မိနစ်နှစ်ဆယ်ခန့် နံရံမှာ ခြေထောက်မြောက်ထားရုံနဲ့ ရရှိလာမယ့် အကျိုးကျေးဇူး (၅) ချက်

လူအများစု ကျန်းမာရေးအတွက် လေ့ကျင်ခန်းတွေကို အားတွေ၊ အချိန်တွေ အများကြီး ပေးပြီး ပြုလုပ်ကြပါတယ်။ အချိန်တွေ အများကြီး မပေးနိုင်တဲ့ သူတွေအတွက် တစ်နေ့ကို မိနစ် 20 ခန့် အချိန်ပေးရုံနဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ လေ့ကျင့်ခန်း တခု ရှိပါတယ်။

1. နံရံတစ်ခုမှာ ခြေထောက်ကို သက်တောင့်သက်သာ ဖြစ်မယ့်အနေ အထားနဲ့ မြောက်လိုက်ပါ။ ကျောအောက်မှာ ခေါင်းအုံးတစ်လုံး ထားဖို့တော့ မမေ့ပါနဲ့နော်။

2. ခြေထောက်ကို နံရံပေါ်မှာ မြောက်ထားတဲ့ အချိန်မှာ လက်နှစ်ဖက်ကို ခန္ဓာကိုယ်နဲ့ အပြိုင် အနေအထားမှာ ချထားပေးရုံ ပါပဲ။

3. ဒီပုံစံအတိုင်း 15 မိနစ် ကနေ မိနစ် 20 ကြာအောင် နေပါ။

ဒီလေ့ကျင့်ခန်းကို လုပ်တဲ့အခါ အဝတ်အစားတွေက အရမ်း မကြပ်နေဖို့ လိုပါတယ်။ အဝတ်အစားတွေ အရမ်းကြပ်နေတဲ့ အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ပွပွချောင်ချောင်အဝတ်အစားက သင့်တော်ပါတယ်။

မလှုပ်မယှက်ဘဲ မိနစ် 20 ခန့် ခြေထောက် မြောက်ထားခြင်းက ပုံမှန် လေ့ကျင့်ခန်းတွေနဲ့ မတူဘဲ ယောဂလေ့ကျင့်ခန်းနဲ့ ပိုပြီး တူပါတယ်။ အဓိက အကျိုးကျေးဇူးကတော့ သွေးလည်ပတ်မှု စနစ် ကောင်းလာတာပါပဲ။ ခြေထောက်နဲ့ ကျောရိုးမှာ မကြာသေးခင်ကမှ ထိခိုက်ထားသူတွေ၊ ခြေထောက်နဲ့ကျောရိုးမှာ နာတာရှည်ထိခိုက်ဒဏ်ရာရှိသူတွေကတော့ ဒီလေ့ကျင့်ခန်းကို မပြုလုပ်သင့်ပါဘူး။

နံရံပေါ်မှာ ခြေထောက်မြောက်ထားတဲ့အခါ ခြေထောက်က နံရံနဲ့ အရမ်းမဝေးသင့်သလို အရမ်းလည်း မနီးစေရပါဘူး။ နံရံနဲ့ အရမ်းနီး၊ အရမ်းဝေးတဲ့အခါ ကြွက်သားတွေ တင်းမာလာတတ်ပြီး ကျောရိုးလည်း နာလာမှာပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့မိနစ် 20 ခန့် အချိန်ပေးတဲ့ အခါ

1. ခြေထောက်မှာ လေးလံသလို ခံစားနေရတာ ပျောက်ကင်းသွားပါတယ်။

ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းတဲ့အခါ ခြေထောက်ရောင်တာနဲ့ လေးလံတာ ဖြစ်တတ်ပါတယ်။ နှလုံးနဲ့ကျောက်ကပ်မှာ တစ်ခုခု ချွတ်ယွင်းတာ၊ ကိုယ်အလေးချိန်များတာ၊ အစားအသောက်မှားတဲ့အခါမှာလည်း ခြေထောက် လေးလံတတ်ပါတယ်။ ဒါပေမယ့် ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးနေရင်တော့ ခြေထောက်လေးလံတာ၊ ရောင်တာတွေကို စိတ်ပူစရာ မလိုတော့ ပါဘူး။

2. ဖိနပ်အမြင့်တွေစီးတဲ့အခါ မနာကျင်တော့ပါဘူး။

ဖိနပ်အမြင့်မကြိုက်တဲ့ အမျိုးသမီး ဆိုတာ ခပ်ရှားရှားပါပဲ။ ဖိနပ်အမြင့်ကို အမြဲတမ်းစီးတဲ့သူ ဆိုရင် ကျန်းမာရေးကို ထိခိုက်လာ နိုင်ပါတယ်။ ကိုယ်အလေးအချိန် များသူတွေက ဖိနပ်အမြင့် စီးတဲ့အခါ အခက်တွေ့ပါတယ်။ တစ်နေကုန် ဖိနပ်အမြင့် စီးပြီးတဲ့ အခါ မိနစ် 20 လောက် နံရံမှာ ခြေထောက်မြောက်ထားလိုက်ပါ။ ခြေထောက်မြောက်ပြီးတဲ့ အခါမှာ ခြေထောက်ကို နှိပ်နယ်ပေးပြီး ရေနွေးနဲ့ လည်း ရေချိုးပေးလို့ ရပါတယ်။

3. အစာချေစနစ် ကောင်းမွန်လာ ပါတယ်။

ခြေထောက်ကို နံရံပေါ်မှာ မြောက်ထားခြင်းက အစာအိမ်ရဲ့ အလုပ်တွေကို တိုးတက်စေ ပါတယ်။ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေဆီကို သွေးတွေ ပို့ဆောင်ပေး တာလည်း လွယ်ကူ သွားပါတယ်။ အစာချေရာမှာ လိုအပ်တဲ့ လှုပ်ရှားမှုပြုပေးရတဲ့ ကြွက်သားတွေ အတွက်လည်း ကောင်းသွား ပါတယ်။ဒီလေ့ကျင့်ခန်းကို လုပ်ပေးတဲ့ အခါမှာ စားလိုက်တဲ့ အာဟာရတွေကို မြန်မြန် စုပ်ယူနိုင်မှာပါ။

4. စိတ်ဖိစီးမှုတွေ နည်းလာပါတယ်။

ခြေထောက်ကို နံရံပေါ်မှာ မြောက်ထားတဲ့ အချိန်မှာ အသက်ရှုတဲ့ အခါ လေပိုပြီး ရပါတယ်။ ခန္ဓာကိုယ်ထဲက တစ်ရှူးတွေက အောက်ဆီဂျင်တွေ ပိုရပြီး သွေးလည်ပတ်မှုလည်း ကောင်းလာ ပါတယ်။ အာရုံကြော အဖွဲ့အစည်းအတွက် အကျိုးရှိပြီး နားထင်နဲ့ လည်ပင်းက ကြွက်သွားတွေ တင်းမာမှုကို လျှော့ပြီးသားလည်း ဖြစ်စေ ပါတယ်။

5. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ခြေထောက်နာတဲ့ အခါ၊ ခြေထောက် အပူလောင်တဲ့ အခါ၊ ခြေထောက်ရောင်တဲ့ အခါမှာ အိပ်မပျော်ခြင်းက ရောက်လာပါတယ်။ ခြေထောက်ကို မြောက်ထားတဲ့ အခါ ဦးနှောက်က အောက်ဆီဂျင်ကို ပိုရလာပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းလာပါတယ်။ ခြေထောက်ကို နံရံမှာ မြောက်ထားပြီး ငြိမ်ငြိမ်နေခြင်း ကလည်း စိတ်ကို တည်ငြိမ်စေ ပါတယ်။အဲဒါကြောင့် မအိပ်ခင် မှာလည်း ဒီလေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

မိနစ္ႏွစ္ဆယ္ခန႔္ နံရံမွာ ေျခေထာက္ေျမာက္ထား႐ုံနဲ႔ ရရွိလာမယ့္ အက်ိဳးေက်းဇူး (၅) ခ်က္

လူအမ်ားစု က်န္းမာေရးအတြက္ ေလ့က်င္ခန္းေတြကို အားေတြ၊ အခ်ိန္ေတြ အမ်ားႀကီး ေပးၿပီး ျပဳလုပ္ၾကပါတယ္။ အခ်ိန္ေတြ အမ်ားႀကီး မေပးႏိုင္တဲ့ သူေတြအတြက္ တစ္ေန႔ကို မိနစ္ 20 ခန႔္ အခ်ိန္ေပး႐ုံနဲ႔ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ ေလ့က်င့္ခန္း တခု ရွိပါတယ္။ ေလ့က်င့္ခန္း တခု ရွိပါတယ္။

1. နံရံတစ္ခုမွာ ေျခေထာက္ကို သက္ေတာင့္သက္သာ ျဖစ္မယ့္အေန အထားနဲ႔ ေျမာက္လိုက္ပါ။ ေက်ာေအာက္မွာ ေခါင္းအုံးတစ္လုံး ထားဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

2. ေျခေထာက္ကို နံရံေပၚမွာ ေျမာက္ထားတဲ့ အခ်ိန္မွာ လက္ႏွစ္ဖက္ကို ခႏၶာကိုယ္နဲ႔ အၿပိဳင္ အေနအထားမွာ ခ်ထားေပး႐ုံ ပါပဲ။

3. ဒီပုံစံအတိုင္း 15 မိနစ္ ကေန မိနစ္ 20 ၾကာေအာင္ ေနပါ။

ဒီေလ့က်င့္ခန္းကို လုပ္တဲ့အခါ အဝတ္အစားေတြက အရမ္း မၾကပ္ေနဖို႔ လိုပါတယ္။ အဝတ္အစားေတြ အရမ္းၾကပ္ေနတဲ့ အခါ ေသြးလည္ပတ္မႈကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ပြပြေခ်ာင္ေခ်ာင္အဝတ္အစားက သင့္ေတာ္ပါတယ္။

မလႈပ္မယွက္ဘဲ မိနစ္ 20 ခန႔္ ေျခေထာက္ ေျမာက္ထားျခင္းက ပုံမွန္ ေလ့က်င့္ခန္းေတြနဲ႔ မတူဘဲ ေယာဂေလ့က်င့္ခန္းနဲ႔ ပိုၿပီး တူပါတယ္။ အဓိက အက်ိဳးေက်းဇူးကေတာ့ ေသြးလည္ပတ္မႈ စနစ္ ေကာင္းလာတာပါပဲ။ ေျခေထာက္နဲ႔ ေက်ာ႐ိုးမွာ မၾကာေသးခင္ကမွ ထိခိုက္ထားသူေတြ၊ ေျခေထာက္နဲ႔ေက်ာ႐ိုးမွာ နာတာရွည္ထိခိုက္ဒဏ္ရာရွိသူေတြကေတာ့ ဒီေလ့က်င့္ခန္းကို မျပဳလုပ္သင့္ပါဘူး။

နံရံေပၚမွာ ေျခေထာက္ေျမာက္ထားတဲ့အခါ ေျခေထာက္က နံရံနဲ႔ အရမ္းမေဝးသင့္သလို အရမ္းလည္း မနီးေစရပါဘူး။ နံရံနဲ႔ အရမ္းနီး၊ အရမ္းေဝးတဲ့အခါ ႂကြက္သားေတြ တင္းမာလာတတ္ၿပီး ေက်ာ႐ိုးလည္း နာလာမွာပါ။ ဒီေလ့က်င့္ခန္းကို တစ္ေန႔မိနစ္ 20 ခန႔္ အခ်ိန္ေပးတဲ့ အခါ

1. ေျခေထာက္မွာ ေလးလံသလို ခံစားေနရတာ ေပ်ာက္ကင္းသြားပါတယ္။

ေျခေထာက္မွာ ေသြးလည္ပတ္မႈ မေကာင္းတဲ့အခါ ေျခေထာက္ေရာင္တာနဲ႔ ေလးလံတာ ျဖစ္တတ္ပါတယ္။ ႏွလုံးနဲ႔ေက်ာက္ကပ္မွာ တစ္ခုခု ခြၽတ္ယြင္းတာ၊ ကိုယ္အေလးခ်ိန္မ်ားတာ၊ အစားအေသာက္မွားတဲ့အခါမွာလည္း ေျခေထာက္ ေလးလံတတ္ပါတယ္။ ဒါေပမယ့္ ဒီေလ့က်င့္ခန္းကို ပုံမွန္လုပ္ေပးေနရင္ေတာ့ ေျခေထာက္ေလးလံတာ၊ ေရာင္တာေတြကို စိတ္ပူစရာ မလိုေတာ့ ပါဘူး။

2. ဖိနပ္အျမင့္ေတြစီးတဲ့အခါ မနာက်င္ေတာ့ပါဘူး။

ဖိနပ္အျမင့္မႀကိဳက္တဲ့ အမ်ိဳးသမီး ဆိုတာ ခပ္ရွားရွားပါပဲ။ ဖိနပ္အျမင့္ကို အၿမဲတမ္းစီးတဲ့သူ ဆိုရင္ က်န္းမာေရးကို ထိခိုက္လာ ႏိုင္ပါတယ္။ ကိုယ္အေလးအခ်ိန္ မ်ားသူေတြက ဖိနပ္အျမင့္ စီးတဲ့အခါ အခက္ေတြ႕ပါတယ္။ တစ္ေနကုန္ ဖိနပ္အျမင့္ စီးၿပီးတဲ့ အခါ မိနစ္ 20 ေလာက္ နံရံမွာ ေျခေထာက္ေျမာက္ထားလိုက္ပါ။ ေျခေထာက္ေျမာက္ၿပီးတဲ့ အခါမွာ ေျခေထာက္ကို ႏွိပ္နယ္ေပးၿပီး ေရေႏြးနဲ႔ လည္း ေရခ်ိဳးေပးလို႔ ရပါတယ္။

3. အစာေခ်စနစ္ ေကာင္းမြန္လ ပါတယ္။

ေျခေထာက္ကို နံရံေပၚမွာ ေျမာက္ထားျခင္းက အစာအိမ္ရဲ႕ အလုပ္ေတြကို တိုးတက္ေစ ပါတယ္။ကိုယ္တြင္းအဂၤါ အစိတ္အပိုင္းေတြဆီကို ေသြးေတြ ပို႔ေဆာင္ေပး တာလည္း လြယ္ကူ သြားပါတယ္။ အစာေခ်ရာမွာ လိုအပ္တဲ့ လႈပ္ရွားမႈျပဳေပးရတဲ့ ႂကြက္သားေတြ အတြက္လည္း ေကာင္းသြား ပါတယ္။ဒီေလ့က်င့္ခန္းကို လုပ္ေပးတဲ့ အခါမွာ စားလိုက္တဲ့ အာဟာရေတြကို ျမန္ျမန္ စုပ္ယူႏိုင္မွာပါ။

4. စိတ္ဖိစီးမႈေတြ နည္းလာပါတယ္။

ေျခေထာက္ကို နံရံေပၚမွာ ေျမာက္ထားတဲ့ အခ်ိန္မွာ အသက္ရႈတဲ့ အခါ ေလပိုၿပီး ရပါတယ္။ ခႏၶာကိုယ္ထဲက တစ္ရႉးေတြက ေအာက္ဆီဂ်င္ေတြ ပိုရၿပီး ေသြးလည္ပတ္မႈလည္း ေကာင္းလာ ပါတယ္။ အာ႐ုံေၾကာ အဖြဲ႕အစည္းအတြက္ အက်ိဳးရွိၿပီး နားထင္နဲ႔ လည္ပင္းက ႂကြက္သြားေတြ တင္းမာမႈကို ေလွ်ာ့ၿပီးသားလည္း ျဖစ္ေစ ပါတယ္။

5. ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။

ေျခေထာက္နာတဲ့ အခါ၊ ေျခေထာက္ အပူေလာင္တဲ့ အခါ၊ ေျခေထာက္ေရာင္တဲ့ အခါမွာ အိပ္မေပ်ာ္ျခင္းက ေရာက္လာပါတယ္။ ေျခေထာက္ကို ေျမာက္ထားတဲ့ အခါ ဦးေႏွာက္က ေအာက္ဆီဂ်င္ကို ပိုရလာပါတယ္။ ေသြးလည္ပတ္မႈလည္း ေကာင္းလာပါတယ္။ ေျခေထာက္ကို နံရံမွာ ေျမာက္ထားၿပီး ၿငိမ္ၿငိမ္ေနျခင္း ကလည္း စိတ္ကို တည္ၿငိမ္ေစ ပါတယ္။အဲဒါေၾကာင့္ မအိပ္ခင္ မွာလည္း ဒီေလ့က်င့္ခန္းကို ျပဳလုပ္ေပးႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments