ချစ်သူတိုင်း နားလည်မှုမလွဲကြဖို့

ယောက်ျားလေးတွေက ချစ်စကြင်စမှာ သည်သည်းလှုပ် ဂရုစိုက်ပြတတ်တယ်။ အစစအရာရာ အလျှော့ပေးသည်းခံပြီး ချစ်သူစိတ်တိုင်းကျ နေပြတတ်တယ်။

မိန်းကလေးတွေက ချစ်စကြင်စမှာ ရှက်သလိုရွံသလိုနဲ့ တီတီတာတာ သိပ်မလုပ် တတ်ကြပေမယ့် သူ့ချစ်သူရဲ့ ဂရုစိုက် အလျှော့ပေးမှုလေးတွေ အပေါ်အရမ်းကို သာယာကြည်နူး တတ်ကြတယ်။

ယောက်ျားလေးတွေက ချစ်သူသက်တမ်း ကြာလာတဲ့အခါ သူ့ချစ်သူကို ပိုချစ်လာပေမယ့် အရင်လို သည်းသည်းလှုပ် ဂရုမစိုက် မပြတော့ဘူး။ ဒီလိုအခါတွေမှာ ချစ်သူကို ရင့်ကျက်ပြီး သူတို့ကို နားလည်စေချင်တယ်။

မိန်းကလေးတွေက ချစ်သူသက်တမ်း ကြာလာတဲ့အခါ သူ့ချစ်သူကို အရင်ကထက် ပိုပြီး သူ့ကို ဂရုစိုက်စေချင်လာတယ်။ ချစ်သူကို ပိုပြီး ချွဲ နွဲ့ချင်လာတယ်။

ဒီလိုမဖြစ်လာတဲ့အခါ သူ့ချစ်သူ သူ့အပေါ်ပြောင်းလဲသွားပြီ။ အရင်လို မချစ်တော့ဘူးလို့ ထင်လာတတ်ကြတယ်။ ချစ်သူဆီက ဂရုစိုက်တာ ခံချင်တဲ့ စိတ်ကလေးက ဘယ်တော့မှ မရင့်ကျက်နိုင်ဘူး ဆိုတာ သူ့ချစ်သူကို သိစေချင်တယ်။

ဒီလို အရာလေးတွေကြောင့် ချစ်သူ နှစ်ဦးကြားက နားလည်မှုတွေ မလွဲမှားဖို့ အရေးကြီးသလို ရင်ခုန်သံလေးတွေ အမြဲတမ်း လတ်ဆက်ပြီး အချစ်တွေ သစ်လွင်နေဖို့လည်း ကြိုးစားသင့်တယ် ဆိုတာ ချစ်သူတိုင်း သဘောပေါက်နိုင် ကြပါစေနော်။

laminlay

For Zawgyi

ခ်စ္သူတိုင္း နားလည္မႈမလြဲၾကဖို႔

ေယာက္်ားေလးေတြက ခ်စ္စၾကင္စမွာ သည္သည္းလႈပ္ ဂ႐ုစိုက္ျပတတ္တယ္။ အစစအရာရာ အေလွ်ာ့ေပးသည္းခံၿပီး ခ်စ္သူစိတ္တိုင္းက် ေနျပတတ္တယ္။

မိန္းကေလးေတြက ခ်စ္စၾကင္စမွာ ရွက္သလို႐ြံသလိုနဲ႔တီတီတာတာ သိပ္မလုပ္ တတ္ၾကေပမယ့္ သူ႔ခ်စ္သူရဲ႕ ဂ႐ုစိုက္ အေလွ်ာ့ေပးမႈေလးေတြ အေပၚအရမ္းကို သာယာၾကည္ႏူး တတ္ၾကတယ္။

ေယာက္်ားေလးေတြက ခ်စ္သူသက္တမ္း ၾကာလာတဲ့အခါ သူ႔ခ်စ္သူကို ပိုခ်စ္လာေပမယ့္ အရင္လို သည္းသည္းလႈပ္ ဂ႐ုမစိုက္ မျပေတာ့ဘူး။ ဒီလိုအခါေတြမွာ ခ်စ္သူကို ရင့္က်က္ၿပီး သူတို႔ကို နားလည္ေစခ်င္တယ္။

မိန္းကေလးေတြက ခ်စ္သူသက္တမ္း ၾကာလာတဲ့အခါ သူ႔ခ်စ္သူကို အရင္ကထက္ ပိုၿပီး သူ႔ကို ဂ႐ုစိုက္ေစခ်င္လာတယ္။ ခ်စ္သူကို ပိုၿပီး ခြၽဲ ႏြဲ႕ခ်င္လာတယ္။

ဒီလိုမျဖစ္လာတဲ့အခါ သူ႔ခ်စ္သူ သူ႔အေပၚေျပာင္းလဲသြားၿပီ။ အရင္လို မခ်စ္ေတာ့ဘူးလို႔ ထင္လာတတ္ၾကတယ္။ ခ်စ္သူဆီက ဂ႐ုစိုက္တာ ခံခ်င္တဲ့ စိတ္ကေလးက ဘယ္ေတာ့မွ မရင့္က်က္ႏိုင္ဘူး ဆိုတာ သူ႔ခ်စ္သူကို သိေစခ်င္တယ္။

ဒီလို အရာေလးေတြေၾကာင့္ ခ်စ္သူ ႏွစ္ဦးၾကားက နားလည္မႈေတြ မလြဲမွားဖို႔ အေရးႀကီးသလို ရင္ခုန္သံေလးေတြ အၿမဲတမ္း လတ္ဆက္ၿပီး အခ်စ္ေတြ သစ္လြင္ေနဖို႔လည္း ႀကိဳးစားသင့္တယ္ ဆိုတာ ခ်စ္သူတိုင္း သေဘာေပါက္ႏိုင္ ၾကပါေစေနာ္။

laminlay

Post a Comment

0 Comments