ဟာရီကိန်းမုန်တိုင်းကနေ လွတ်ပြီးနောက် ဝက်ဝံရုပ်လေးမရှိရင် မအိပ်တတ်တော့တဲ့ ရှဉ့်လေး (ရုပ်သံ)

၂၀၁၂ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်က ကမ်းခြေမှာ Hurricane Isaac မုန်တိုင်းတိုက်ခတ်ခဲ့ပါတယ်။ အဲဒီမုန်တိုင်းကနေ ရှဉ့်လေး Jill ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် Jill က အသက်ခုနှစ် ရှိနေပါပြီ။

ရှဉ့်မလေး Jill မှာ Instagram account ရှိပြီး followerပေါင်း 630k တောင် ရှိပါတယ်။ This Girl Is A Squirrel က Jill ရဲ့ Instagram account ပါ။ သူမရဲ့ profile မှာတော့ ဟင်းသီးဟင်းရွက် ကိုသာ စားကြောင်း၊ Starbucks တံဆိပ် လက်ကိုင်ပုဝါကို သဘောကျကြောင်း ရေးထားပါတယ်။

ရှဉ့်လေး Jill မှာ ဝက်ဝံရုပ်သေးသေးလေး ရှိပြီး အိပ်ရာဝင်ချိန်ဆိုရင် ဝက်ဝံရုပ်လေးကို မလွှတ်တမ်း ကိုင်ထားပါတော့တယ်။ Jill ကို သေချာ လေ့ကျင့်ပေးထားတာဖြစ်လို့ ကင်မရာရှေ့ရောက်ရင် pose ပေးတတ်ပါသေးတယ်။ Jill ရဲ့ ချစ်စရာပုံလေးတွေကို ကြည့်ချင်ရင်တော့ သူ့ရဲ့ Instagram account ကို follow ထားလိုက်တော့နော်။


၂၀၁၂ ခုနှစ်တုန်းက Hurricane Isaac မုန်တိုင်း တိုက်ခတ်စဉ်မှာ Jill က အသိုက်ထဲကနေ ပြုတ်ကျနေခဲ့တာပါ။ Jill ကို လက်ရှိစောင့်ရှောက်ထားသူက ခဏတာ စောင့်ရှောက်ပေးဖို့ Jill ကို အိမ်ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Jill ရဲ့ ပိုင်ရှင်ကလည်း Jill ကို အလွန်ချစ်ပြီး အမြဲတမ်း ခေါ်ထားလိုက်ပါတော့တယ် ။


Internet's cutest celebrity ထဲမှာ Jill က ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်ခဲ့ပါတယ်။ Jill ကို အလွန်ချစ်ကြတာကြောင့် မွေးနေ့ပွဲတွေလည်း ပြုလုပ်ပေးပါတယ်။ အရသာရှိတဲ့ မုန့်တွေကိုလည်း Jill က လက်ဆောင် ရပါသေးတယ် ။


Jill က ခရီးထွက်ရတာလည်း သဘောကျပါတယ် ။ " အိမ်ကို Jill ရောက်ကတည်းက သူ့ကိုဂရုစိုက်တဲ့အနေနဲ့ ခရီးထွက်တယ်။ အခုဆို Jillက ခရီးရှည်ကြီးတွေကိုတောင် လိုက်နိုင်နေပြီ " လို့ Jill ရဲ့ပိုင်ရှင်က ပြောပါတယ်။ Jill သဘောကျတာတွေထဲက တစ်ခုကတော့ တစ်ရေးတမော အိပ်တာပါပဲ။

ရုပ်သံ

Zombie (Lovemedia)

Ref - boredpanda

For Zawgyi

ဟာရီကိန္းမုန္တိုင္းကေန လြတ္ၿပီးေနာက္ ဝက္ဝံ႐ုပ္ေလးမရွိရင္ မအိပ္တတ္ေတာ့တဲ့ ရွဥ့္ေလး

၂၀၁၂ ခုႏွစ္တုန္းက အေမရိကန္ႏိုင္ငံ၊ Louisiana ျပည္နယ္က ကမ္းေျခမွာ Hurricane Isaac မုန္တိုင္းတိုက္ခတ္ခဲ့ပါတယ္။ အဲဒီမုန္တိုင္းကေန ရွဥ့္ေလး Jill ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ Jill က အသက္ခုႏွစ္ ရွိေနပါၿပီ။

ရွဥ့္မေလး Jill မွာ Instagram account ရွိၿပီး followerေပါင္း 630k ေတာင္ ရွိပါတယ္။ This Girl Is A Squirrel က Jill ရဲ႕ Instagram account ပါ။ သူမရဲ႕ profile မွာေတာ့ ဟင္းသီးဟင္း႐ြက္ ကိုသာ စားေၾကာင္း၊ Starbucks တံဆိပ္ လက္ကိုင္ပုဝါကို သေဘာက်ေၾကာင္း ေရးထားပါတယ္။

ရွဥ့္ေလး Jill မွာ ဝက္ဝံ႐ုပ္ေသးေသးေလး ရွိၿပီး အိပ္ရာဝင္ခ်ိန္ဆိုရင္ ဝက္ဝံ႐ုပ္ေလးကို မလႊတ္တမ္း ကိုင္ထားပါေတာ့တယ္။ Jill ကို ေသခ်ာ ေလ့က်င့္ေပးထားတာျဖစ္လို႔ ကင္မရာေရွ႕ေရာက္ရင္ pose ေပးတတ္ပါေသးတယ္။ Jill ရဲ႕ ခ်စ္စရာပုံေလးေတြကို ၾကည့္ခ်င္ရင္ေတာ့ သူ႔ရဲ႕ Instagram account ကို follow ထားလိုက္ေတာ့ေနာ္။

၂၀၁၂ ခုႏွစ္တုန္းက Hurricane Isaac မုန္တိုင္း တိုက္ခတ္စဥ္မွာ Jill က အသိုက္ထဲကေန ျပဳတ္က်ေနခဲ့တာပါ။ Jill ကို လက္ရွိေစာင့္ေရွာက္ထားသူက ခဏတာ ေစာင့္ေရွာက္ေပးဖို႔ Jill ကို အိမ္ေခၚလာခဲ့ပါတယ္။ ဒါေပမယ့္ အခုဆိုရင္ေတာ့ Jill ရဲ႕ ပိုင္ရွင္ကလည္း Jill ကို အလြန္ခ်စ္ၿပီး အၿမဲတမ္းေခၚထားလိုက္ပါေတာ့တယ္ ။

Internet's cutest celebrity ထဲမွာ Jill က ၂၀၁၅ ခုႏွစ္ကတည္းက ပါဝင္ခဲ့ပါတယ္။ Jill ကို အလြန္ခ်စ္ၾကတာေၾကာင့္ ေမြးေန႔ပြဲေတြလည္း ျပဳလုပ္ေပးပါတယ္။ အရသာရွိတဲ့ မုန႔္ေတြကိုလည္း Jill က လက္ေဆာင္ ရပါေသးတယ္ ။

Jill က ခရီးထြက္ရတာလည္း သေဘာက်ပါတယ္ ။ " အိမ္ကို Jill ေရာက္ကတည္းက သူ႔ကိုဂ႐ုစိုက္တဲ့အေနနဲ႔ ခရီးထြက္တယ္။ အခုဆို Jillက ခရီးရွည္ႀကီးေတြကိုေတာင္ လိုက္ႏိုင္ေနၿပီ " လို႔ Jill ရဲ႕ပိုင္ရွင္က ေျပာပါတယ္။ Jill သေဘာက်တာေတြထဲက တစ္ခုကေတာ့ တစ္ေရးတေမာ အိပ္တာပါပဲ။

Zombie (Lovemedia)

Ref - boredpanda

Post a Comment

0 Comments