ဒူးနဲ့ တံတောင်ဆစ် မဲနေတာတွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်မယ့် နည်းလမ်းများ

နေလောင်ခြင်း၊ ဆဲလ်သေတွေကြောင့် အသားအရေ ကြမ်းတမ်းခြင်း၊ ဟော်မုန်း မမျှတခြင်းတို့ကြောင့် ဒူးနဲ့ တံတောင်ဆစ်တွေမှာ မည်းနိုင်ပါတယ်။ ဒူးနဲ့ တံတောင်ဆစ်တွေမှာ အဆီဂလင်း မရှိတာကြောင့် မခြောက်သွေ့အောင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။

10. သခွားသီး

သခွားသီးမှာ ကြေးချွတ်တဲ့ အစွမ်း ရှိတာကြောင့် ဒူးနဲ့ တံတောင်ဆစ် တွေမှာ မည်းနေတာကို ဖယ်ရှားပေးနိုင် ပါတယ်။ သခွားသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ရေဓာတ် ပြည့်စေ ပါတယ်။ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင် တာကြောင့် အသားအရေ ကိုလည်း လှပစေ ပါတယ်။

- သခွားသီးပြားလေးတွေကို တံတောင်ဆစ်နဲ့ ဒူးမှာ 15 မိနစ် ကြာ ကပ်ထားပေးရ မှာပါ။ နောက်ပြီးရင်တော့ ရေအေးနဲ့ဆေးလိုက်လို့ရပါပြီ။ သခွားသီးရည်နဲ့ သံပရိုသီးရည်ကို ရောလိမ်းပြီး မိနစ် 20 ကြာ ထားလို့လည်း ရပါတယ်။ နေ့တိုင်းပြုလုပ်ပေးရင် ဒူးနဲ့တံတောင်ဆစ် မည်းတာတွေ ပျောက်သွားမှာပါ။

9. သံပရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါ

သံပရိုသီးက အသားအစေကို ဝင်းစေပါတယ်။ ဗီတာမင် C ပါဝင်လို့ အသားအရေကို ထိန်းသိမ်းပေးပါတယ်။ မုန့်ဖုတ်ဆိုဒါက အသားအရေကို နူးညံ့စေပြီး အမည်းတွေကို ဖယ်ရှားပေးပါတယ်။

- သံပရိုသီးကို နှစ်ခြမ်းခွဲပါ။

- သံပရိုသီးတစ်ခြမ်းစီပေါ်ကို မုန့်ဖုတ်ဆော်ဒါတစ်ဇွန်းစီ တင်ပါ။

- ဒူးနဲ့တံတောင်ဆစ်တွေကို 1 မိနစ်ကြာအောင် ပွတ်ပေးပါ။

- 15 မိနစ်ကြာထားပြီးရင် ရေနွေးနဲ့ဆေးပါ။

ဒီနည်းလေးကို နှစ်ရက်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

8. ရှားစောင်းလက်ပတ်နှင့် နွားနို့

ရှားစောင်းလက်ပတ်က အသားအရောင်ကို ညီညာစေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ ဘက်တီးရီးယားနဲ့ မှိုတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ရှားစောင်းလက်ပတ်နဲ့ နွားနို့ကို ရောစပ်လိုက်တဲ့ အခါ အသားအရေက သဘာဝအတိုင်း ဝင်းသွားပါတယ်။

- ရှားစောင်းလက်ပတ်ဂျယ်နဲ့ နွားနို့ရောပြီး အရေပြားပေါ်လိမ်းပေးရမှာပါ။ တစ်ညခန့်ထားပြီး မနက်ရောက်ရင် ရေဆေးချလိုက်လို့ရပါပြီ။ ရှားစောင်းလက်ပတ်အခွံကိုလည်း ဒူးနဲ့တံတောင်ဆစ်မှာ မိနစ် 20 ကြာကပ်ထားလို့ ရပါတယ်။

7. အာလူး

အာလူးက အသားအရေကို ဖြူစေပါတယ်။ အာလူးကို နေ့တိုင်းအသုံးပြုရင် အသားအရေ နူးညံ့လာပြီး မည်းနေတာတွေ ပျောက်သွားမှာပါ။

- အာလူးကို အရည်ညှစ်ပြီး အရေပြားပေါ်လိမ်းပေးပါ။

- 15 မိနစ်ကြာထားပြီး ရေဆေးချလို့ရပါပြီ။

အာလူးပြားလေးတွေကို တံတောင်ဆစ်နဲ့ဒူးနေရာမှာ 10 မိနစ် 15 မိနစ်ခန့် ကပ်ထားပေးလို့လည်း ရပါတယ်။

6. နနွင်း

နနွင်းက တံတောင်ဆစ်နဲ့ ဒူးကအမည်းတွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်း ဖယ်ရှားပေးပါတယ်။

- နနွင်း စားပွဲတင်ဇွန်းတစ်ဇွန်းကို နွားနို့နဲ့ရောပါ။

- ဒူးနဲ့တံတောင်ဆစ်ကို လိမ်းပေးပါ။

- ခြောက်သွေ့သွားအောင်ထားပြီး ရေဆေးချလို့ ရပါပြီ။

နနွင်းနဲ့ နွားနို့ထဲမှာ ပျားရည်ရောထည့်ပြီး လိမ်းပေးလို့လည်း ရပါတယ်။

5. အုန်းဆီ

အုန်းဆီမှာ ဗီတာမင် E ပါဝင်လို့ ပျက်စီးနေတဲ့ အသားအရေကို ပြပြင်ပေးပါတယ်။

- ရေမချိုးခင်မှာ အုန်းဆီကို ဒူးနဲ့တံတောင်ဆစ်နေရာမှာ လိမ်းပေးပါ။

- အုန်းဆီစိမ့်ဝင်သွားအောင် 2 မိနစ် 3 မိနစ်ခန့် နှိပ်နယ်ပေးပါ။ အုန်းဆီထဲမှာ သံပရိုရည် စားပွဲတင်ဇွန်း 2 ဇွန်းထည့်ပြီး လိမ်းပေးလို့လည်း ရပါတယ်။

4. ပျားရည်

ပျားရည်က အသားအရေကို သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးပါတယ်။

- ပျားရည်စားပွဲတင်ဇွန်း 2 ဇွန်း၊ သံပရိုရည် စားပွဲတင်ဇွန်းတစ်ဝက်၊ မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။

- ဒူးနဲ့တံတောင်ဆစ်နေရာတွေကို လိမ်းပေးပါ။

- မိနစ် 20 ၊ 30 ခန့်ထားပြီးရင် ရေဆေးချလို့ရပါပြီ။

ပျားရည်ထဲကို ရှားစောင်းလက်ပတ်ဂျယ်ထည့်ပြီး လိမ်းလို့လည်း ရပါတယ်။

3. သံလွင်ဆီနှင့်သကြား

သံလွင်ဆီနှင့်သကြားက အိမ်တွင်းဖြစ် ကြေးချွတ်ဆေးတွေပါ။ သူတို့က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

- သကြားနဲ့သံလွင်ဆီကို ဆတူရောပါ။

- တံတောင်ဆစ်နဲ့ ဒူးကို 5 မိနစ်ကြာ နှိပ်နယ်ပေးပါ။

တစ်ပတ်တစ်ခါ နှိပ်နယ်ပေးရင် တံတောင်ဆစ်နဲ့ဒူးတွေမှာ မမည်းတော့ပါဘူး။ သံလွင်ဆီနဲ့သကြားကို မျက်နှာကြေးချွတ်ရာမှာလည်း သုံးလို့ရပါတယ်။

2. အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်က ကျန်းမာရေးကို ကောင်းစေရုံသာမက အနာအဆာကင်းတဲ့ အသားအရေ အတွက်လည်း အကျိုးရှိစေပါတယ်။ သံပရိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား 5 ဂရမ်တို့ကို ရောပြီး ဒူးနဲ့ တံတောင်ဆစ်မှာ 10 မိနစ် 15 မိနစ်ကြာအောင် လိမ်းပေးပါ။

- နောက်ပြီးရင် ရေနွေးနဲ့ ဆေးချလို့ရပါပြီ။

- တစ်ပတ်ကို 3 ခါ၊ 4 ခါ ပြုလုပ်ပေးလို့ ရပါတယ်။

အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ နွားနို့လက်ဖက်ရည် ဇွန်းနှစ်ဇွန်းကို ရောပြီးတော့လည်း လိမ်းပေးလို့ ရပါတယ်။

1. ရှာလကာရည်နှင့် ဒိန်ချဉ်

ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆီးတစ်အက်ဆစ်နဲ့ ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ် အက်ဆစ်က ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို ဖယ်ရှားပေးပါတယ်။

- ဒိန်ချဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း တို့ကို ရောမွှေပြီး ဒူးနဲ့ တံတောင်ဆစ် နေရာတွေကို လိမ်းပေးပါ။

- 15 မိနစ်ကြာ ထားပြီး ရေဆေးချလိုက်ရင်တော့ ဒူးနဲ့တံတောင်ဆစ်က မည်းနေတာတွေ ပျောက်သွားမှာပါ။

လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဒူးနဲ့ တံတောင်ဆစ် မည်းနေတာကို ဖယ်ရှားလို့ရပါပြီ။

Zombie (Lovemedia)

Ref - Brightside

For Zawgyi

ဒူးနဲ႔ တံေတာင္ဆစ္ မဲေနတာေတြကို သဘာဝအတိုင္း ဖယ္ရွားႏိုင္မယ့္ နည္းလမ္းမ်ား

ေနေလာင္ျခင္း၊ ဆဲလ္ေသေတြေၾကာင့္ အသားအေရ ၾကမ္းတမ္းျခင္း၊ ေဟာ္မုန္း မမွ်တျခင္းတို႔ေၾကာင့္ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ မည္းႏိုင္ပါတယ္။ ဒူးနဲ႔ တံေတာင္ဆစ္ေတြမွာ အဆီဂလင္း မရွိတာေၾကာင့္ မေျခာက္ေသြ႕ေအာင္ ထိန္းသိမ္းေပးဖို႔ လိုပါတယ္။

10. သခြားသီး

သခြားသီးမွာ ေၾကးခြၽတ္တဲ့ အစြမ္း ရွိတာေၾကာင့္ ဒူးနဲ႔ တံေတာင္ဆစ္ ေတြမွာ မည္းေနတာကို ဖယ္ရွားေပးႏိုင္ ပါတယ္။ သခြားသီးက ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေရဓာတ္ ျပည့္ေစ ပါတယ္။ ဗီတာမင္ A နဲ႔ ဗီတာမင္ C ပါဝင္ တာေၾကာင့္ အသားအေရ ကိုလည္း လွပေစ ပါတယ္။

- သခြားသီးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ ဒူးမွာ 15 မိနစ္ ၾကာ ကပ္ထားေပးရ မွာပါ။ ေနာက္ၿပီးရင္ေတာ့ ေရေအးနဲ႔ေဆးလိုက္လို႔ရပါၿပီ။ သခြားသီးရည္နဲ႔ သံပ႐ိုသီးရည္ကို ေရာလိမ္းၿပီး မိနစ္ 20 ၾကာ ထားလို႔လည္း ရပါတယ္။ ေန႔တိုင္းျပဳလုပ္ေပးရင္ ဒူးနဲ႔တံေတာင္ဆစ္မည္းတာေတြ ေပ်ာက္သြားမွာပါ။

9. သံပ႐ိုသီးနဲ႔ မုန႔္ဖုတ္ဆိုဒါ

သံပ႐ိုသီးက အသားအေစကို ဝင္းေစပါတယ္။ ဗီတာမင္ C ပါဝင္လို႔ အသားအေရကို ထိန္းသိမ္းေပးပါတယ္။ မုန႔္ဖုတ္ဆိုဒါက အသားအေရကို ႏူးညံ့ေစၿပီး အမည္းေတြကို ဖယ္ရွားေပးပါတယ္။

- သံပ႐ိုသီးကို ႏွစ္ျခမ္းခြဲပါ။

- သံပ႐ိုသီးတစ္ျခမ္းစီေပၚကို မုန႔္ဖုတ္ေဆာ္ဒါတစ္ဇြန္းစီ တင္ပါ။

- ဒူးနဲ႔တံေတာင္ဆစ္ေတြကို 1 မိနစ္ၾကာေအာင္ ပြတ္ေပးပါ။

- 15 မိနစ္ၾကာထားၿပီးရင္ ေရေႏြးနဲ႔ေဆးပါ။

ဒီနည္းေလးကို ႏွစ္ရက္တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။

8. ရွားေစာင္းလက္ပတ္ႏွင့္ ႏြားႏို႔

ရွားေစာင္းလက္ပတ္က အသားအေရာင္ကို ညီညာေစၿပီး ေရဓာတ္ျဖည့္ေပးပါတယ္။ ဘက္တီးရီးယားနဲ႔ မႈိေတြကိုလည္း တိုက္ထုတ္ေပးပါတယ္။ ရွားေစာင္းလက္ပတ္နဲ႔ ႏြားႏို႔ကို ေရာစပ္လိုက္တဲ့ အခါ အသားအေရက သဘာဝအတိုင္း ဝင္းသြားပါတယ္။

- ရွားေစာင္းလက္ပတ္ဂ်ယ္နဲ႔ ႏြားႏို႔ေရာၿပီး အေရျပားေပၚလိမ္းေပးရမွာပါ။ တစ္ညခန႔္ထားၿပီး မနက္ေရာက္ရင္ ေရေဆးခ်လိုက္လို႔ရပါၿပီ။ ရွားေစာင္းလက္ပတ္အခြံကိုလည္း ဒူးနဲ႔တံေတာင္ဆစ္မွာ မိနစ္ 20 ၾကာကပ္ထားလို႔ ရပါတယ္။

7. အာလူး

အာလူးက အသားအေရကို ျဖဴေစပါတယ္။ အာလူးကို ေန႔တိုင္းအသုံးျပဳရင္ အသားအေရ ႏူးညံ့လာၿပီး မည္းေနတာေတြ ေပ်ာက္သြားမွာပါ။

- အာလူးကို အရည္ညႇစ္ၿပီး အေရျပားေပၚလိမ္းေပးပါ။

- 15မိနစ္ၾကာထားၿပီး ေရေဆးခ်လို႔ရပါၿပီ။

အာလူးျပားေလးေတြကို တံေတာင္ဆစ္နဲ႔ဒူးေနရာမွာ 10 မိနစ္15 မိနစ္ခန႔္ ကပ္ထားေပးလို႔လည္း ရပါတယ္။

6. နႏြင္း

နႏြင္းက တံေတာင္ဆစ္နဲ႔ ဒူးကအမည္းေတြကို ေဘးထြက္ဆိုးက်ိဳးမရွိဘဲ သဘာဝအတိုင္း ဖယ္ရွားေပးပါတယ္။

- နႏြင္း စားပြဲတင္ဇြန္းတစ္ဇြန္းကို ႏြားႏို႔နဲ႔ေရာပါ။

- ဒူးနဲ႔တံေတာင္ဆစ္ကို လိမ္းေပးပါ။

- ေျခာက္ေသြ႕သြားေအာင္ထားၿပီးေရေဆးခ်လို႔ ရပါၿပီ။

နႏြင္းနဲ႔ ႏြားႏို႔ထဲမွာ ပ်ားရည္ေရာထည့္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္။

5. အုန္းဆီ

အုန္းဆီမွာ ဗီတာမင္Eပါဝင္လို႔ ပ်က္စီးေနတဲ့ အသားအေရကို ျပျပင္ေပးပါတယ္။

- ေရမခ်ိဳးခင္မွာ အုန္းဆီကို ဒူးနဲ႔တံေတာင္ဆစ္ေနရာမွာ လိမ္းေပးပါ။

- အုန္းဆီစိမ့္ဝင္သြားေအာင္ 2 မိနစ္ 3 မိနစ္ခန႔္ ႏွိပ္နယ္ေပးပါ။ အုန္းဆီထဲမွာ သံပ႐ိုရည္ စားပြဲတင္ဇြန္း 2 ဇြန္းထည့္ၿပီး လိမ္းေပးလို႔လည္း ရပါတယ္။

4. ပ်ားရည္

ပ်ားရည္က အသားအေရကို သဘာဝအတိုင္း ေရဓာတ္ျဖည့္ေပးပါတယ္။

- ပ်ားရည္စားပြဲတင္ဇြန္း 2 ဇြန္း၊ သံပ႐ိုရည္ စားပြဲတင္ဇြန္းတစ္ဝက္၊ မုန႔္ဖုတ္ေဆာ္ဒါ စားပြဲတင္ဇြန္းတစ္ဇြန္းကို ေရာေမႊပါ။

- ဒူးနဲ႔တံေတာင္ဆစ္ေနရာေတြကို လိမ္းေပးပါ။

- မိနစ္ 20 ၊ 30 ခန႔္ထားၿပီးရင္ ေရေဆးခ်လို႔ရပါၿပီ။

ပ်ားရည္ထဲကို ရွားေစာင္းလက္ပတ္ဂ်ယ္ထည့္ၿပီး လိမ္းလို႔လည္း ရပါတယ္။

3. သံလြင္ဆီႏွင့္သၾကား

သံလြင္ဆီႏွင့္သၾကားက အိမ္တြင္းျဖစ္ ေၾကးခြၽတ္ေဆးေတြပါ။ သူတို႔က အသားအေရကို ေရဓာတ္ျဖည့္ေပးၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးပါတယ္။

- သၾကားနဲ႔သံလြင္ဆီကို ဆတူေရာပါ။

- တံေတာင္ဆစ္နဲ႔ ဒူးကို 5 မိနစ္ၾကာ ႏွိပ္နယ္ေပးပါ။

တစ္ပတ္တစ္ခါ ႏွိပ္နယ္ေပးရင္ တံေတာင္ဆစ္နဲ႔ဒူးေတြမွာ မမည္းေတာ့ပါဘူး။ သံလြင္ဆီနဲ႔သၾကားကို မ်က္ႏွာေၾကးခြၽတ္ရာမွာလည္း သုံးလို႔ရပါတယ္။

2. အုတ္ဂ်ဳံမႈန႔္

အုတ္ဂ်ဳံမႈန႔္က က်န္းမာေရးကို ေကာင္းေစ႐ုံသာမက အနာအဆာကင္းတဲ့ အသားအေရ အတြက္လည္း အက်ိဳးရွိေစပါတယ္။ သံပ႐ိုရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ အုတ္ဂ်ဳံမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဝက္၊ ဆား 5 ဂရမ္တို႔ကို ေရာၿပီး ဒူးနဲ႔ တံေတာင္ဆစ္မွာ 10 မိနစ္ 15 မိနစ္ၾကာေအာင္ လိမ္းေပးပါ။

- ေနာက္ၿပီးရင္ ေရေႏြးနဲ႔ ေဆးခ်လို႔ရပါၿပီ။

- တစ္ပတ္ကို 3 ခါ၊ 4 ခါ ျပဳလုပ္ေပးလို႔ ရပါတယ္။

အုတ္ဂ်ဳံမႈန႔္လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းနဲ႔ ႏြားႏို႔လက္ဖက္ရည္ ဇြန္းႏွစ္ဇြန္းကို ေရာၿပီးေတာ့လည္း လိမ္းေပးလို႔ ရပါတယ္။

1. ရွာလကာရည္ႏွင့္ ဒိန္ခ်ဥ္

ရွာလကာရည္မွာ ပါဝင္တဲ့ အက္ဆီးတစ္အက္ဆစ္နဲ႔ ဒိန္ခ်ဥ္မွာ ပါဝင္တဲ့ လက္တစ္ အက္ဆစ္က ဒူးနဲ႔ တံေတာင္ဆစ္က အမည္းေတြကို ဖယ္ရွားေပးပါတယ္။

- ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ပန္းသီး ရွာလကာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း တို႔ကို ေရာေမႊၿပီး ဒူးနဲ႔ တံေတာင္ဆစ္ ေနရာေတြကို လိမ္းေပးပါ။

- 15 မိနစ္ၾကာ ထားၿပီး ေရေဆးခ်လိုက္ရင္ေတာ့ ဒူးနဲ႔တံေတာင္ဆစ္က မည္းေနတာေတြ ေပ်ာက္သြားမွာပါ။

လြယ္ကူတဲ့ နည္းလမ္းေလးေတြနဲ႔ ဒူးနဲ႔ တံေတာင္ဆစ္ မည္းေနတာကို ဖယ္ရွားလို႔ရပါၿပီ။

Zombie (Lovemedia)

Ref - Brightside

Post a Comment

0 Comments