။ ဂုဏ္သိကၡာေတြ နာမက်န္းျဖစ္ရင္ ပတ္ဝန္းက်င္ရဲ႕ တံေတြးခြက္မွာ ပက္လက္ေမ်ာေနရမွာက ညီမငယ္ရဲ႕ မိသားစုပါ။ ခ်စ္တာကို လက္ခံပါတယ္။ ဒါေပမဲ့ နားလည္မႈ ဆိုတဲ့ အလႊာေလးတစ္ခု ျခား႐ုံနဲ႔ လမ္းခြဲသြားတဲ့ သူေတြက မ်က္စီေရွ႕ မွာတင္ တစ္ပုံႀကီးပါ ညီမငယ္။

အထူးသျဖင့္ ဆယ္ေက်ာ္သက္႐ြယ္ ညီမေလးမ်ားကို ပိုၿပီး သတိေပးခ်င္တာပါ။ ခ်စ္တတ္စမွာ ေရွ႕ေနာက္ မျမင္ပဲ အေပ်ာ္လြန္းၿပီး နစ္ေယာက္ပုံေတြ လက္မထပ္ေသးခင္ တင္ေလ့ရွိၾကတဲ့ ခ်စ္သူ နစ္ေယာက္ သဟဇာတျဖစ္လို႔ ဆင္မေျပ ျဖစ္ၾကတဲ့အခါ ပထမဉီးဆုံး နစ္နာမွာက မိန္းကေလးေတြသာ ျဖစ္ၿပီး ေနာက္တစ္ေယာက္နဲ႔ ခ်စ္တဲ့အခါ အခ်စ္စစ္နဲ႔ ေတြ႕တဲ့အခါ အတိတ္က ကိုယ္ျပဳခဲ့တဲ့ လုပ္ရပ္ေတြက အရိပ္မဲႀကီး အျဖစ္နဲ႔ ရွိေနေတာ့မွာပါ။

ခ်စ္တာကို လက္ခံလို႔ ရပါတယ္။ ဒါေပမဲ့ လက္မထပ္ ရေသးခင္ အထိေတာ့ နစ္ေယာက္ပုံေတြကို Fb လို႔ ေခၚတဲ့ က်ယ္ျပန႔္လွတဲ့ လူမႈကြန္ယက္ေပၚမွာ မတင္ေစ ခ်င္လို႔ပါ ညီမငယ္။ လက္ထပ္ၿပီးသြားရင္ တင္ပါ။ ၿပဳံးေနတဲ့ ဘဝေလးေတြကို အားက်ရင္း like ေတြ ment ေတြ တစ္ဝႀကီး အားရပါးရ ေပးေနမယ္။

တကယ္ေတာ့ fb မွာ နစ္ေယာက္ တြဲတင္မွ အခ်စ္စစ္ ျဖစ္လာတာ မဟုတ္ပါဘူး။ ဒါေတြဟာ ဘိုးဘြားလက္ထက္မွာ မရွိခဲ့လို႔ ညီမတို႔ လူ ျဖစ္လာတာပါ။ စဥ္စားေတြးေခၚတတ္မွ ဘဝက အဓိပၸါယ္ ရွိသလို ထိန္းသိန္းသင့္တာကို ထိန္းသိန္းမွ အဲ့ဒီဘဝက ပိုၿပီး တန္ဖိုး ရွိတာပါ။

ခ်စ္သူက နစ္ေယာက္ပုံ ေတြကို fb မွာ တင္မွ ခ်စ္မယ္ဆိုရင္ ရဲရဲႀကီးသာ လမ္းခြဲလိုက္ပါ။ သူ႔ရဲ႕ အခ်စ္က နည္းနည္း ႐ူးမိုက္ေနလို႔ပဲ။ အခ်စ္စိတ္က နလုံးသားထဲမွာပဲ ရွိပါတယ္။ သစၥာတရားက အသိညဏ္မွာ ခိုဝင္ပါတယ္။ fb မွာ ရွိေနတာ မဟုတ္ပါဘူး။ လြတ္လပ္စြာ ကြဲလြဲခြင့္ ရွိပါတယ္။

ဒါေပမဲ့ ကိုယ့္ဘဝအတြက္ ဘယ္ဟာက အဓိကလည္း ဆိုတာ စဥ္းစားေတြးေခၚတတ္ပါေစ ညီမငယ္။ fb သုံးေနတဲ့ ညီမငယ္မ်ား အမွန္တရားကို ေထြးပိုက္ရင္း အနာဂတ္မွာ ကမာၻကို ကိုင္လႈပ္နိင္မဲ့ မိခင္ေလာင္းမ်ား ျဖစ္ၾကပါေစ..

MgThura

Post a Comment

0 Comments