အိမ်ထောင်ကွဲတွေ ပြောပြတဲ့ အိမ်ထောင်ရေး သင်ခန်းစာ (၇) ခု

အိမ်ထောင်ရေး ပြသနာ ဆိုတာက ကိုယ်ကိုယ်တိုင် အိမ်ထောင်ပြုလိုက် ပီးမှသာ သိနိုင်မှာ ဖြစ်ပါတယ် ။ ဒါပေမယ့် အောက်က အချက်တွေကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ ရှိခဲ့သူတွေ သိလိုက်ရတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ် ။

သင်လည်း သူတို့ရဲ့ အတွေ့ အကြုံကနေ အိမ်ထောင်ရေး အကြောင်း လေ့လာနိုင်ပါတယ်နော် ။

၁။ ဆွေမျိုးတွေက သင့်ရဲ့ အိမ်ထောင်ရေးကို အနှောက်အယှက် ပေးလိမ့်မယ် ( ချွေးမနဲ့ ယောက်ခမ ပြသနာ )

၂။ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ အချစ်တခုထဲနဲ့ မလုံလောက်ပါဘူး ။ ကိုယ့်အိမ်ထောင်ဘက်ကို ချစ်ရုံသာမက သဘောကျ နှစ်ခြိုက်ရမယ် ၊ လေးစားမှု ရှိနေရမယ် ။ အချစ်ဆုံး သူငယ်ချင်းလို ဖြစ်နေရပါမယ် ။ ဘဝတသက်တာ ရဲဘော် ရဲဘက်ဖြစ်ဖို့ လိုအပ်ပါတယ် ။

၃။ လက်ထပ်စာချုပ်က ဘာမှသိပ်ပြောင်းလဲ မပေးနိုင်ပါဘူး ။ လက်ထပ်စာချုပ် ရှိနေလို့ သူ့ကို သင်ပိုင်တယ်လို့ ယူဆနေ ပါလိမ့်မယ် ။ ဒါပေမယ့် လူတယောက်ရဲ့ စိတ်ကို စာရွက်တရွက်က ပြောင်းလဲပေးနိုင်စွမ်း ၊ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး ။

၄။ သင့်ရဲ့ အိမ်ထောင်ဘက်က တခုခုကို စိတ်ညစ်နေတယ် လို့ သံသယ ဖြစ်ရင် အကြောင်းရင်းကို သိရအောင် လုပ်ပါ။ ဘာမှ မဟုတ်ဘူး ဆိုပီး လျစ်လျူ မရှုပါနဲ့ ။ ဘာမဟုတ်တာလေး တခုအပေါ် သူက စိတ်ညစ်တတ်တယ် ဆိုရင်တောင် သူ ဘာအတွက် စိတ်ညစ်တယ် ဆိုတာ သင်သိထားဖို့ နားလည်ထားဖို့ လိုအပ်ပါတယ်နော် ။

၅။ အမြဲတမ်း အတူရှိနေဖို့ မလိုအပ်ပါဘူး ။ အိမ်ထောင်သည်တွေ ဖြစ်ကြတဲ့အခါ စီးပွားရေး အတူလုပ်တာတို့ ၊ ဘယ်သွားသွား အနားက ကပ်ပါနေတယ် ဆိုတာ ကြာရင် တဦးကိုတဦး ငြီးငွေ့စရာ ဖြစ်သလို အပြစ်တွေလည်း ပိုပီးမြင်လာနိုင် ပါတယ် ။ လူတိုင်းမှာ ကိုယ့်ဝါသနာကိုယ် လုပ်ဖို့ အချိန် ရှိသင့်ပါတယ် ။

၆။ သင် ဒေါသထွက်ရတဲ့ စိတ်ပျက်စရာ အကျင့်တွေဟာ လက်ထပ်ပြီးတာနဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ။ လက်ထပ်ပြီးတဲ့ အချိန်မှာ သူ့မှာရှိတဲ့ သင် စိတ်ပျက်ရတဲ့ အမူအကျင့်တွေက အဆပေါင်းများစွာ ဆိုးရွား လာမယ် ။ ချစ်သူဘဝတုန်းက သင် စိတ်ပျက်သွားမှာ စိုးတဲ့စိတ်နဲ့ ထိန်းချုပ်မှုတွေ ရှိနေသေးတဲ့ အတွက် သင်မြင်ရတဲ့ ဆိုးရွားမှုတွေက နည်းတောင် နည်းနေပါသေးတယ် ။

၇။ စိတ်ပျက်စရာ အိမ်ထောင်ရေးမှာ အတင်း ကြိတ်မှိတ်နေစရာ မလိုဘူး ။ ငါ့ဘဝတော့ ဆုံးပြီ ဆိုပြီး ဘဝကို ရေစုံမျှောစရာ အကြောင်း မရှိပါဘူး ။ ခိုင်မြဲတဲ့ အိမ်ထောင်ရေး ဖြစ်ချင်တာ အိမ်ထောင်သည်တိုင်းရဲ့ ဆန္ဒဖြစ်ပေမဲ့ အဲဒီ အိမ်ထောင်ရေးက သင်လိုချင်တဲ့ သင်ဖြစ်ချင်တဲ့ သင်နဲ့ ထိုက်တန်တဲ့ အိမ်ထောင်ရေး မဟုတ်ဘူး ဆိုရင်တော့ သင့်မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေပါသေးတယ် ။

Crd

Post a Comment

0 Comments