နှုတ်ခမ်းနီရောင်ကနေ သိနိုင်မယ့် မိန်းကလေးတွေရဲ့ စိတ်နေသဘောထား

မိတ်ကပ်ပြင်ဆင်မှုကနေ လူတွေ အကြောင်းကို သိနိုင်ပါတယ်။ အရောင်တွေ မှာလည်း အဓိပ္ပါယ် အမျိုးမျိုး ရှိပါတယ်။

လိမ္မော်ရောင်

နှုတ်ခမ်းကို လိမ္မော်ရောင် ဆိုးတတ်သူဟာ ပျော်ပျော်နေတတ်သူ ဖြစ်ပြီး အားလပ်ချိန်တွေကို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ကုန်ဆုံးတတ် ပါတယ်။ လူမှုဆက်ဆံရေးလည်း ပြေပြစ် ပါတယ်။ ပျော်ပျော်နေတတ်လို့ လူအများစု ကလည်း သတိထားမိကြ ပါတယ်။ အကောင်းမြင်တတ်တဲ့ စိတ်လေးက အရာရာကို အဆင်ပြေသွားစေ တာပါ။

အနီရောင်

နှုတ်ခမ်းကို အနီရောင်ဆိုး ထားသူဖြစ်ရင် ရဲရင့်သူပါ။ စိန်ခေါ်မှုတွေနဲ့ တွေ့ရလည်း မကြောက် ပါဘူး။ ရည်မှန်းချက်တွေ နောက်ကို မရပ်မနား လိုက်တတ်ပြီး ပန်းတိုင်ကို ရောက်အောင် ကြိုးစားတတ်တာဟာ သင်ရဲ့အထင်ရှားဆုံး အချက် ပါပဲ။ ရိုးရှင်းပြီး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ကိုလည်း နှစ်သက်တတ် သူလည်း ဖြစ်ပါတယ်။

ပန်းရောင်

သင်ဟာ မိတ်ဆွေ သူငယ်ချင်းတွေကို ဂရုစိုက်တတ်သူ ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေ ဆီမှာ ဘယ်လို ပြဿနာတွေပဲ ရှိရှိ သင့်ဆီရောက်ရင်တော့ ပြေလည်သွားတတ် ပါတယ်။ သနားကြင်နာတတ်သူလည်း ဖြစ်တာကြောင့် စိတ်လည်း ထိခိုက်လွယ် ပါတယ်။

အသားရောင်

သင်ဟာ ဘဝမှာ ရိုးရှင်းတဲ့ အရာတွေကို နှစ်သက်ပြီး အလုပ်လည်း အလွန် ကြိုးစားပါတယ်။ ဘဝမှာတန်ဖိုး အရှိဆုံး အရာက ရိုးသားမှုလို့ ခံယူထားသူလည်း ဖြစ်ပါတယ်။ သူစိမ်းတွေ အပေါ်မှာတောင် အပေါ်ယံကောင်းပြတာ မဟုတ်ပါဘူး။ စိတ်ထဲက မပါရင် ဘာမှ မလုပ်တတ် ပါဘူး။ စိတ်ခံစားချက်တွေကို အပြင်ထုတ်ပြီးလည်း မပြသတတ်ပါဘူး။

အညိုရောင်

သင့်အတွက်တော့ မိသားစုက ပထမဦးစားပေးပါပဲ။ မိသားစုနဲ့ နေရတာကို ပိုပျော်ပါတယ်။ ရိုးရာအစဉ်အလာတွေကို လိုက်နာတတ်ပြီး ကောင်းတဲ့ အမှတ်တရတွေကို ပြန်စဉ်းစားရတာကို သဘောကျပါတယ်။ အတိတ်ကို တသသ ဖြစ်နေတတ်သူ ဆိုရင်လည်း မမှားပါဘူး။ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဖက်ရှင်တွေကိုလည်း သဘောကျပါတယ်။

ခရမ်းရောင်

လိုချင်တဲ့အရာ တစ်ခုခုရှိလာပြီဆိုရင် ဘယ်အရာမှ သင့်ကို မတားမြစ်နိုင်တော့ ပါဘူး။ တချို့ကတော့ သင့်ကို ခေါင်းမာတယ်လို့ ထင်ချင်ထင်ကြ ပါလိမ့်မယ်။ တကယ်တော့ ဆုံးဖြတ်ချက် ပြတ်သားတာပါ။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာဖြစ်ပြီး စိတ်ဓာတ် ခိုင်မာသူလည်း ဖြစ်ပါတယ်။ လူအများစုက သင့်သဘောထားတွေကို လက်ခံကြပါတယ်။ ယှဉ်ပြိုင်ရတာကိုလည်း သဘောကျတတ်သူပါ။

အနက်ရောင်

သင့်အကြောင်းပြောတဲ့ နောက်ကွယ်က စကားတွေကို ဂရုစိုက်တတ်သူ မဟုတ်ပါဘူး။ ဘဝကို သူများစိတ်နဲ့မရှင်သန်ဘဲ အမှီအခိုကင်းကင်း ဖြတ်သန်းပါတယ်။ တော်လှန်ဆန့်ကျင်ရတာကို သဘောကျတတ်ပြီး ဘောင်အပြင်ကနေ စဉ်းစားတတ်ပါတယ်။ နက်နက်နဲနဲ စဉ်းစားတတ်သူ ဖြစ်တာကြောင့် သင့်ပတ်ဝန်းကျင်က အရာမှန်သမျှကို မေးခွန်းထုတ်နေတတ် ပါတယ်။

အပြာရောင်

သင်ဟာ အနုပညာဘက်မှာ အားသန်ပြီး တီထွင်ဉာဏ်ရှိသူလည်း ဖြစ်ပါတယ်။ လူအများစု ကတော့ သင့်ကို နားလည်ဖို့ခက်မှာပါ။ သေချာတာ တစ်ခုကတော့ သင်ဟာ အမြဲရှေ့ရောက်နေ တတ်တာပါ။ အတွေးအခေါ်တွေ ကလည်း တခြားသူတွေနဲ့ မတူဘဲ ဆန်းပြားနေ ပါတယ်။ ရည်မှန်းချက် ကြီးတဲ့ အပြင် ဇွဲကလည်း တော်ရုံတော့ မဟုတ်ပါဘူး။

Zombie (Lovemedia)

For Zawgyi

ႏႈတ္ခမ္းနီေရာင္ကေန သိႏိုင္မယ့္ မိန္းကေလးေတြရဲ႕ စိတ္ေနသေဘာထား

မိတ္ကပ္ျပင္ဆင္မႈ ကေန လူေတြ အေၾကာင္းကို သိႏိုင္ပါတယ္။ အေရာင္ေတြ မွာလည္း အဓိပၸါယ္ အမ်ိဳးမ်ိဳး ရွိပါတယ္။

လိေမၼာ္ေရာင္

ႏႈတ္ခမ္းကို လိေမၼာ္ေရာင္ ဆိုးတတ္သူဟာ ေပ်ာ္ေပ်ာ္ေနတတ္သူ ျဖစ္ၿပီး အားလပ္ခ်ိန္ေတြကို သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြနဲ႔ ကုန္ဆုံးတတ္ ပါတယ္။ လူမႈဆက္ဆံေရးလည္း ေျပျပစ္ ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္လို႔ လူအမ်ားစု ကလည္း သတိထားမိၾက ပါတယ္။ အေကာင္းျမင္တတ္တဲ့ စိတ္ေလးက အရာရာကို အဆင္ေျပသြားေစ တာပါ။

အနီေရာင္

ႏႈတ္ခမ္းကို အနီေရာင္ဆိုး ထားသူျဖစ္ရင္ ရဲရင့္သူပါ။ စိန္ေခၚမႈေတြနဲ႔ ေတြ႕ရလည္း မေၾကာက္ ပါဘူး။ ရည္မွန္းခ်က္ေတြ ေနာက္ကို မရပ္မနား လိုက္တတ္ၿပီး ပန္းတိုင္ကို ေရာက္ေအာင္ ႀကိဳးစားတတ္တာဟာ သင္ရဲ႕အထင္ရွားဆုံး အခ်က္ ပါပဲ။ ႐ိုးရွင္းၿပီး တန္ဖိုးႀကီးတဲ့ ပစၥည္းေတြ ကိုလည္း ႏွစ္သက္တတ္ သူလည္း ျဖစ္ပါတယ္။

ပန္းေရာင္

သင္ဟာ မိတ္ေဆြ သူငယ္ခ်င္းေတြကို ဂ႐ုစိုက္တတ္သူ ျဖစ္ပါတယ္။ မိတ္ေဆြ သူငယ္ခ်င္းေတြ ဆီမွာ ဘယ္လို ျပႆနာေတြပဲ ရွိရွိ သင့္ဆီေရာက္ရင္ေတာ့ ေျပလည္သြားတတ္ ပါတယ္။ သနားၾကင္နာတတ္သူလည္း ျဖစ္တာေၾကာင့္ စိတ္လည္း ထိခိုက္လြယ္ ပါတယ္။

အသားေရာင္

သင္ဟာ ဘဝမွာ ႐ိုးရွင္းတဲ့ အရာေတြကို ႏွစ္သက္ၿပီး အလုပ္လည္း အလြန္ ႀကိဳးစားပါတယ္။ ဘဝမွာတန္ဖိုး အရွိဆုံး အရာက ႐ိုးသားမႈလို႔ ခံယူထားသူလည္း ျဖစ္ပါတယ္။ သူစိမ္းေတြ အေပၚမွာေတာင္ အေပၚယံေကာင္းျပတာ မဟုတ္ပါဘူး။ စိတ္ထဲက မပါရင္ ဘာမွ မလုပ္တတ္ ပါဘူး။ စိတ္ခံစားခ်က္ေတြကို အျပင္ထုတ္ၿပီးလည္း မျပသတတ္ပါဘူး။

အညိဳေရာင္

သင့္အတြက္ေတာ့ မိသားစုက ပထမဦးစားေပးပါပဲ။ မိသားစုနဲ႔ေနရတာကို ပိုေပ်ာ္ပါတယ္။႐ိုးရာအစဥ္အလာေတြကို လိုက္နာတတ္ၿပီး ေကာင္းတဲ့ အမွတ္တရေတြကို ျပန္စဥ္းစားရတာကို သေဘာက်ပါတယ္။အတိတ္ကို တသသ ျဖစ္ေနတတ္သူ ဆိုရင္လည္း မမွားပါဘူး။ အရင္ေခတ္က နာမည္ႀကီးခဲ့တဲ့ ႐ုပ္ရွင္ေတြ၊ သီခ်င္းေတြ၊ ဖက္ရွင္ေတြကိုလည္း သေဘာက်ပါတယ္။

ခရမ္းေရာင္

လိုခ်င္တဲ့အရာ တစ္ခုခုရွိလာၿပီဆိုရင္ ဘယ္အရာမွ သင့္ကို မတားျမစ္ႏိုင္ေတာ့ ပါဘူး။ တခ်ိဳ႕ကေတာ့ သင့္ကို ေခါင္းမာတယ္လို႔ ထင္ခ်င္ထင္ၾက ပါလိမ့္မယ္။ တကယ္ေတာ့ ဆုံးျဖတ္ခ်က္ ျပတ္သားတာပါ။ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ျဖစ္ဖို႔ ေမြးဖြားလာတာျဖစ္ၿပီး စိတ္ဓာတ္ ခိုင္မာသူလည္း ျဖစ္ပါတယ္။ လူအမ်ားစုက သင့္သေဘာထားေတြကို လက္ခံၾကပါတယ္။ ယွဥ္ၿပိဳင္ရတာကိုလည္း သေဘာက်တတ္သူပါ။

အနက္ေရာင္

သင့္အေၾကာင္းေျပာတဲ့ ေနာက္ကြယ္က စကားေတြကို ဂ႐ုစိုက္တတ္သူ မဟုတ္ပါဘူး။ ဘဝကို သူမ်ားစိတ္နဲ႔မရွင္သန္ဘဲ အမွီအခိုကင္းကင္း ျဖတ္သန္းပါတယ္။ ေတာ္လွန္ဆန႔္က်င္ရတာကို သေဘာက်တတ္ၿပီး ေဘာင္အျပင္ကေန စဥ္းစားတတ္ပါတယ္။ နက္နက္နဲနဲ စဥ္းစားတတ္သူ ျဖစ္တာေၾကာင့္ သင့္ပတ္ဝန္းက်င္က အရာမွန္သမွ်ကို ေမးခြန္းထုတ္ေနတတ္ ပါတယ္။

အျပာေရာင္

သင္ဟာ အႏုပညာဘက္မွာ အားသန္ၿပီး တီထြင္ဉာဏ္ရွိသူလည္း ျဖစ္ပါတယ္။ လူအမ်ားစု ကေတာ့ သင့္ကို နားလည္ဖို႔ခက္မွာပါ။ ေသခ်ာတာ တစ္ခုကေတာ့ သင္ဟာ အၿမဲေရွ႕ေရာက္ေန တတ္တာပါ။ အေတြးအေခၚေတြ ကလည္း တျခားသူေတြနဲ႔ မတူဘဲ ဆန္းျပားေန ပါတယ္။ ရည္မွန္းခ်က္ ႀကီးတဲ့ အျပင္ ဇြဲကလည္း ေတာ္႐ုံေတာ့ မဟုတ္ပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments