ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စွဲလန်းစေသောအချက် (၅) ချက်

ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စွဲလန်းစေသော အကြောင်းအရာများ

၁။ အလေးထားမှု

ကိုယ်တစ်ခုခု အဆင်မပြေဖြစ်တဲ့အခါ အသေးမွှား ကိစ္စလေးက အစတိုင်ပင်ပါ ဆွေးနွေးပါ အကြံဉာဏ်ယူပါ။ အဲ့လိုဆိုလျှင် သူ့ကို အရေးပါသူ တစ်ယောက်အဖြစ် သတ်မှတ်ခံရလို့ သူဝမ်းသာနေလိမ့်မည်။

၂။ ဂရုစိုက်မှု

သူဘာလုပ်နေလဲ ဘယ်လိုနေလဲ ဘာဖြစ်နေလဲ အားလုံးကို ဒေါက်ထောက် ကြည့်နေပါ။ မကြိုက်တာရှိလဲ ပြောပါ။ အဆင်မပြေတာရှိလဲ အကြံဉာဏ်ပြုပါ။ အဲ့လိုဆိုလျှင် သူ့အတွက် စိတ်ပူပေးလို့ သူပီတိဖြစ်နေလိမ့်မည်။

၃။ အမျှော်မြင်ရှိမှု

နောင်တစ်ချိန် လက်ထပ်ပြီးလို့ အိမ်ထောင်တစ်ခု တည်ထောင်တဲ့ခါ ဘာတွေလုပ်ရင် ကောင်းမယ် ဘယ်လို လုပ်သင့်တယ် ဘာတွေလုပ်ရမယ် စိတ်ကူး ရည်ရွယ်ချက်ရှိပါ... အဲ့လိုဆိုရင် ရှိပီးသားငွေ ဆိုလျှင် အထွက်မခံပဲ စုပေးမည့် အိမ်ထောင်ရှုင်မလေး ဆိုပီး သူကျေနပ်နေလိမ့်မည်။

၄။ တန်ဖိုးထားမှု

ကိုယ့်ချစ်သူ ယောကျာ်းလေးကို ရတနာပစ္စည်း တစ်ခုလို သဘောထားပီး ဆုံးရှုံးရမှာကို ကြောက်ပေးပါ သဝန်တိုတာတွေ လုပ်ပါ။ အဲ့လိုဆိုလျှင် သူ့ကိုမတ်မောစွာ လိုချင်နေတာကိုသိလို့ ဂုဏ်ယူနေပါလိမ့်မည်။

၅။ စိတ်ကိုသာယာစေမှု

လူတိုင်းဟာ ပုထုဇဉ်တွေဖြစ်ခြင်းကြောင့် ကာမနဲ့အလှတရားကို မက်မောတတ်ကြလို့ ဆက်စ်ပိုင်းကိုလဲ အသင့်သင့် လိုက်လျှောပေးပါ။ အမြင်မှာ မရိုးမငြီးငွေ့ရအောင် အမြဲလှနေအောင် အလှပကိုလဲ ဂရုစိုက်ပေးပါ။ အဲ့လိုဆိုလျှင် သူ့အတွက်ပေးဆပ်လို့ ကျေနပ်နေပါလိမ့်မည်။

မိမိက ဒါတွေအားလုံး လုပ်ဆောင်နိုင်ပီလား.. လုပ်ဆောင်နိုင်ပီးရင်တော့ ပါးရိုက်နှင်ထုတ်တောင် အဲ့ဒီယောကျာ်းလေးတစ်ယောက်ဟာ လွယ်လွယ်ထွက်သွားနိုင်မည်မဟုတ်ပဲ မိမိအနားတွင် တွယ်ကပ်နေပေလိမ့်မည်။

Han Zaw Tun

For Zawgyi


၁။ အလေးထားမှု


၂။ ဂရုစိုက်မှု


၃။ အမျှော်မြင်ရှိမှု


၎။ တန်ဖိုးထားမှု


၅။ စိတ်ကိုသာယာစေမှု



Han Zaw Tun

Post a Comment

0 Comments