သံပရိုခြမ်းလေးတွေကို အိပ်ယာဘေးထားအိပ်ခြင်း၏ အကျိုးကျေးဇူးများ

သံပရိုသီးကို ရေနွေးနဲ့ စိမ်သောက်ရင် အစာချေဖျက်ခြင်းနဲ့ ကိုယ်ခံအားစနစ်အတွက် အကျိုးရှိစေပါတယ်။ သံပရိုသီးရဲ့ စိတ်ဝက်စားစရာ အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါသေးတယ်နော်။ သံပရိုသီးရဲ့ စွမ်းအားတွေက မကုန်ဆုံးနိုင်အောင်ပါပဲ။ သံပရိုသီးက အိပ်စက်နေတဲ့ အချိန်မှာတောင် အကျိုးပြုနိုင်ပါတယ်။ သံပရိုခြမ်းလေးတွေကို အိပ်ယာဘေးမှာ ထားအိပ်ရုံပါပဲ။

- သံပရိုသီးကို အခြမ်းလေးတွေဖြစ်အောင် လှီးလိုက်ပါ။

- သံပရိုခြမ်းတွေကို ပန်းကန်လုံးတစ်လုံးထံ ထည့်ပါ။

- ပန်းကန်လုံးကို အိပ်ယာဘေးမှာ တစ်ညလုံးထားပါ။

ညတိုင်းထားပေးမယ် ဆိုရင်တော့ အံ့အားသင့်စရာ ရလဒ်တွေကို မြင်တွေ့ရမှာပါ။

1. သွေးတိုးကျစေတယ်။

အမေရိကန်နိုင်ငံရဲ့ လူဦးရေ 32% မှာ သွေးတိုးရောဂါ ရှိပါတယ်။ သံပရိုသီးက သွေးတိုးရောဂါအတွက် တကယ်ကို အသုံးဝင်ပါတယ်။ သံပရိုခြမ်းလေးတွေကို အိပ်ယာဘေးမှာ ထားပေးရုံနဲ့ သွေးတိုးကျစေပါတယ်။ အပြင်းအထန် သွေးတိုးလာရင်တော့ ဆရာဝန်ဆီသွားပြတာ အကောင်းဆုံးပါပဲ။

2. စိတ်ဖိစီးမှုတွေ လျော့စေတယ်။

အကြောင်းအရာပေါင်း များစွာကို တစ်နေကုန် စဉ်းစားလုပ်ကိုင်ပြီးတဲ့ အခါ အာရုံကြော အဖွဲ့အစည်းက ပင်ပန်းလာပါတယ်။ အဲဒါကြောင့် အိပ်ရေးဝဝနဲ့ အနားယူနိုင်ဖို့က အရေးကြီးလာပါပြီ။ သံပရိုခြမ်းရဲ့ရနံ့လေးတွေက အာရုံကြော အဖွဲ့အစည်းကို သက်သာရာရစေပြီး ပင်ပန်းမှု ပျောက်စေပါတယ်။

3. အသက်ရှူရ ကောင်းစေတယ်။

သံပရိုသီးရဲ့ အင်တီအောက်စီးဒင့်က နှာခေါင်းပိတ်ခြင်းနဲ့ ဓာတ်မတည့်ခြင်းများကို သက်သာစေပါတယ်။ အခန်းထဲက လေထုညစ်ညမ်းမှုများကိုလည်း သံပရိုခြမ်းက သန့်စင်ပေးပါတယ်။ အဲဒါကြောင့် သံပရိုခြမ်းလေးတွေကို အိပ်ယာဘေးမှာ ထားခြင်းဖြင့် အနံံ့အသက်ဆိုးတွေကို ဖယ်ရှားနိုင်မှာပါ။

4. အင်းဆက်ပိုးတွေကို ဖယ်ရှားပေးတယ်။

သံပရိုသီးက အင်းဆက်ပိုးတွေကို ဖယ်ရှားနိုင်မယ့် သဘာဝနည်းလမ်းကောင်းတစ်ခုပါပဲ။ အင်းဆက်ပိုးတွေက သံပရိုခြမ်းရဲ့ရနံ့ကို မခံနိုင်လို့ မြန်မြန်ထွက်ပြေးသွားကြမှာပါ။

5. မနက်ခင်းအိပ်ယာထရင် အားအင်ပြည့်ဝစေတယ်။

သံပရိုသီးက အသက်ရှူခြင်းနဲ့ အာရုံကြောအဖွဲ့အစည်းအတွက် အကျိုးရှိစေပါတယ်။ အဲဒါကြောင့် အိပ်ရေးဝဝ အိပ်ပျော်နိုင်ပါတယ်။ သံပရိုသီးရဲ့ ရနံ့က ပျော်ရွှင်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို တိုးမြှင့်ပေးပါတယ်။ အဲဒါကြောင့် မနက်ခင်းဆိုရင် ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်း နိုးလာနိုင်မှာပါ။

Zombie (Lovemedia)

For Zawgyi

သံပ႐ိုျခမ္းေလးေတြကို အိပ္ယာေဘးထားအိပ္ျခင္း၏ အက်ိဳးေက်းဇူးမ်ား

သံပ႐ိုသီးကို ေရေႏြးနဲ႔ စိမ္ေသာက္ရင္ အစာေခ်ဖ်က္ျခင္းနဲ႔ ကိုယ္ခံအားစနစ္အတြက္ အက်ိဳးရွိေစပါတယ္။ သံပ႐ိုသီးရဲ႕ စိတ္ဝက္စားစရာ အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီး ရွိပါေသးတယ္ေနာ္။ သံပ႐ိုသီးရဲ႕စြမ္းအားေတြက မကုန္ဆုံးႏိုင္ေအာင္ပါပဲ။ သံပ႐ိုသီးက အိပ္စက္ေနတဲ့ အခ်ိန္မွာေတာင္ အက်ိဳးျပဳႏိုင္ပါတယ္။ သံပ႐ိုျခမ္းေလးေတြကို အိပ္ယာေဘးမွာ ထားအိပ္႐ုံပါပဲ။

- သံပ႐ိုသီးကို အျခမ္းေလးေတြျဖစ္ေအာင္ လွီးလိုက္ပါ။

- သံပ႐ိုျခမ္းေတြကို ပန္းကန္လုံးတစ္လုံးထံ ထည့္ပါ။

- ပန္းကန္လုံးကို အိပ္ယာေဘးမွာ တစ္ညလုံးထားပါ။

ညတိုင္းထားေပးမယ္ ဆိုရင္ေတာ့ အံ့အားသင့္စရာ ရလဒ္ေတြကို ျမင္ေတြ႕ရမွာပါ။

1. ေသြးတိုးက်ေစတယ္။

အေမရိကန္ႏိုင္ငံရဲ႕ လူဦးေရ 32% မွာ ေသြးတိုးေရာဂါ ရွိပါတယ္။ သံပ႐ိုသီးက ေသြးတိုးေရာဂါအတြက္ တကယ္ကို အသုံးဝင္ပါတယ္။ သံပ႐ိုျခမ္းေလးေတြကို အိပ္ယာေဘးမွာ ထားေပး႐ုံနဲ႔ ေသြးတိုးက်ေစပါတယ္။ အျပင္းအထန္ ေသြးတိုးလာရင္ေတာ့ ဆရာဝန္ဆီသြားျပတာ အေကာင္းဆုံးပါပဲ။

2. စိတ္ဖိစီးမႈေတြ ေလ်ာ့ေစတယ္။

အေၾကာင္းအရာေပါင္း မ်ားစြာကို တစ္ေနကုန္ စဥ္းစားလုပ္ကိုင္ၿပီးတဲ့ အခါ အာ႐ုံေၾကာ အဖြဲ႕အစည္းက ပင္ပန္းလာပါတယ္။ အဲဒါေၾကာင့္ အိပ္ေရးဝဝနဲ႔ အနားယူႏိုင္ဖို႔က အေရးႀကီးလာပါၿပီ။ သံပ႐ိုျခမ္းရဲ႕ရနံ႔ေလးေတြက အာ႐ုံေၾကာ အဖြဲ႕အစည္းကို သက္သာရာရေစၿပီး ပင္ပန္းမႈ ေပ်ာက္ေစပါတယ္။

3. အသက္ရႉရ ေကာင္းေစတယ္။

သံပ႐ိုသီးရဲ႕ အင္တီေအာက္စီးဒင့္က ႏွာေခါင္းပိတ္ျခင္းနဲ႔ ဓာတ္မတည့္ျခင္းမ်ားကို သက္သာေစပါတယ္။အခန္းထဲက ေလထုညစ္ညမ္းမႈမ်ားကိုလည္း သံပ႐ိုျခမ္းက သန႔္စင္ေပးပါတယ္။ အဲဒါေၾကာင့္ သံပ႐ိုျခမ္းေလးေတြကို အိပ္ယာေဘးမွာ ထားျခင္းျဖင့္ အနံံ့အသက္ဆိုးေတြကို ဖယ္ရွားႏိုင္မွာပါ။

4. အင္းဆက္ပိုးေတြကို ဖယ္ရွားေပးတယ္။

သံပ႐ိုသီးက အင္းဆက္ပိုးေတြကို ဖယ္ရွားႏိုင္မယ့္ သဘာဝနည္းလမ္းေကာင္းတစ္ခုပါပဲ။ အင္းဆက္ပိုးေတြက သံပ႐ိုျခမ္းရဲ႕ရနံ႔ကို မခံႏိုင္လို႔ ျမန္ျမန္ထြက္ေျပးသြားၾကမွာပါ။

5. မနက္ခင္းအိပ္ယာထရင္ အားအင္ျပည့္ဝေစတယ္။

သံပ႐ိုသီးက အသက္ရႉျခင္းနဲ႔ အာ႐ုံေၾကာအဖြဲ႕အစည္းအတြက္ အက်ိဳးရွိေစပါတယ္။ အဲဒါေၾကာင့္ အိပ္ေရးဝဝ အိပ္ေပ်ာ္ႏိုင္ပါတယ္။ သံပ႐ိုသီးရဲ႕ ရနံ႔က ေပ်ာ္႐ႊင္ေစတဲ့ ေဟာ္မုန္းထုတ္လုပ္မႈကို တိုးျမႇင့္ေပးပါတယ္။ အဲဒါေၾကာင့္ မနက္ခင္းဆိုရင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လန္းလန္းဆန္းဆန္း ႏိုးလာႏိုင္မွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments