ဂျပန်နိုင်ငံမှာသာ တွေ့မြင်နိုင်မယ့် ထူးထူးဆန်းဆန်း အချက် (၉) ချက်
Anime ဇာတ်လမ်းတွေ၊ ဂျန်ရုပ်သံ ဇာတ်လမ်းတွေ၊ ဆူရှီ၊ ဂျပန်သီချင်းတွေ စတဲ့ ဂျပန်ယဉ်ကျေးမှုတွေဟာ ကမ္ဘာပေါ်မှာ ထင်ရှားပါတယ်။ ကာရာအိုကေ ဆိုတာကလည်း ဂျပန်နိုင်ငံ ကနေ စတင်ခဲ့တာပါ။ ဂျပန်မှာပဲ တွေ့နိုင်မယ့် ထူးထူးဆန်းဆန်း အရာတွေလည်း အများကြီး ရှိပါသေးတယ်။
1. မီးပွိုင့်မှာ အစိမ်းရောင်လူရုပ်လေး ပေါ်လာရင် လမ်းဖြတ်ကူးလို့ ရပြီလို့ တစ်ကမ္ဘာလုံးက သိထားကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ ခြေကျင်လျှောက်သူတွေက မီးပွိုင့်မှာ အစိမ်းရောင် လူရုပ်လေးကို မြင်ရမှာ မဟုတ်ပါဘူး။ အစိမ်းရောင် လူရုပ်လေးအစား ယုန်ရုပ်လေး Miffy ကိုပဲ တွေ့ရမှာပါ။ Miffy ဆိုတာ ကလေးစာအုပ်တွေ ရေးတဲ့ ဒတ်ချ်လူမျိုး စာရေးဆရာ Dick Bruna ရဲ့ စာအုပ်ထဲက ဇာတ်ဆောင် တစ်ယောက်ပါ။ Miffyက Hello Kitty ရဲ့ မျက်နှာနဲ့ အတော်တူတယ် လို့ ပြောပါတယ်။
2. နိုင်ငံအများစုမှာ လူတွေက ကော်ဖီဆိုင်တွေ၊ ဘားတွေက ထိုင်ခုံတွေ ပေါ်မှာ ထိုင်တတ်ကြ ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက ကော်ဖီဆိုင်တွေရဲ့ ထိုင်ခုံတွေက နည်းနည်းလေး နိမ့်နေပါတယ်။ ဒီလိုနိမ့်နေတဲ့ ထိုင်ခုံတွေကို ဥရောပတိုက်သားတွေက Izakaya လို့ ခေါ်ကြပါတယ်။
3. စိတ်ဖိစီးမှုတွေကို လျှော့ဖို့၊ ခေါင်းကိုက်သက်သာဖို့ အတွက် ခေါင်းကို နှိပ်တဲ့၊ ပုံစံရိုးစင်းတဲ့ ကိရိယာ တစ်မျိုးကို သုံးလေ့ ရှိပါတယ်။ ဂျပန်မှာတော့ ရေဘဝဲနဲ့ ပုံစံတူတဲ့ ကိရိယာလေးကို ခေါင်းကို နှိပ်ဖို့ အသုံးပြုကြ ပါတယ်။
4. Pringles တံဆိပ် အာလူးကြော်က နိုင်ငံတော်တော် များများမှာ လူကြိုက်များ ခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဂျပန်နိုင်ငံ မှာတော့ Pringles က လူကြိုက်များတဲ့ ခေါက်ဆွဲခြောက် ပါပဲ။
5. ကော်ဖီဆိုင် တစ်ဆိုင်မှာ တစ်ယောက်တည်း ထိုင်ပြီး ကော်ဖီသောက်ရတာက နိုင်ငံတော်တော်များများမှာတော့ သာမန်ကိစ္စ ပါပဲ။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ ကော်ဖီဆိုင်တွေ မှာတော့ တစ်ယောက်တည်းထိုင်နေတဲ့ သူတွေ အတွက် Moomin အရုပ်ကြီးတွေကို မျက်နှာချင်းဆိုင်မှာ ချပေးထား တာကြောင့် အထီးကျန်တယ်လို့ မခံစားရတော့ ပါဘူး။
6. ကမ္ဘာပေါ်က ကော်ဖီရောင်းတဲ့ စက်တွေမှာ ခလုပ်တွေ အများကြီး ပါဝင်ပြီး သောက်စရာနဲ့ စက္ကူခွက်လေးတွေကို ရွေးချယ်လို့ ရပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကော်ဖီကို application ကနေ မှာယူနိုင်ပြီး စတိုးဆိုင်တစ်ဆိုင် ကနေ အချိန် အတိအကျ ပို့ပေးပါတယ်။ ဒီနည်းက ဂျပန်မှာ တော်တော်ခေတ်စားပါတယ်။ စက္ကူခွက်၊ ပလက်စတစ်ခွက်တွေ အစား အရောင်စုံတဲ့ ပုလင်းလေးတွေကို သုံးပါတယ်။
7. နိုင်ငံတော်တော် များများမှာ မိကျောင်းပုံစံ၊ လိပ်ပုံစံ ပြုလုပ်ထားတဲ့ မုန့်တွေ ရှိပါတယ်။ ဂျပန်နိုင်ငံမှာတော့ Pokémon ပုံစံနဲ့ပြုလုပ်ထားတဲ့ မုန့်ပဲ ရှိပါတယ်။ တခြားတိရစ္ဆာန် ပုံစံတွေနဲ့ မုန့်မပြုလုပ် ပါဘူး။
8. ကမ္ဘာပေါ်က နိုင်ငံတွေမှာ နှစ်သစ်ကူးချိန်၊ ခရစ်စမတ်အချိန်တွေ ရောက်ရင် အရသာရှိတဲ့ အစားအစာတွေနဲ့ ပါတီ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ခရစ်စမတ် ရောက်ရင် KFC ကြက်ကြော်စားရတာကို ပိုသဘောကျ ကြပါတယ်။
9. ဆူရှီကို တူနဲ့စားတဲ့ အခါ ထမင်းတွေက ကျန်ခဲ့ပြီး ငါးပဲ ပါလာတတ် တာကို သတိထားမိ မှာပါ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ အဲဒီလို မဖြစ်ပါဘူး။ ဂျပန်မှာ ဆူရှီထဲက ထမင်းကို သကြား၊ ဆား၊ ရှာလကာရည်နဲ့ ရောနယ်ထားလို့ ထမင်းရော ငါးပါ ပါလာမှာပါ။
Zombie (Lovemedia)
For Zawgyi
Zombie (Lovemedia)
Post a Comment
0 Comments