သာမန်ဝင်ငွေရှိတဲ့လူတစ်ယောက်က တစ်နှစ်ကို အရက် ၉.၅ လီတာ သောက်ပါတယ်။ ၉.၅ လီတာသောက်တယ်ဆိုတာ အရက်စွဲနေတဲ့သူ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့တွေ့တုန်း နည်းနည်းပါးပါး သောက်တာဖြစ်ပါတယ်။ နည်းနည်းသောက်လိုက်၊ တစ်ပတ်လောက်မသောက်ပဲ နေလိုက်လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
အရက်ဖြတ်ပြီး တစ်ပတ်ကြာရင်
- အစာစားချင်စိတ် မြင့်တက်လာပါတယ်။ တကယ်တမ်းတော့ အရက်သောက်ရင် ပိုစားဖြစ်လာကြပါတယ်။ အရက်အစား သစ်သီးဖျော်ရည်လေးတွေ သောက်ပေးတာ အကောင်းဆုံးပါပဲ။
- ချိုတဲ့အစားအစာတွေကို စားချင်စိတ် ဖြစ်ပေါ်လာစေပါတယ်။ အနည်းစုကတော့ အချိုစားချင်စိတ် မရှိကြတော့ပါဘူး။ ဆီးချိုရောဂါရှိတဲ့သူ ဆိုရင်တော့ အချိုစားချင်စိတ်က အန္တရာယ်များပါတယ်။
- အရက်ဖြတ်ပြီးရင် အိပ်ပျော်ဖို့ ခက်ခဲလာမှာပါ။ အိပ်ယာမဝင်ခင် အရက်သောက်တတ်သူဆိုရင် ပိုပြီးတော့ ခက်ခဲပါတယ်။ အရက်ဖြတ်ဖြတ်ချင်း ဆိုရင်တော့ ညမှာအိမ်မက်ဆိုးတွေ မက်လာပါလိမ့်မယ်။
- အချို့သူတွေက ခေါင်းကိုက်တတ်ပါတယ်။ အသည်းလည်း ထိခိုက်နိုင်ပြီး သွေးလည်းတိုးနိုင်ပါတယ်။ ခန္ဓာကိုယ်ကလည်း နာကျင်ကိုက်ခဲနေတတ်ပါတယ်။
အရက်ဖြတ်ပြီး ၂ ပတ်အကြာ
- အရက်ဖြတ်ပြီး နှစ်ပတ်ကြာရင် အသည်းကပြန်ကောင်းလာပါတယ်။ အရက်ကို နေ့စဉ်သောက်ရင် အသည်းဆဲလ်တွေက သေသွားပြီးအသည်းမှာ အမာရွတ်တွေ ပေါ်လာပါတယ်။ အသည်းက ပြန်ကောင်းလာနိုင်ပေမယ့် အချိန်ကြာပါတယ်။ အရက် နည်းနည်းသောက်ရင် အသည်းပြန်ကောင်းတာ မြန်ပါတယ်။
- နောက်တစ်ခုကတော့ အသားအရေ လှလာပါတယ်။ အရက်က အရေပြားဆီသွားတဲ့ အောက်ဆီဂျင်ကို နှောင့်ယှက်ပါတယ်။ အဲဒါကြောင့် အရက်သောက်ရင် အသားအရေခြောက်ပြီး အစက်အပြောက်တွေ၊ အရေးအကြောင်းတွေ စောစောစီးစီး ပေါ်လာပါတယ်။
- အစာချေမှုက တိုးတက်လာပါတယ်။ အရက်ဖြတ်ပြီး နှစ်ပတ်အကြာမှာ သူငယ်ချင်းတွေနဲ့တွေ့ပြီး သောက်ချင်စိတ်ကို ထိန်းဖို့အတော်ခက်ခဲပါတယ်။ အဲဒါကြောင့် အတွင်းစိတ်ခိုင်မာဖို့ လိုအပ်ပါတယ်။
အရက်ဖြတ်ပြီး ၃ ပတ် အကြာ
- အရက်ဖြတ်ပြီး ၃ ပတ် အကြာမှာ သိသာလာတာကတော့ မျက်ကွင်းညိုတာ ပျောက်သွားတာပါပဲ။ ဆီးလမ်းကြောင်းစနစ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားလို့ပါ။
- မနက်ခင်းမှာ နိုးထရ လွယ်ကူလာပါတယ်။ အိပ်ရေးဝပြီး လန်းဆန်းလာစေပါတယ်။
- အရက်သောက်ခြင်းက တံတွေးထုတ်လုပ်မှုကို ကျဆင်းစေပြီး သွားကို ထိခိုက်စေပါတယ်။ အရက်ဖြတ်လိုက်ပြီဆိုရင် သွားပေါက်ဖြစ်ခြင်းကို ကင်းစေပြီး သွားအပေါ်ယံကြွေသွားတွေ ခိုင်မာလာပါတယ်။
အရက်ဖြတ်ပြီး ၄ ပတ် အကြာ
- အဝလွန်သူဆိုရင် ကိုယ်အလေးချိန် ကျသွားပါတယ်။ ပျမ်းမျှအားဖြင့် တစ်လကို ၆ပေါင်ကနေ ၈ ပေါင်အထိ ကျသွားပါတယ်။ အရက်သောက်ာတာ မကြာသေးဘူးဆိုရင် ကိုယ်အလေးချိန် ကျတာပိုမြန်ပါတယ်။
- အရက်က သွေးတိုးစေပါတယ်။ အရက်သောက်တာကြာလာရင် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
- အသားအရေက ပိုကြည်လင်လာပါတယ်။ ဝက်ခြံတွေလည်းပျောက်သွားပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က မျှတာလာပြီး သွေးလည်ပတ်မှုလည်း ကောင်းလာပါတယ်။ မျက်နှာက လန်းဆန်းလာပြီး အစက်အပျောက်တွေလည်း မရှိတော့ပါဘူး။
- စိတ်တွေလည်း ကြည်လင်လာပြီး အလုပ်တွေလည်း ထိထိရောက်ရောက် လုပ်လာနိုင်ပါတယ်။ အရက်သောက်ရင် ဦးနှောက်ဆဲလ်သန်းပေါင်းများစွာကို သေစေပါတယ်။
Zombie (Lovemedia)
For Zawgyi
အရက္ျဖတ္ၿပီး ၄ ပတ္ၾကာရင္ ခႏၶာကိုယ္မွာ ဘာေတြျဖစ္လာမလဲ ?
သာမန္ဝင္ေငြရွိတဲ့လူတစ္ေယာက္က တစ္ႏွစ္ကို အရက္၉.၅ လီတာ ေသာက္ပါတယ္။ ၉.၅ လီတာေသာက္တယ္ဆိုတာ အရက္စြဲေနတဲ့သူ မဟုတ္ပါဘူး။ သူငယ္ခ်င္းေတြနဲ႔ေတြ႕တုန္း နည္းနည္းပါးပါး ေသာက္တာျဖစ္ပါတယ္။ နည္းနည္းေသာက္လိုက္၊ တစ္ပတ္ေလာက္မေသာက္ပဲ ေနလိုက္လည္း ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။
အရက္ျဖတ္ၿပီး တစ္ပတ္ၾကာရင္
- အစာစားခ်င္စိတ္ ျမင့္တက္လာပါတယ္။ တကယ္တမ္းေတာ့ အရက္ေသာက္ရင္ ပိုစားျဖစ္လာၾကပါတယ္။ အရက္အစား သစ္သီးေဖ်ာ္ရည္ေလးေတြ ေသာက္ေပးတာ အေကာင္းဆုံးပါပဲ။
- ခ်ိဳတဲ့အစားအစာေတြကို စားခ်င္စိတ္ ျဖစ္ေပၚလာေစပါတယ္။ အနည္းစုကေတာ့ အခ်ိဳစားခ်င္စိတ္ မရွိၾကေတာ့ပါဘူး။ ဆီးခ်ိဳေရာဂါရွိတဲ့သူ ဆိုရင္ေတာ့ အခ်ိဳစားခ်င္စိတ္က အႏၲရာယ္မ်ားပါတယ္။
- အရက္ျဖတ္ၿပီးရင္ အိပ္ေပ်ာ္ဖို႔ ခက္ခဲလာမွာပါ။ အိပ္ယာမဝင္ခင္ အရက္ေသာက္တတ္သူဆိုရင္ ပိုၿပီးေတာ့ ခက္ခဲပါတယ္။ အရက္ျဖတ္ျဖတ္ခ်င္း ဆိုရင္ေတာ့ ညမွာအိမ္မက္ဆိုးေတြ မက္လာပါလိမ့္မယ္။
- အခ်ိဳ႕သူေတြက ေခါင္းကိုက္တတ္ပါတယ္။ အသည္းလည္း ထိခိုက္ႏိုင္ၿပီး ေသြးလည္းတိုးႏိုင္ပါတယ္။ ခႏၶာကိုယ္ကလည္း နာက်င္ကိုက္ခဲေနတတ္ပါတယ္။
အရက္ျဖတ္ၿပီး ၂ ပတ္အၾကာ
- အရက္ျဖတ္ၿပီး ႏွစ္ပတ္ၾကာရင္ အသည္းကျပန္ေကာင္းလာပါတယ္။ အရက္ကို ေန႔စဥ္ေသာက္ရင္ အသည္းဆဲလ္ေတြက ေသသြားၿပီးအသည္းမွာ အမာ႐ြတ္ေတြ ေပၚလာပါတယ္။ အသည္းက ျပန္ေကာင္းလာႏိုင္ေပမယ့္ အခ်ိန္ၾကာပါတယ္။ အရက္ နည္းနည္းေသာက္ရင္ အသည္းျပန္ေကာင္းတာ ျမန္ပါတယ္။
- ေနာက္တစ္ခုကေတာ့ အသားအေရ လွလာပါတယ္။ အရက္က အေရျပားဆီသြားတဲ့ ေအာက္ဆီဂ်င္ကို ေႏွာင့္ယွက္ပါတယ္။ အဲဒါေၾကာင့္ အရက္ေသာက္ရင္ အသားအေရေျခာက္ၿပီး အစက္အေျပာက္ေတြ၊ အေရးအေၾကာင္းေတြ ေစာေစာစီးစီး ေပၚလာပါတယ္။
- အစာေခ်မႈက တိုးတက္လာပါတယ္။ အရက္ျဖတ္ၿပီး ႏွစ္ပတ္အၾကာမွာ သူငယ္ခ်င္းေတြနဲ႔ေတြ႕ၿပီး ေသာက္ခ်င္စိတ္ကို ထိန္းဖို႔အေတာ္ခက္ခဲပါတယ္။ အဲဒါေၾကာင့္ အတြင္းစိတ္ခိုင္မာဖို႔ လိုအပ္ပါတယ္။
အရက္ျဖတ္ၿပီး ၃ ပတ္ အၾကာ
- အရက္ျဖတ္ၿပီး ၃ ပတ္ အၾကာမွာ သိသာလာတာကေတာ့ မ်က္ကြင္းညိဳတာ ေပ်ာက္သြားတာပါပဲ။ ဆီးလမ္းေၾကာင္းစနစ္က ပုံမွန္အတိုင္း ျပန္ျဖစ္သြားလို႔ပါ။
- မနက္ခင္းမွာ ႏိုးထရ လြယ္ကူလာပါတယ္။ အိပ္ေရးဝၿပီး လန္းဆန္းလာေစပါတယ္။
- အရက္ေသာက္ျခင္းက တံေတြးထုတ္လုပ္မႈကို က်ဆင္းေစၿပီး သြားကို ထိခိုက္ေစပါတယ္။ အရက္ျဖတ္လိုက္ၿပီဆိုရင္ သြားေပါက္ျဖစ္ျခင္းကို ကင္းေစၿပီး သြားအေပၚယံေႂကြသြားေတြ ခိုင္မာလာပါတယ္။
အရက္ျဖတ္ၿပီး ၄ ပတ္ အၾကာ
- အဝလြန္သူဆိုရင္ ကိုယ္အေလးခ်ိန္ က်သြားပါတယ္။ ပ်မ္းမွ်အားျဖင့္ တစ္လကို ၆ေပါင္ကေန ၈ ေပါင္အထိ က်သြားပါတယ္။ အရက္ေသာက္ာတာ မၾကာေသးဘူးဆိုရင္ ကိုယ္အေလးခ်ိန္ က်တာပိုျမန္ပါတယ္။
- အရက္က ေသြးတိုးေစပါတယ္။ အရက္ေသာက္တာၾကာလာရင္ ႏွလုံးေသြးေၾကာနဲ႔ ဆိုင္တဲ့ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။
- အသားအေရက ပိုၾကည္လင္လာပါတယ္။ ဝက္ၿခံေတြလည္းေပ်ာက္သြားပါတယ္။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္က မွ်တာလာၿပီး ေသြးလည္ပတ္မႈလည္း ေကာင္းလာပါတယ္။ မ်က္ႏွာက လန္းဆန္းလာၿပီး အစက္အေပ်ာက္ေတြလည္း မရွိေတာ့ပါဘူး။
- စိတ္ေတြလည္း ၾကည္လင္လာၿပီး အလုပ္ေတြလည္း ထိထိေရာက္ေရာက္ လုပ္လာႏိုင္ပါတယ္။ အရက္ေသာက္ရင္ ဦးေႏွာက္ဆဲလ္သန္းေပါင္းမ်ားစြာကို ေသေစပါတယ္။
Zombie (Lovemedia)
0 Comments