သဝန်တိုတာ မရင့်ကျက်လို့ပါ

အချစ်ကြောင့် သဝန်တိုတယ် ဆိုပီး လူအများက ယူဆထားကြပါတယ်။ ကျွန်မ ငယ်ငယ်တုန်းကလည်း အဲလိုပဲ ချစ်တဲ့စိတ်ကြောင့် သဝန်တိုခြင်းဆိုတာ ဖြစ်လာတယ်လို့ ထင်မှတ်ခဲ့ဖူးတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို သဝန်တိုတာ သူငါ့ကို ချစ်လို့ပဲ ဆိုပြီးတော့ စိတ်ထဲပျော်ရွှင်ကျေနပ် ခဲ့ဖူးတယ်။

အဲလိုပဲ အိမ်ထောင်ကျတော့လည်း ကိုယ့်ခင်ပွန်းက ကိုယ့်အပေါ်ကို သဝန်တိုပြီး တားဆီးပိတ်ပင်တဲ့အခါ အော်… သူ့ခင်ဗျာ ငါ့ကို ချစ်ရှာလို့ သဝန်တိုတာပဲလို့ ယူဆမိခဲ့တယ်။

သူစိမ်းတရံ အမျိုးသားတွေနဲ့ စကားပြောဆိုတိုင်း ခင်ပွန်းမျက်နှာ ညိုနေရင်၊ မျက်နှာပျက်နေရင်လည်း တစ်ဘက်လူကို အားနာရကောင်းမှန်း မသိဘဲနဲ့ ဟိုမှာ ကျွန်မခင်ပွန်း သဝန်တိုနေပြီ ထင်တယ်၊ မျက်မှောင်ကြီး ကျုတ်နေတယ် လို့ ပြော ခဲ့ဖူးတယ်။

အဲလိုပြောပြီး စကားဖြတ် လိုက်မိတာက သူများကို စော်ကားမိခဲ့တာပဲ ဆိုတာကို ခုချိန်မှာ သဘောပေါက် နားလည်လာခဲ့တယ်။ တောင်းပန်သင့်တဲ့ စော်ကားမှုပါပဲ။ တကယ်တော့ ချစ်လို့ သဝန်တိုတယ် ဆိုတာ မဟုတ်ပါဘူး။ ဒါဟာ လွဲမှားတဲ့ ယူဆချက်လို့ အသက် ၄၀ ကျော်ချိန်မှာ လက်ခံလာခဲ့မိတယ်။

သဝန်တိုတတ်တဲ့ သူတွေက အမြဲတမ်း ချစ်တာကိုး….၊ ချစ်လို့ အဲဒီလို ဖြစ်ရတာလို့ အကြောင်းပြကြပေမဲ့ ဒါဟာ ချစ်ခြင်းကို တစ်လွဲသုံး လိုက်တာလို့ပဲ နားလည်မိပါတော့တယ်။

တစ်ခါတုန်းကလည်း ကျွန်မအနေနဲ့ facebook သုံးနေရင်းနဲ့တစ်ဖက် Message ကနေ စကားမေးမြန်းပြောဆိုတာကို ကျမက ပြန်ပြောခဲ့ပါတယ်။ ဒါကို ခင်ပွန်းက တွေ့သွားပြီး ကျွန်မကို facebook သုံးတိုင်း မျက်မှောင်ကြုတ်ပြီး မကြည်သလိုလို၊ ပြီးတော့ သုံးနေတာကိုလည်း ယောင်လည်လည်နဲ့ လာကြည့်တာမျိုးတွေနဲ့ စိတ်အနှောက်အယှက် ဖြစ်စေခဲ့တယ်။

ကျွန်မအနေနဲ့လည်း ကိုယ့်ကိုယ်ကို ယုံကြည်သလို၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကိုလည်း ယုံကြည်တဲ့အတွက် ခုလိုမျိုး မယုံသလိုလိုနဲ့ ဆက်ဆံခဲ့ရတာက ခံရခက်လှတယ်။ အဲဒါကြောင့် ခင်ပွန်းသည်ကို ဗြောင်ပဲ ပြောဆိုမိတယ်။

ကျွန်မရဲ့ ကိုယ်ကျင့်တရားကို မယုံဘူးလား၊ ကျွန်မရဲ့ သစ္စာတရားကိုရော မယုံဘူးလား၊ ဘာများ ဖောက်ဖျက်ခဲ့တဲမျိုး ရှိဖူးလဲ။ ဒါကို သိလျက်နဲ့ ဒီလိုပဲ မယုံသလို လုပ်နေရင်တော့ ကျွန်မကို အကြီးအကျယ် စော်ကားနေတာပဲ လို့ ခံစားနာကျင်ရတဲ့အတိုင်း ပြောဆိုမိတယ်။

အဲဒီ နောက်ပိုင်းမှာတော့ သူ့အနေနဲ့ သဝန်တိုတာမျိုးတွေ သိပ်မလုပ်တော့ဘူး၊ လုပ်ခဲ့ရင်လည်း ကျွန်မအနေနဲ့ သည်းခံနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာပါ၊ ဒါဆို ကျွန်မတို့ အိမ်ထောင်ရေးဟာ သာယာနိုင်မှာ မဟုတ်တော့ပါဘူး။

အိမ်ထောင်တစ်ခု သာယာဖို့အတွက် ခင်ပွန်းသည်နဲ့ ဇနီးသည်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ အရေးကြီးတယ်ဆိုတာ အမှန်တကယ်ပါပဲ။ တကယ်တော့ သဝန်တိုတယ် ဆိုတာက ချစ်လို့ မဟုတ်ပါဘူး၊ သဝန်တိုတတ်တဲ့သူတွေက ချစ်လို့ ဆိုတာကို အကြောင်းပြတာပါ။

ဘာဖြစ်လို့လဲဆိုတော့ သဝန်တိုတဲ့သူတွေရဲ့ အချစ်က မပြည့်တဲ့အချစ်၊ မရင့်ကျက်တဲ့ အချစ် အားနည်းတဲ့ အချစ်၊ အတ္တကြီးတဲ့ အချစ်မို့လို့ပါ။ အတ္တချစ် ဆိုတာကတော့ ကိုယ့်အတွက် သူ့ကို ချစ်တာဖြစ်တယ်။ အဲဒါကြောင့် ကိုယ့်အတွက်ပဲ သူက ဖြစ်ရမယ်ဆိုတဲ့ စိတ်အစွဲ ရှိနေတယ်။

အဲဒါကြောင့် ယောင်္ကျားအချို့က ပိတ်ရက်တွေမှာ မိန်းမက မိဘအိမ်သွားမယ် ဆိုတာကိုတောင် မနှစ်မြို့နိုင်တာ၊ သူ့မိဘကို ငါ့ထက်ပိုနေတယ်ဆိုတဲ့ စိတ်ကြောင့်ပါ။ မိဘအပေါ်မှာတောင် ခွဲမပေးနိုင်တဲ့ သဝန်တိုစိတ်ဆိုတာ သူ့ကို ကိုယ်က ချစ်တဲ့စိတ်ထက်၊ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်က များနေလို့ပါပဲ။

သဝန်တိုတတ်တဲ့ သူတွေရဲ့ စိတ်ထဲမှာ အရာအားလုံးကို ငါကပဲ ရရမယ်လို့ စွဲမှတ်ထားလေ့ ရှိတယ်။ အဲဒါကြောင့် အဲလိုငါ အားလုံးမရပါလားလို့ ထင်မြင်တဲ့အခါ သဝန်တိုစိတ် ဖြစ်ရပါတယ်။ ဒါ့အပြင် သဝန်တိုတတ်သူတို့ စိတ်ထဲမှာ အပြစ်စွဲစိတ်နဲ့ မုန်းတီးစိတ်လည်း ရှိနေတတ်တယ်။

လွဲမှားတဲ့ စိတ်ထားတွေလည်း သဝန်တိုသူတွေဆီမှာ ရှိရတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ချစ်သူက သူ့ချစ်သလောက် မချစ်ဘူးလို့ ထင်မြင်ယူဆရင်လည်း သဝန်တို တတ်တယ်။ ပြီးတော့ ကိုယ်က သူ့အပြင် အခြား တစ်ယောက်အပေါ် စိတ်ကစားမိရင်လည်း သူလည်း ငါ့လိုပဲ ကစားမှာပဲလို့ ကိုယ့်စိတ်နဲ့နှိုင်းပြီး သဝန်တိုတာမျိုးလည်း ရှိပါတယ်။

ဘာကြောင့်ပဲ သဝန်တိုပါစေ၊ လူတိုင်းဟာ ကိုယ့်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာတရားနဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ထိပါးခံရတဲ့ အခါတိုင်း လူတိုင်းဟာ နာကျင်ခံစား တတ်ကြတာပါပဲ။ သင်္ကာမကင်း စိတ်နဲ့ လိုက်ကြည့်နေတာမျိုး၊ သဝန်တိုစိတ်နဲ့ အမှားလုပ်တော့မလား လုပ်တော့မလား ဆိုတဲ့ သဘောထားမျိုးနဲ့စောင့်ကြည့်နေတာမျိုး အဲလိုစိတ်မျိုး တစ်ဦးဦးမှာ ရှိနေရင် အဲဒီ အိမ်ထောင်ရေးဟာ သာယာဖို မဖြစ်နိုင်တော့ပါဘူး။

ကိုယ့်အနေနဲ့ သူ့ကို အလုံးစုံ အပိုင်ရဖို့ ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ၊ ကိုယ့်ကိုယ်ကိုတောင် မပိုင်တာ၊ အဲဒီသဘောတရားနဲ့ယှဉ်ပြီး စဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ ကိုယ်က သူ့ကို ကိုယ်ချင်းစာနာစိတ်နဲ့ ကြည့်မယ်၊ စာနာထောက်ထားဆို တွေးမယ် ဆိုရင် မကောင်းတဲ့စိတ်ဟာ ဝင်မလာနိုင်ပါဘူး။

အဲလိုမှ မဟုတ်ဘဲနဲ့ အပြစ်တင်လိုတဲ့စိတ်နဲ့ ကြည့်မယ်၊ အပျက်ဆန်တဲ့ စိတ်မျိုးနဲ့ ပြသနာလုပ်မယ်၊ ဆက်ဆံရေးမှာလည်း နိုင့်ထက်စီးနင်းပြောဆို ဆက်ဆံမယ် ဆိုရင်တော့ ဘယ်လို အိမ်ထောင်ရေးမျိုး ဖြစ်နေပါစေ၊ ပျက်ဆီးနိုင်တာပါပဲ။

အိမ်ထောင် ပျက်ဆီးကြခြင်း အကြောင်းရင်းများရဲ့ ၅၀ % ဟာ သဝန်တိုမှုနဲ့ ခင်ပွန်း (သို့မဟုတ်) ဇနီးသည်တို့ရဲ့ မရင့်ကျက်မှုတွေကြောင့် ဖြစ်တယ်လို့ စိတ်ပညာရှင် ဦးခင်မောင်သန်းရဲ့ စာအုပ်ထဲမှာလည်း လေ့လာခဲ့ဖူးပါတယ်။ ကျေးဇူးတင်ပါတယ်။

မေသင်္ကြန်ဟိန် (မြစ်မခ)

For Zawgyi

သဝန္တိုတာ မရင့္က်က္လို႔ပါ

အခ်စ္ေၾကာင့္ သဝန္တိုတယ္ ဆိုပီး လူအမ်ားက ယူဆထားၾကပါတယ္။ ကြၽန္မ ငယ္ငယ္တုန္းကလည္း အဲလိုပဲ ခ်စ္တဲ့စိတ္ေၾကာင့္ သဝန္တိုျခင္းဆိုတာ ျဖစ္လာတယ္လို႔ ထင္မွတ္ခဲ့ဖူးတယ္။ ကိုယ့္ခ်စ္သူက ကိုယ့္ကို သဝန္တိုတာ သူငါ့ကို ခ်စ္လို႔ပဲ ဆိုၿပီးေတာ့ စိတ္ထဲေပ်ာ္႐ႊင္ေက်နပ္ ခဲ့ဖူးတယ္။

အဲလိုပဲ အိမ္ေထာင္က်ေတာ့လည္း ကိုယ့္ခင္ပြန္းက ကိုယ့္အေပၚကို သဝန္တိုၿပီး တားဆီးပိတ္ပင္တဲ့အခါ ေအာ္… သူ႔ခင္ဗ်ာ ငါ့ကို ခ်စ္ရွာလို႔ သဝန္တိုတာပဲလို႔ ယူဆမိခဲ့တယ္။

သူစိမ္းတရံ အမ်ိဳးသားေတြနဲ႔ စကားေျပာဆိုတိုင္း ခင္ပြန္းမ်က္ႏွာ ညိဳေနရင္၊ မ်က္ႏွာပ်က္ေနရင္လည္း တစ္ဘက္လူကို အားနာရေကာင္းမွန္း မသိဘဲနဲ႔ ဟိုမွာ ကြၽန္မခင္ပြန္း သဝန္တိုေနၿပီ ထင္တယ္၊ မ်က္ေမွာင္ႀကီး က်ဳတ္ေနတယ္ လို႔ ေျပာ ခဲ့ဖူးတယ္။

အဲလိုေျပာၿပီး စကားျဖတ္ လိုက္မိတာက သူမ်ားကို ေစာ္ကားမိခဲ့တာပဲ ဆိုတာကို ခုခ်ိန္မွာ သေဘာေပါက္ နားလည္လာခဲ့တယ္။ ေတာင္းပန္သင့္တဲ့ ေစာ္ကားမႈပါပဲ။ တကယ္ေတာ့ ခ်စ္လို႔ သဝန္တိုတယ္ ဆိုတာ မဟုတ္ပါဘူး။ ဒါဟာ လြဲမွားတဲ့ ယူဆခ်က္လို႔အသက္ ၄၀ ေက်ာ္ခ်ိန္မွာ လက္ခံလာခဲ့မိတယ္။

သဝန္တိုတတ္တဲ့ သူေတြက အၿမဲတမ္း ခ်စ္တာကိုး….၊ ခ်စ္လို႔ အဲဒီလို ျဖစ္ရတာလို႔ အေၾကာင္းျပၾကေပမဲ့ ဒါဟာ ခ်စ္ျခင္းကို တစ္လြဲသုံး လိုက္တာလို႔ပဲ နားလည္မိပါေတာ့တယ္။

တစ္ခါတုန္းကလည္း ကြၽန္မအေနနဲ႔ facebook သုံးေနရင္းနဲ႔တစ္ဖက္ Message ကေန စကားေမးျမန္းေျပာဆိုတာကို က်မက ျပန္ေျပာခဲ့ပါတယ္။ ဒါကို ခင္ပြန္းက ေတြ႕သြားၿပီး ကြၽန္မကို facebook သုံးတိုင္း မ်က္ေမွာင္ၾကဳတ္ၿပီး မၾကည္သလိုလို၊ ၿပီးေတာ့ သုံးေနတာကိုလည္း ေယာင္လည္လည္နဲ႔ လာၾကည့္တာမ်ိဳးေတြနဲ႔ စိတ္အေႏွာက္အယွက္ ျဖစ္ေစခဲ့တယ္။

ကြၽန္မအေနနဲ႔လည္း ကိုယ့္ကိုယ္ကို ယုံၾကည္သလို၊ ကိုယ့္ရဲ႕ ကိုယ္က်င့္တရားကိုလည္း ယုံၾကည္တဲ့အတြက္ ခုလိုမ်ိဳး မယုံသလိုလိုနဲ႔ ဆက္ဆံခဲ့ရတာက ခံရခက္လွတယ္။ အဲဒါေၾကာင့္ ခင္ပြန္းသည္ကို ေျဗာင္ပဲ ေျပာဆိုမိတယ္။

ကြၽန္မရဲ႕ ကိုယ္က်င့္တရားကို မယုံဘူးလား၊ ကြၽန္မရဲ႕ သစၥာတရားကိုေရာ မယုံဘူးလား၊ ဘာမ်ား ေဖာက္ဖ်က္ခဲ့တဲမ်ိဳး ရွိဖူးလဲ။ ဒါကို သိလ်က္နဲ႔ ဒီလိုပဲ မယုံသလို လုပ္ေနရင္ေတာ့ ကြၽန္မကို အႀကီးအက်ယ္ ေစာ္ကားေနတာပဲ လို႔ ခံစားနာက်င္ရတဲ့အတိုင္း ေျပာဆိုမိတယ္။

အဲဒီ ေနာက္ပိုင္းမွာေတာ့ သူ႔အေနနဲ႔ သဝန္တိုတာမ်ိဳးေတြ သိပ္မလုပ္ေတာ့ဘူး၊ လုပ္ခဲ့ရင္လည္း ကြၽန္မအေနနဲ႔ သည္းခံႏိုင္ပါ့မလားဆိုတာ စိုးရိမ္စရာပါ၊ ဒါဆို ကြၽန္မတို႔ အိမ္ေထာင္ေရးဟာ သာယာႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

အိမ္ေထာင္တစ္ခု သာယာဖို႔အတြက္ ခင္ပြန္းသည္နဲ႔ ဇနီးသည္တို႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးဟာ အေရးႀကီးတယ္ဆိုတာ အမွန္တကယ္ပါပဲ။ တကယ္ေတာ့ သဝန္တိုတယ္ ဆိုတာက ခ်စ္လို႔ မဟုတ္ပါဘူး၊ သဝန္တိုတတ္တဲ့သူေတြက ခ်စ္လို႔ ဆိုတာကို အေၾကာင္းျပတာပါ။

ဘာျဖစ္လို႔လဲဆိုေတာ့ သဝန္တိုတဲ့သူေတြရဲ႕ အခ်စ္က မျပည့္တဲ့အခ်စ္၊ မရင့္က်က္တဲ့ အခ်စ္ အားနည္းတဲ့ အခ်စ္၊ အတၱႀကီးတဲ့ အခ်စ္မို႔လို႔ပါ။ အတၱခ်စ္ ဆိုတာကေတာ့ ကိုယ့္အတြက္ သူ႔ကို ခ်စ္တာျဖစ္တယ္။ အဲဒါေၾကာင့္ ကိုယ့္အတြက္ပဲ သူက ျဖစ္ရမယ္ဆိုတဲ့ စိတ္အစြဲ ရွိေနတယ္။

အဲဒါေၾကာင့္ ေယာက်ၤားအခ်ိဳ႕က ပိတ္ရက္ေတြမွာ မိန္းမက မိဘအိမ္သြားမယ္ ဆိုတာကိုေတာင္ မႏွစ္ၿမိဳ႕ႏိုင္တာ၊ သူ႔မိဘကို ငါ့ထက္ပိုေနတယ္ဆိုတဲ့ စိတ္ေၾကာင့္ပါ။ မိဘအေပၚမွာေတာင္ ခြဲမေပးႏိုင္တဲ့ သဝန္တိုစိတ္ဆိုတာ သူ႔ကို ကိုယ္က ခ်စ္တဲ့စိတ္ထက္၊ ကိုယ့္ကိုယ္ကို ခ်စ္တဲ့စိတ္က မ်ားေနလို႔ပါပဲ။

သဝန္တိုတတ္တဲ့ သူေတြရဲ႕ စိတ္ထဲမွာ အရာအားလုံးကို ငါကပဲ ရရမယ္လို႔ စြဲမွတ္ထားေလ့ ရွိတယ္။ အဲဒါေၾကာင့္ အဲလိုငါ အားလုံးမရပါလားလို႔ ထင္ျမင္တဲ့အခါ သဝန္တိုစိတ္ ျဖစ္ရပါတယ္။ ဒါ့အျပင္ သဝန္တိုတတ္သူတို႔ စိတ္ထဲမွာ အျပစ္စြဲစိတ္နဲ႔ မုန္းတီးစိတ္လည္း ရွိေနတတ္တယ္။

လြဲမွားတဲ့ စိတ္ထားေတြလည္း သဝန္တိုသူေတြဆီမွာ ရွိရတာ ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ခ်စ္သူက သူ႔ခ်စ္သေလာက္ မခ်စ္ဘူးလို႔ ထင္ျမင္ယူဆရင္လည္း သဝန္တို တတ္တယ္။ ၿပီးေတာ့ ကိုယ္က သူ႔အျပင္ အျခား တစ္ေယာက္အေပၚ စိတ္ကစားမိရင္လည္း သူလည္း ငါ့လိုပဲ ကစားမွာပဲလို႔ ကိုယ့္စိတ္နဲ႔ႏႈိင္းၿပီး သဝန္တိုတာမ်ိဳးလည္း ရွိပါတယ္။

ဘာေၾကာင့္ပဲ သဝန္တိုပါေစ၊ လူတိုင္းဟာ ကိုယ့္ရဲ႕ကိုယ္က်င့္တရား၊ သိကၡာတရားနဲ႔ ကိုယ္ပိုင္ လြတ္လပ္ခြင့္ကို ထိပါးခံရတဲ့ အခါတိုင္း လူတိုင္းဟာ နာက်င္ခံစား တတ္ၾကတာပါပဲ။ သကၤာမကင္း စိတ္နဲ႔ လိုက္ၾကည့္ေနတာမ်ိဳး၊ သဝန္တိုစိတ္နဲ႔ အမွားလုပ္ေတာ့မလား လုပ္ေတာ့မလား ဆိုတဲ့ သေဘာထားမ်ိဳးနဲ႔ေစာင့္ၾကည့္ေနတာမ်ိဳး အဲလိုစိတ္မ်ိဳး တစ္ဦးဦးမွာ ရွိေနရင္ အဲဒီ အိမ္ေထာင္ေရးဟာ သာယာဖို မျဖစ္ႏိုင္ေတာ့ပါဘူး။

ကိုယ့္အေနနဲ႔ သူ႔ကို အလုံးစုံ အပိုင္ရဖို႔ ဆိုတာ ျဖစ္မွမျဖစ္ႏိုင္တာ၊ ကိုယ့္ကိုယ္ကိုေတာင္ မပိုင္တာ၊ အဲဒီသေဘာတရားနဲ႔ယွဥ္ၿပီး စဥ္းစားဖို႔ လိုပါတယ္။ ၿပီးေတာ့ ကိုယ္က သူ႔ကို ကိုယ္ခ်င္းစာနာစိတ္နဲ႔ ၾကည့္မယ္၊ စာနာေထာက္ထားဆို ေတြးမယ္ ဆိုရင္ မေကာင္းတဲ့စိတ္ဟာ ဝင္မလာႏိုင္ပါဘူး။

အဲလိုမွ မဟုတ္ဘဲနဲ႔ အျပစ္တင္လိုတဲ့စိတ္နဲ႔ ၾကည့္မယ္၊ အပ်က္ဆန္တဲ့ စိတ္မ်ိဳးနဲ႔ ျပသနာလုပ္မယ္၊ ဆက္ဆံေရးမွာလည္း ႏိုင့္ထက္စီးနင္းေျပာဆို ဆက္ဆံမယ္ ဆိုရင္ေတာ့ ဘယ္လို အိမ္ေထာင္ေရးမ်ိဳး ျဖစ္ေနပါေစ၊ ပ်က္ဆီးႏိုင္တာပါပဲ။

အိမ္ေထာင္ ပ်က္ဆီးၾကျခင္း အေၾကာင္းရင္းမ်ားရဲ႕ ၅၀ % ဟာ သဝန္တိုမႈနဲ႔ ခင္ပြန္း (သို႔မဟုတ္) ဇနီးသည္တို႔ရဲ႕ မရင့္က်က္မႈေတြေၾကာင့္ ျဖစ္တယ္လို႔ စိတ္ပညာရွင္ ဦးခင္ေမာင္သန္းရဲ႕ စာအုပ္ထဲမွာလည္း ေလ့လာခဲ့ဖူးပါတယ္။ ေက်းဇူးတင္ပါတယ္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

Post a Comment

0 Comments