သင့်အိမ်ကို လုံးဝ သန့်ရှင်းသပ်ရပ်သွားစေမယ့် လျှို့ဝှက်ချက် (၅) ခု
သင့်အိမ်ထဲကို ဝင်လိုက်တာနဲ့ သပ်ရပ်သန့်ရှင်းနေတာက တစ်နေ့တာ အမောတွေကို ပြေစေပါတယ်။ ပန်းကန်တွေက သန့်ပြန့်နေတာ၊ အိမ်ထဲမှာ ဖုန်မရှိတာက မြင်ရသူကို စိတ်ချမ်းသာစေပါတယ်။ အိမ်ကို pro ဆန်ဆန် သန့်ရှင်းသပ်ရပ်စေဖို့ နည်းလမ်းတွေက ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။
၁။ သပ်ရပ်မှုနဲ့ သန့်ရှင်းမှုကြားထဲမှာ ခြားနားချက်တစ်ခုပဲ ရှိပါတယ်။
သင့်ရဲ့အိမ်က လုံးဝကို သန့်ရှင်းကောင်း သန့်ရှင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကြမ်းပြင်ပေါ်မှာတော့ အရုပ်တွေ၊ ကလေးအဝတ်တွေ၊ စာအုပ်တွေ၊ စာရွက်တွေ ကျနေတတ်ပါတယ်။ အဲဒီလို အရာတွေကြောင့် အိမ်က သန့်ရှင်းပေမယ့် မသပ်မရပ် ဖြစ်နေတာပါ။ အိမ်မှာ ပစ္စည်းတွေက သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် ရှိနေရင် ဖုန်တွေ ရှိနေတာတောင် ကြည့်ရမဆိုးတော့ပါဘူး။
၂။ မလိုအပ်တဲ့ ပစ္စည်းတွေ
တစ်ခါတရံမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကြောင့်လည်း အိမ်ကရှုပ်ပွ နေတတ်ပါတယ်။ ကိုယ့်မှာ ရှိနေရင် အပိုထပ်မဝယ်တာက ငွေအကုန် သက်သာစေသလို အိမ်မှာလည်း ပစ္စည်းမရှုပ်တော့ပါဘူး။
၃။ သေးသေးမွှားမွှားပစ္စည်းတွေကို ဘူးတစ်ခုထဲမှာ စုထည့်ထားပါ။
ပစ္စည်း သေးသေးမွှားမွှားလေးတွေကို ဟိုတစ်နေရာ၊ ဒီတစ်နေရာထားတဲ့အခါ အိမ်ကို ရှုပ်စေသလို တကယ်လိုအပ်တဲ့အခါမှာလည်း ရှာမတွေ့တတ်တော့ပါဘူး။ အဲဒါကြောင့် အမျိုးအစားတူတဲ့ပစ္စည်းတွေကို ဘူးတစ်ခုထဲ ထည့်ထားတဲ့အခါ ရှာရလွယ်သွားပြီး မျက်စိမရှုပ်တော့ပါဘူး။
၄။ အိမ်ကနေ မထွက်ခင်မှာ အိမ်ကို ပြန်စစ်ပါ။
အလုပ်မသွားခင်၊ ကျောင်းမသွားခင်မှာ ကိုယ်နေတဲ့အခန်း၊ အိမ်ကို တစ်ချက်ပြန်စစ်ပါ။ ကိုယ်တိုင်သန့်ရှင်းရေး လုပ်ထားတဲ့အခန်းကို ပြန်ကြည့်ရတာ ပီတိဖြစ်စရာကောင်းပါတယ်။
၅။ စိတ်ညစ်တိုင်း၊ စိတ်ဓါတ်ကျတိုင်း အခန်းသန့်ရှင်းရေးလုပ်ပါ။
အခန်းသန့်ရှင်းရေး လုပ်ခြင်းက စိတ်ကို တည်ငြိမ်စေပါတယ်။ စိတ်ညစ်တဲ့အခါတိုင်း အခန်းသန့်ရှင်းရေး လုပ်ခြင်းက ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်း တွေ့လာစေမှာပါ။
Zombie (Lovemedia)
For Zawgyi
Zombie (Lovemedia)
Post a Comment
0 Comments