အသားအရေ ကြမ်းတဲ့လူတွေမှာ ခြေထောက်ပွတ်တိုက်တာ များလာရင် အသားမာတွေ ဖြစ်လာပြီး နာတတ်ပါတယ်။ အသားမှာတွေက ခြေထောက်မှာ ရှိသလို လက်မှာလည်း ရှိပါတယ်။ သာမန်အားဖြင့်တော့ အသားမာတွေက အန္တရာယ် မရှိပါဘူး။ ဂရုမစိုက်ဘဲ ထားရင် ရောဂါပိုးတော့ ဝင်နိုင်ပါတယ်။ ခြေထောက်က အသားမာတွေ ပျောက်သွားအောင် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်လို့ ရပါတယ်။
1. အက်စပရင်ဆေးပြား
အက်စပရင်ဆေးပြားက ခြေထောက်က အသားမာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အက်စပရင်ဆေးပြားကို အမှုန့်ကြိတ်ပြီး သံပရိုရည်၊ ရေတို့နဲ့အတူ ရောမွှေပါ။ မွှေထားတဲ့ ဆေးနှစ်ကို အသားမာတွေပေါ် လိမ်းပေးပြီး ရေနွေးစိမ်ထားတဲ့ ပဝါနဲ့ ခြေထောက်ကို ပတ်ပေးပါ။ 10 မိနစ်လောက် ကြာရင် အသားမာတွေကို ရေမြုပ်ကျောက်ခဲနဲ့ ပွတ်တိုက်ပေးပါ။ ဆီးချိုရောဂါ ရှိရင်၊ အက်စပရင်နဲ့ ဓာတ်မတည့်ရင်တော့ ဒီနည်းကို မသုံးသင့်ပါဘူး။
2. မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ရောပြီး ခြေထောက်ကို နေ့စဉ် လိမ်းပေးရင် အသားမာတွေ ပျောက်သွားမှာပါ။
3. ရေနွေးစိမ်ခြင်း
ရေနွေးက ခြေထောက်အတွက် သာမက အသားအရေအတွက်လည်း ကောင်းစေပါတယ်။ Chamomile လက်ဖက်ရည် ဒါမှမဟုတ် လက်ဖက်ဆီကို ရေနွေးနဲ့ရောပြီး ခြေထောက်ကို ရေနွေးမှာ စိမ်ပေးပါ။ Chamomile လက်ဖက်ရည်က ခြေထောက်မှာ စွန်းတယ်ဆိုရင် ဆပ်ပြာနဲ့ လွယ်လွယ်ကူကူ ဆေးလို့ရပါတယ်။
4. ပြောင်းမှုန်
ခြေထောက်ကို ပြောင်းမှုန့်နဲ့ ပွတ်တိုက်ပေးရင် ခြေထောက်က ခြောက်သွေ့သွားပြီး အသားမာတွေလည်း မဖြစ်တော့ပါဘူး။ တခြား ကူးစက်ရောဂါတွကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ပြောင်းမှုန့်တစ်ဇွန်းဆို လုံလောက်ပါပြီ။
5. ရှာလကာရည်
ဂွမ်းစလေးတွေကို ရှာလကာရည်ထဲနှစ်ပြီး အသားမာရှိတဲ့နေရာမှာ တိပ်နဲ့တွဲကပ်ပေးပါ။ တညလောက်ထားပြီး ရေမြုပ်ကျောက်ခဲနဲ့ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။
6. နာနာတ်သီး
နာနတ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်းက ခြေထောက်ကို ချောမွေ့စေပြီး အသားမာတွေကို ပျောက်ကင်းစေမှာပါ။ နာနတ်သီးကို အကွင်းလေးတွေဖြစ်အောင် လှီးပြီး ခြေထောက်မှာ ပိတ်စလေးနဲ့ စည်းပေးပါ။ တစ်ပတ်ကို တစ်ခါပြုလုပ်ပေးရုံနဲ့ အသားမာတွေ ပျောက်သွားမှာပါ။
7. မှိုတက်နေတဲ့ပေါင်မုန့်
မှိုတက်နေတဲ့ပေါင်မုန့်က စားဖို့မသင့်တော်တော့ပေမယ့် အသားအရေအတွက်တော့ အကျိုးရှိစေပါတယ်။ ပေါင်မုန့်တစ်ချပ်ရဲ့ တစ်ဝက်ကို ရှာလကာရည်ထဲ ထည့်စိမ်ပြီး ခြေထောက်မှာ အဝတ်စတစ်ခုနဲ့ ပတ်ထားပေးပါ။ ဒါမှမဟုတ် ခြေထောက်ကို ပေါင်မုန့်နဲ့ကပ်ပြီး ခြေအိတ်ဝတ်ထားလို့လည်း ရပါတယ်။
8. ရှားစောင်းလက်ပတ်
လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခြေထောက်က အသားမာပေါ် ပွတ်ပေးပြီးနောက် ပတ်တီးနဲ့ ပတ်ထားပေးလို့ ရပါတယ်။ ပတ်တီးနဲ့ မပတ်ထားပေးလို့လည်း ရပါတယ်။ ရက်အနည်းငယ်ကြာအောင် ဆက်တိုက်လုပ်ပေးရင် ခြေထောက်မှာ အသားမာ မရှိတော့ပါဘူး။
9. Vitamin A နှင့် Vitamin E
အသားအရေအတွက် ဗီတာမင်တွေက လိုအပ်ပါတယ်။ ဗီတာမင်ဆေးလုံးလေးတွေကို အပ်နဲ့ဖောက်ပြီး ခြေထောက်က အသားမာရှိတဲ့ နေရာကို ပွတ်တိုက်ပေးပါ။
10. ရေနံဂျယ်လီ
ရေနံဂျယ်လီ၊ lotion, အသားအရေ နူးညံ့စေတဲ့ ခရင်မ်တွေက ခြေထောက် အသားမာတွေကို ပျောက်စေမှာပါ။ ခြေထောက်မှာ ရေနံဂျယ်လီ၊ ခရင်မ်တစ်မျိုးမျိုးကို လိမ်းပေးပြီး ခြေအိတ်ဝတ်ထားလို့ ရပါတယ်။
Zombie (Lovemedia)
0 Comments