အိမ်ထဲဝင်ပီး ကြောင်စာတွေကို ဝင်စားသွားတဲ့ဖွတ်ကြီး (ရုပ်သံ)

မီးဖိုခန်းထဲမှာ ကြောင်စာတွေကို ဗိုက်ဆာဆာနဲ့ စားနေတဲ့ဖွတ်ကြီးတစ်ကောင်ကို မြင်လိုက်ရတဲ့ မိသားစုတစ်စုဟာ အတော်ကို လန့်သွားပါတယ်။ ကလေးနှစ်ယောက်ဖြစ်တဲ့ Lewis Khan က ကြောင်သုံးကောင်အတွက် အစာတွေကို ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ Shdney မြို့မှာရှိတဲ့ Lewis ရဲ့အိမ်ကို နှစ်မီတာရှည်တဲ့ ဖွတ်ကြီးတစ်ကောင်က ခိုးကြောင်ခိုးဝှက် ဝင်လာပြီး ကြောင်စာတွေကို အငမ်းမရစားလိမ့်မယ်လို့ Lewis ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။

Lewisက အသက် 54 နှစ်အရွယ် ရှိပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေပါတယ်။ သူ့မှာည 14 နှစ်အရွယ် Elliot နဲ့ 11 အရွယ် Maia လို့ခေါ်တဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ ကလေးနှစ်ယောက်က Lewis ကို မီးဖိုခန်းထဲဝင်လာဖို့ ထိတ်ထိတ်ပျာပျာနဲ့ လှမ်းခေါ်ပါတယ်။ ကလေးတွေ ဘာ့ကြောင့် လှမ်းခေါ်လဲဆိုတာ Lewis မသိပါဘူး။

မီးဖိုခန်းထဲဝင်လိုက်မှ ကြောင်စာတွေကို သည်းကြီးမည်းကြီးစားတော့မယ့် ဟန်လုပ်နေတဲ့ ဖွတ်ကြီးတစ်ကောင်ကို တွေ့လိုက်ရတာပါ။ တွားသွားသတ္တဝါတစ်ကောင်ဟာ အိမ်ထဲကို မိသားစုဝင်တွေမသိအောင် အကြိမ်များစွာ ဝင်ခဲ့ဖူးတယ်ဆိုတာ Lewis အခုတော့ ယုံသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ကြောင်စာပန်းကန်တွေက လျှာနဲ့လျက်ထားသလို အမြဲပြောင်နေပါတယ်။ အံ့ဩစရာကောင်းလောက်အောင် ဒီဖွတ်က Lewis တို့အိမ်နဲ့ ရင်းနှီးနေသလိုပါပဲ။

"ကျွန်တော်တို့အိမ်က တစ်ဖက်ပိတ်လမ်းရဲ့ အဆုံးမှာရှိပြီးတော အိမ်ရဲ့ဘေးမှာလည်း တောအုပ်တွေက ပတ်လည်ဝိုင်းနေတယ်။ သားပိုက်ကောင်တွေ၊ ဝါလဘီတွေ၊ သစ်ပင်ပေါ်မှာနေတတ်တဲ့ သားပိုက်ကောင်ငယ်လေးတွေကိုတော့ မြင်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတဲ့ ဖွတ်ကိုတော့ မမြင်ဖူးဘူး" လို့ Lewis က ပြောပါတယ်။

"ကျွန်တော်တို့မိသားစုက ဆစ်ဒနီမြို့အပြင်ဘက်က ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေပါတယ်။ တကယ်တော့ ကြောက်စရာကောင်းတယ်။ တောရိုင်းတိရစ္ဆာန်တွေ အိမ်ထဲကို ဝင်လာတဲ့အဖြစ်မျိုး အရင်က မကြုံဖူးဘူး။ အဲဒီတုန်းက ကျွန်တော်တို့ မိသားစုဝင်အားလုံ အိမ်မှာရှိနေကြတယ်။ ကလေးနှစ်ယောက်က ဒီဖွတ်ကို အရင်မြင်တာပါ။ မြင်လည်းမြင်ရော ကျွန်တော့်ကို မီးဖိုခန်းထဲဝင်လာဖို့ ကလေးနှစ်ယောက်က စူးစူးဝါးဝါး အော်တော့တာပါပဲ"

Lewisက ဖွတ်ကို အိမ်ထဲမှာ မြင်လိုက်ရတဲ့အခါ ထိတ်လန့်ပြီး စိတ်လှုပ်ရှားသွားပါတယ်။ နည်းနည်းလည်း ကြောက်သွားပါတယ်။ "တိရစ္ဆာန်ရုံရဲ့အပြင်ဘက်မှာတော့ ဒီလောက်ကြီးတဲ့ ဖွတ်မျိုးတစ်ခါမှ မမြင်ဖူးသေးဘူး။ Jurassic Park ဇာတ်လမ်းကို အပြင်မှာကြုံလိုက်ရသလို ခံစားရတယ်။ လန့်ပြီးဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ ဒီဖွတ်ကို အိမ်အပြင်ရောက်အောင် ဘယ်လိုမောင်းထုတ်ရမလဲ မသိခဲ့ဘူး။ အိမ်ထဲကို ထပ်ဝင်လာမှာကို၊ ဗီရိုထဲမှာ ပုန်းနေမှာကို မလိုလားဘူး။

ကျွန်တော်တို့ အိမ်အနောက်တံခါးကို လေကောင်းလေသန့်ရအောင်၊ ကြောင်လေးတွေလည်း အပြင်ထွက်လို့ရအောင် ဖွင့်ထားလေ့ရှိတယ်။ ကြောင်လေးတွေက သူတို့အစာကို ကာကွယ်ဖို့ အင်အားမရှိပါဘူး။ ဖွတ်က ကြောင်စာတွေကို တော်တော်သဘောကျပုံပဲ။ စားလို့တောင် ဝမှာမဟုတ်ဘူး။ ကြောင်လေးတွေက သူတို့အစာကို ဖွတ်က စားသွားတာ လုံးဝမကျေနပ်ကြဘူး"

ဒီဖွတ်ဟာ ဖွတ်အကြီးစားထဲမှာ ပါဝင်ပြီး Komodo Dragon ဖွတ်နဲ့လည်း အတော်ကို နီးစပ်ပါတယ်။ သာမန်အားဖြင့် တွားသွားတသတ္တဝါတွေက သူတို့ကို ရန်မစရင် သူတို့ကလည်း လူသားတွေကို ရန်မမူပါဘူး။ သူတို့ကို ရန်စရင်တော့ ဆေးရုံတက်ပြီးကုသရလောက်အောင် ချွန်ထက်တဲ့သွားတွေ၊ လက်သည်းတွေနဲ့ တိုက်ခိုက်တတ်ကြပါတယ်။ ကလေးနှစ်ယောက်က ဖွတ်ကို တံမြက်စည်းတစ်ချောင်းနဲ့ အသာအယာတွန်းပြီး အပြင်ကို ထုတ်နိုင်ခဲ့တဲ့အတွက် Lewis က ချီးကျူးနေပါတယ်။

"ကျွန်တော့်ကလေးတွေက လုပ်ရဲကိုင်ရဲ ရှိကြတယ်။ ဖွတ်ကို တံမြက်စည်းတစ်ချောင်းနဲ့ သာသာလေးတွန်းပြီး အပြင်ကိုထုတ်နိုင်လောက်အောင် သတ္တိရှိကြပါတယ်။ ဒါပေမယ့် ဖွတ်က သူ့ဘာသာသူပဲ ထွက်သွားပါတယ်။ ကျွန်တော်တို့ ဘာမှတောင် ကြီးကြီးမားမား သိပ်မလုပ်လိုက်ရဘူး"

ဖွတ်က အိမ်ထဲကနေ ထွက်သွားတော့ ကြောင်လေးတွေလည်း အရမ်းမကြောက်ကြတော့ဘူးလို့ Lewis က ပြောပါတယ်။

"ဖွတ်က ယက်ကန်ယက်ကန်နဲ့ အပြင်ဘက် ပြန်ထွက်သွားတာကို ကြောင်လေးတွေကလည်း ကြည့်နေကြပါတယ်။ ကြောင်လေးတွေထဲက တစ်ကောင်ကိုမှ စားမသွားတာပဲ ကံကောင်းတယ်။ ဒီအဖြစ်အပျက်က ဩစတေးလျမှာ ဖြစ်ခဲ့တာပါ။ မကြုံဖူးလို့ အံ့အားသင့်သွားတယ်" ဆိုပြီး Lewis က ပြောပါတယ်။

ရုပ်သံ

Zombie (Lovemedia)

Ref - dailymail

For Zawgyi

အိမ္ထဲဝင္ပီး ေၾကာင္စာေတြကို ဝင္စားသြားတဲ့ဖြတ္ႀကီး (႐ုပ္သံ)

မီးဖိုခန္းထဲမွာ ေၾကာင္စာေတြကို ဗိုက္ဆာဆာနဲ႔ စားေနတဲ့ဖြတ္ႀကီးတစ္ေကာင္ကို ျမင္လိုက္ရတဲ့ မိသားစုတစ္စုဟာ အေတာ္ကို လန႔္သြားပါတယ္။ ကေလးႏွစ္ေယာက္ျဖစ္တဲ့ Lewis Khan က ေၾကာင္သုံးေကာင္အတြက္ အစာေတြကို ပန္းကန္ထဲမွာ ထည့္ထားပါတယ္။ Shdney ၿမိဳ႕မွာရွိတဲ့ Lewis ရဲ႕အိမ္ကို ႏွစ္မီတာရွည္တဲ့ ဖြတ္ႀကီးတစ္ေကာင္က ခိုးေၾကာင္ခိုးဝွက္ဝွက္ဝင္လာၿပီး ေၾကာင္စာေတြကို အငမ္းမရစားလိမ့္မယ္လို႔ Lewis ဘယ္တုန္းကမွ မထင္ထားခဲ့ပါဘူး။

Lewisက အသက္ 54 ႏွစ္အ႐ြယ္ ရွိၿပီး ျပည္သူ႔ဆက္ဆံေရးလုပ္ငန္းမွာ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ေနပါတယ္။ သူ႔မွာည 14 ႏွစ္အ႐ြယ္ Elliot နဲ႔ 11အ႐ြယ္ Maia လို႔ေခၚတဲ့ ကေလးႏွစ္ေယာက္ရွိပါတယ္။ ကေလးႏွစ္ေယာက္က Lewis ကို မီးဖိုခန္းထဲဝင္လာဖို႔ ထိတ္ထိတ္ပ်ာပ်ာနဲ႔ လွမ္းေခၚပါတယ္။ ကေလးေတြ ဘာ့ေၾကာင့္ လွမ္းေခၚလဲဆိုတာ Lewis မသိပါဘူး။

မီးဖိုခန္းထဲဝင္လိုက္မွ ေၾကာင္စာေတြကို သည္းႀကီးမည္းႀကီးစားေတာ့မယ့္ ဟန္လုပ္ေနတဲ့ ဖြတ္ႀကီးတစ္ေကာင္ကို ေတြ႕လိုက္ရတာပါ။ တြားသြားသတၱဝါတစ္ေကာင္ဟာ အိမ္ထဲကို မိသားစုဝင္ေတြမသိေအာင္ အႀကိမ္မ်ားစြာ ဝင္ခဲ့ဖူးတယ္ဆိုတာ Lewis အခုေတာ့ ယုံသြားပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ေၾကာင္စာပန္းကန္ေတြက လွ်ာနဲ႔လ်က္ထားသလို အၿမဲေျပာင္ေနပါတယ္။ အံ့ဩစရာေကာင္းေလာက္ေအာင္ ဒီဖြတ္က Lewis တို႔အိမ္နဲ႔ ရင္းႏွီးေနသလိုပါပဲ။

"ကြၽန္ေတာ္တို႔အိမ္က တစ္ဖက္ပိတ္လမ္းရဲ႕ အဆုံးမွာရွိၿပီးေတာ အိမ္ရဲ႕ေဘးမွာလည္း ေတာအုပ္ေတြက ပတ္လည္ဝိုင္းေနတယ္။ သားပိုက္ေကာင္ေတြ၊ ဝါလဘီေတြ၊ သစ္ပင္ေပၚမွာေနတတ္တဲ့ သားပိုက္ေကာင္ငယ္ေလးေတြကိုေတာ့ ျမင္ဖူးပါတယ္။ ဒါေပမယ့္ ဒီေလာက္ႀကီးတဲ့ ဖြတ္ကိုေတာ့ မျမင္ဖူးဘူး" လို႔ Lewis က ေျပာပါတယ္။

"ကြၽန္ေတာ္တို႔မိသားစုက ဆစ္ဒနီၿမိဳ႕အျပင္ဘက္က ဆင္ေျခဖုံးရပ္ကြက္ေလးမွာ ေနပါတယ္။ တကယ္ေတာ့ ေၾကာက္စရာေကာင္းတယ္။ ေတာ႐ိုင္းတိရစာၦန္ေတြ အိမ္ထဲကို ဝင္လာတဲ့အျဖစ္မ်ိဳး အရင္က မႀကဳံဖူးဘူး။ အဲဒီတုန္းက ကြၽန္ေတာ္တို႔ မိသားစုဝင္အားလုံ အိမ္မွာရွိေနၾကတယ္။ ကေလးႏွစ္ေယာက္က ဒီဖြတ္ကို အရင္ျမင္တာပါ။ ျမင္လည္းျမင္ေရာ ကြၽန္ေတာ့္ကို မီးဖိုခန္းထဲဝင္လာဖို႔ ကေလးႏွစ္ေယာက္က စူးစူးဝါးဝါး ေအာ္ေတာ့တာပါပဲ"

Lewisက ဖြတ္ကို အိမ္ထဲမွာ ျမင္လိုက္ရတဲ့အခါ ထိတ္လန႔္ၿပီး စိတ္လႈပ္ရွားသြားပါတယ္။ နည္းနည္းလည္း ေၾကာက္သြားပါတယ္။ "တိရစာၦန္႐ုံရဲ႕အျပင္ဘက္မွာေတာ့ ဒီေလာက္ႀကီးတဲ့ ဖြတ္မ်ိဳးတစ္ခါမွ မျမင္ဖူးေသးဘူး။ Jurassic Park ဇာတ္လမ္းကို အျပင္မွာႀကဳံလိုက္ရသလို ခံစားရတယ္။ လန႔္ၿပီးဘာလုပ္လို႔ လုပ္ရမွန္းမသိေတာ့ဘူး။ ဒီဖြတ္ကို အိမ္အျပင္ေရာက္ေအာင္ ဘယ္လိုေမာင္းထုတ္ရမလဲ မသိခဲ့ဘူး။ အိမ္ထဲကို ထပ္ဝင္လာမွာကို၊ ဗီ႐ိုထဲမွာ ပုန္းေနမွာကို မလိုလားဘူး။

ကြၽန္ေတာ္တို႔ အိမ္အေနာက္တံခါးကို ေလေကာင္းေလသန႔္ရေအာင္၊ ေၾကာင္ေလးေတြလည္း အျပင္ထြက္လို႔ရေအာင္ ဖြင့္ထားေလ့ရွိတယ္။ ေၾကာင္ေလးေတြက သူတို႔အစာကို ကာကြယ္ဖို႔ အင္အားမရွိပါဘူး။ ဖြတ္က ေၾကာင္စာေတြကို ေတာ္ေတာ္သေဘာက်ပုံပဲ။ စားလို႔ေတာင္ ဝမွာမဟုတ္ဘူး။ ေၾကာင္ေလးေတြက သူတို႔အစာကို ဖြတ္က စားသြားတာ လုံးဝမေက်နပ္ၾကဘူး"

ဒီဖြတ္ဟာ ဖြတ္အႀကီးစားထဲမွာ ပါဝင္ၿပီး Komodo Dragon ဖြတ္နဲ႔လည္း အေတာ္ကို နီးစပ္ပါတယ္။ သာမန္အားျဖင့္ တြားသြားတသတၱဝါေတြက သူတို႔ကို ရန္မစရင္ သူတို႔ကလည္း လူသားေတြကို ရန္မမူပါဘူး။ သူတို႔ကို ရန္စရင္ေတာ့ ေဆး႐ုံတက္ၿပီးကုသရေလာက္ေအာင္ ခြၽန္ထက္တဲ့သြားေတြ၊ လက္သည္းေတြနဲ႔ တိုက္ခိုက္တတ္ၾကပါတယ္။ ကေလးႏွစ္ေယာက္က ဖြတ္ကို တံျမက္စည္းတစ္ေခ်ာင္းနဲ႔ အသာအယာတြန္းၿပီး အျပင္ကို ထုတ္ႏိုင္ခဲ့တဲ့အတြက္ Lewis က ခ်ီးက်ဴးေနပါတယ္။

"ကြၽန္ေတာ့္ကေလးေတြက လုပ္ရဲကိုင္ရဲ ရွိၾကတယ္။ ဖြတ္ကို တံျမက္စည္းတစ္ေခ်ာင္းနဲ႔ သာသာေလးတြန္းၿပီး အျပင္ကိုထုတ္ႏိုင္ေလာက္ေအာင္ သတၱိရွိၾကပါတယ္။ ဒါေပမယ့္ ဖြတ္က သူ႔ဘာသာသူပဲ ထြက္သြားပါတယ္။ ကြၽန္ေတာ္တို႔ ဘာမွေတာင္ ႀကီးႀကီးမားမား သိပ္မလုပ္လိုက္ရဘူး"

ဖြတ္က အိမ္ထဲကေန ထြက္သြားေတာ့ ေၾကာင္ေလးေတြလည္း အရမ္းမေၾကာက္ၾကေတာ့ဘူးလို႔ Lewis က ေျပာပါတယ္။

"ဖြတ္က ယက္ကန္ယက္ကန္နဲ႔ အျပင္ဘက္ ျပန္ထြက္သြားတာကို ေၾကာင္ေလးေတြကလည္း ၾကည့္ေနၾကပါတယ္။ ေၾကာင္ေလးေတြထဲက တစ္ေကာင္ကိုမွ စားမသြားတာပဲ ကံေကာင္းတယ္။ ဒီအျဖစ္အပ်က္က ဩစေတးလ်မွာ ျဖစ္ခဲ့တာပါ။ မႀကဳံဖူးလို႔ အံ့အားသင့္သြားတယ္" ဆိုၿပီး Lewis က ေျပာပါတယ္။

Zombie (Lovemedia)

Ref - dailymail

Post a Comment

0 Comments