သင်မသိသေးတဲ့ ဦးနှောက်ရဲ့ စိတ်ဝင်စားစရာအချက် (၉) ချက်

ဦးနှောက်ဟာ လူ့ခန္ဓါကိုယ်မှာ လျှို့ဝှက်ဆန်းကြယ်မှု အများဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ ပညာရှင်တွေက ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပေမယ့်လည်း ဦးနှောက်မှာ လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေဆဲပါပဲ။

၉။ အိပ်ရေးမဝခြင်းက မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။

မအိပ်တဲ့အခါ မှတ်ဉာဏ်တွေ ဆိုးရွားလာပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်စေတယ်လို့ California တက္ကသိုလ်က ပညာရှင်တွေက အတိအလင်း ဖော်ပြထားကြပါတယ်။ ညဘက် အိပ်စက်စဉ်မှာ ဦးနှောက်ထဲက ဆဲလ်တွေဟာ အန္တရာယ်ရှိတဲ့ အဆိပ်ဓါတ်တွေကို ဖယ်ရှားပေးပါတယ်။ အိပ်ရေးမဝရင် ဦးနှောက်ဆဲလ်တွေကို ဖျက်ဆီးသလိုဖြစ်စေလို့ပါ။

၈။ အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုများခြင်းက ဦးနှောက်ကို ထိခိုက်စေပါတယ်။

အချိန်ကြာကြာ စိတ်ညစ်တဲ့အခါ မှတ်ဉာဏ်နည်းပါးလာခြင်း၊ သင်ယူမှုလျော့ကျလာခြင်း၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခြင်းတွေ ဖြစ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကယောင်ချောက်ချား ဖြစ်လာစေပါတယ်။

၇။ အချစ်နဲ့အမုန်းမှာ တူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။

အချစ်နဲ့အမုန်းက ဦးနှောက်ဧရိယာတွေကနေ အတူတူ အရင်းခံလာကြတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် အမုန်းနဲ့ မတူတာကတော့ အချစ်ဟာ ဆုံးဖြတ်နိုင်မှုနဲ့ ယုတ္တိကျကျ တွေးခေါ်တတ်မှုတွေကို လျော့နည်းစေတယ်လို့ ဆိုပါသေးတယ်။

၆။ ဦးနှောက်က ရေဓါတ်ကို အလွန်လိုအပ်ပါတယ်။

ဦးနှောက်ရဲ့ ၈၀ % နီးပါးက ရေတွေပါပဲ။ ဦးနှောက်ထဲမှာ ရေဓါတ် ၂ % ခန့် ဆုံးရှုံးတဲ့အခါ အာရုံစူးစိုက်နိုင်မှု၊ သတိဝီရိယရှိမှု နည်းပါးလာပြီး ခဏတာမှတ်ဉာဏ်ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်ချိန်မှာ ဦးနှောက်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဦးနှောက်ထဲက gray mattera တွေ လျော့သွားလို့ တခြားလူတွေကို နားလည်နိုင်စွမ်း နည်းသွားပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ကြင်ကြင်နာနာနဲ့ နားလည်ပေးဖို့ လိုပါတယ်။

၄။ သကြားအလွန်အကျွံစားခြင်းက ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေပြီး သင်ယူနိုင်စွမ်းတွေ လျော့နည်းစေပါတယ်။

သကြားက ဦးနှောက်ထဲက အာရုံကြောနဲ့ဆိုင်တဲ့ ဆက်သွယ်မှုတွေကို ဖျက်ဆီးပစ်ပါတယ်။ အိုမီဂါ 3၊ အဆီပါဝင်တဲ့ငါး၊ အစေ့အဆံ၊ ငါးကြီးဆီတို့က ဦးနှောက်ကျန်းမာရေး အတွက် အလွန်ကောင်းမွန်စေပါတယ်။

၃။ ကြည်နူးစရာကောင်းတဲ့အချစ်နဲ့ မိခင်ဖြစ်လာတဲ့ ခံစားမှုတို့က ဆင်ဆင်တူပါတယ်။

ဒါပေမယ့် ကွဲပြားတဲ့ အချက်တွေလည်း ရှိပါတယ်။ ကွဲပြားတဲ့အချက်ကတော့ အချစ်က စိုးရိမ်မှု၊ စိတ်ဓါတ်ကျမှုတွေ ဖြစ်ပေါ်စေပါတယ်။

၂။ ပန်းချီဆွဲခြင်းက ဦးနှောက်ရဲ့အလုပ်ကို တိုးတက်စေပါတယ်။

ပညာရှင်တွေက အသက် ၆၂ နှစ် ကနေ အသက် ၇၀ နှစ်အထိ လူတွေကို လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ တစ်ဝက်က သမိုင်းကို လေ့လာခဲ့ပြီး တစ်ဝက်က ပန်းချီဆွဲခြင်းကို လေ့လာခဲ့ပါတယ်။ ပန်းချီဆွဲတဲ့သူတွေက ရလဒ်ပိုကောင်းကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။

၁။ စာဖတ်ခြင်းက ဦးနှောက်အတွက် အကောင်းဆုံး အာဟာရပါ။

တခြားအချိန်မှာ အသုံးမပြုခဲ့တဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို စာဖတ်ခြင်းက လှုံ့ဆော်ပေးပါတယ်။ စာဖတ်တဲ့အခါ အာရုံ စုစည်းမိသွားပါတယ်။ TV ကြည့်ခြင်း၊ ဂိမ်းကစားခြင်းက စာဖတ်ခြင်းလောက် ဦးနှောက်ကို အာဟာရ မဖြစ်စေပါဘူး။

Zombie (Lovemedia)

For Zawgyi

သင္မသိေသးတဲ့ ဦးေႏွာက္ရဲ႕ စိတ္ဝင္စားစရာအခ်က္ (၉) ခ်က္

ဦးေႏွာက္ဟာ လူ႔ခႏၶါကိုယ္မွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈ အမ်ားဆုံး အစိတ္အပိုင္း ျဖစ္ပါတယ္။ ပညာရွင္ေတြက ဦးေႏွာက္ရဲ႕ အလုပ္လုပ္ပုံေတြကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့ၾကေပမယ့္လည္း ဦးေႏွာက္မွာ လွ်ိဳ႕ဝွက္ခ်က္ေပါင္းမ်ားစြာ ရွိေနဆဲပါပဲ။

၉။ အိပ္ေရးမဝျခင္းက မွတ္ဉာဏ္ကို ထိခိုက္ေစပါတယ္။

မအိပ္တဲ့အခါ မွတ္ဉာဏ္ေတြ ဆိုး႐ြားလာၿပီး အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ေစတယ္လို႔ California တကၠသိုလ္က ပညာရွင္ေတြက အတိအလင္း ေဖာ္ျပထားၾကပါတယ္။ ညဘက္ အိပ္စက္စဥ္မွာ ဦးေႏွာက္ထဲက ဆဲလ္ေတြဟာ အႏၲရာယ္ရွိတဲ့ အဆိပ္ဓါတ္ေတြကို ဖယ္ရွားေပးပါတယ္။ အိပ္ေရးမဝရင္ ဦးေႏွာက္ဆဲလ္ေတြကို ဖ်က္ဆီးသလိုျဖစ္ေစလို႔ပါ။

၈။ အခ်ိန္ၾကာျမင့္စြာ စိတ္ဖိစီးမႈမ်ားျခင္းက ဦးေႏွာက္ကို ထိခိုက္ေစပါတယ္။

အခ်ိန္ၾကာၾကာ စိတ္ညစ္တဲ့အခါ မွတ္ဉာဏ္နည္းပါးလာျခင္း၊ သင္ယူမႈေလ်ာ့က်လာျခင္း၊ ကိုယ့္ကိုယ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္ျခင္းေတြ ျဖစ္လာပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ စိတ္ကေယာင္ေခ်ာက္ခ်ား ျဖစ္လာေစပါတယ္။

၇။ အခ်စ္နဲ႔အမုန္းမွာ တူညီတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။

အခ်စ္နဲ႔အမုန္းက ဦးေႏွာက္ဧရိယာေတြကေန အတူတူ အရင္းခံလာၾကတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ အမုန္းနဲ႔ မတူတာကေတာ့ အခ်စ္ဟာ ဆုံးျဖတ္ႏိုင္မႈနဲ႔ ယုတၱိက်က် ေတြးေခၚတတ္မႈေတြကို ေလ်ာ့နည္းေစတယ္လို႔ ဆိုပါေသးတယ္။

၆။ ဦးေႏွာက္က ေရဓါတ္ကို အလြန္လိုအပ္ပါတယ္။

ဦးေႏွာက္ရဲ႕ ၈၀ % နီးပါးက ေရေတြပါပဲ။ ဦးေႏွာက္ထဲမွာ ေရဓါတ္ ၂ % ခန႔္ ဆုံးရႈံးတဲ့အခါ အာ႐ုံစူးစိုက္ႏိုင္မႈ၊ သတိဝီရိယရွိမႈ နည္းပါးလာၿပီး ခဏတာမွတ္ဉာဏ္ေပ်ာက္ဆုံးမႈေတြ ႀကဳံေတြ႕လာရႏိုင္ပါတယ္။

၅။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဦးေႏွာက္ရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပုံ ေျပာင္းလဲသြားပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဦးေႏွာက္ထဲက gray mattera ေတြ ေလ်ာ့သြားလို႔ တျခားလူေတြကို နားလည္ႏိုင္စြမ္း နည္းသြားပါတယ္။ အဲဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြကို ၾကင္ၾကင္နာနာနဲ႔ နားလည္ေပးဖို႔ လိုပါတယ္။

၄။ သၾကားအလြန္အကြၽံစားျခင္းက ဦးေႏွာက္မွတ္ဉာဏ္ကို ထိခိုက္ေစၿပီး သင္ယူႏိုင္စြမ္းေတြ ေလ်ာ့နည္းေစပါတယ္။

သၾကားက ဦးေႏွာက္ထဲက အာ႐ုံေၾကာနဲ႔ဆိုင္တဲ့ ဆက္သြယ္မႈေတြကို ဖ်က္ဆီးပစ္ပါတယ္။ အိုမီဂါ 3၊ အဆီပါဝင္တဲ့ငါး၊ အေစ့အဆံ၊ ငါးႀကီးဆီတို႔က ဦးေႏွာက္က်န္းမာေရး အတြက္ အလြန္ေကာင္းမြန္ေစပါတယ္။

၃။ ၾကည္ႏူးစရာေကာင္းတဲ့အခ်စ္နဲ႔ မိခင္ျဖစ္လာတဲ့ ခံစားမႈတို႔က ဆင္ဆင္တူပါတယ္။

ဒါေပမယ့္ ကြဲျပားတဲ့ အခ်က္ေတြလည္း ရွိပါတယ္။ ကြဲျပားတဲ့အခ်က္ကေတာ့ အခ်စ္က စိုးရိမ္မႈ၊ စိတ္ဓါတ္က်မႈေတြ ျဖစ္ေပၚေစပါတယ္။

၂။ ပန္းခ်ီဆြဲျခင္းက ဦးေႏွာက္ရဲ႕အလုပ္ကို တိုးတက္ေစပါတယ္။

ပညာရွင္ေတြက အသက္ ၆၂ ႏွစ္ ကေန အသက္ ၇၀ ႏွစ္အထိ လူေတြကို ေလ့လာခဲ့ပါတယ္။ အဲဒီေလ့လာမႈမွာ တစ္ဝက္က သမိုင္းကို ေလ့လာခဲ့ၿပီး တစ္ဝက္က ပန္းခ်ီဆြဲျခင္းကို ေလ့လာခဲ့ပါတယ္။ ပန္းခ်ီဆြဲတဲ့သူေတြက ရလဒ္ပိုေကာင္းေၾကာင္းကို ေတြ႕ရွိခဲ့ၾကပါတယ္။

၁။ စာဖတ္ျခင္းက ဦးေႏွာက္အတြက္ အေကာင္းဆုံး အာဟာရပါ။

တျခားအခ်ိန္မွာ အသုံးမျပဳခဲ့တဲ့ ဦးေႏွာက္ရဲ႕အစိတ္အပိုင္းေတြကို စာဖတ္ျခင္းက လႈံ႕ေဆာ္ေပးပါတယ္။ စာဖတ္တဲ့အခါ အာ႐ုံ စုစည္းမိသြားပါတယ္။ TV ၾကည့္ျခင္း၊ ဂိမ္းကစားျခင္းက စာဖတ္ျခင္းေလာက္ ဦးေႏွာက္ကို အာဟာရ မျဖစ္ေစပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments