Harry Potter ရုပ်ရှင်ကို ကြိုက်နှစ်သက်သူတွေက စိတ်ထားကောင်းသူများဖြစ်

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကျော် လောက်တုန်းက ကမ္ဘာကြီးကို The Boy Who Lived ဆိုတဲ့ စာအုပ်က ညှို့ယူ ဖမ်းစားခဲ့ ပါတယ်။ မှော်ပညာ၊ အံ့ဩစရာကောင်းလောက်တဲ့ ဖန်ဆင်းမှုတွေ၊ အန္တရာယ်တွင်းတွေ၊ နတ်ဆိုးတွေနဲ့ တိုက်ခိုက်မှုတွေကို ကမ္ဘာပေါ်က လူတော်တော် များများက အသက်ရှူဖို့မေ့လောက်အောင် စိတ်ဝင်တစားဖတ်ခဲ့ကြပါတယ်။

လေ့လာထားတဲ့ စာတမ်းတွေ အရ မှော်ဆရာကောင်လေးရဲ့ အောင်မြင်မှုက စာအုပ်ထဲမှာ သာမက ပြင်ပလောကက လူတွေကိုပါ အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ Harry Pottes နဲ့ သူ့သူငယ်ချင်းတွေကို သဘောကျသူတွေက စိတ်ထားကောင်းသူတွေဖြစ်ကောင်း လေ့လာချက်တွေ အရ သိနိုင်ပါတယ်။ သူတို့ဟာ တကယ့်ကို ကိုယ်ချင်းစိတ်ရှိတဲ့သူ ဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။

လေ့လာမှုကို အပိုင်း 3 ပိုင်းခွဲပြီး လေ့လာခဲ့ပါတယ်။ ပထမစမ်းသပ်မှုမှာ မူလတန်းကျောင်းက ကျောင်းသူကျောင်းသားတွေကို စစ်တမ်း 2 ခု ခွဲပြီး ကောက်ခဲ့ပါတယ်။ Draco Molfoy က Hermoine ကို မှော်အစွမ်းတွေ မတတ်ဘူးလို့ ပြောတဲ့ စာပိုဒ်နဲ့ Harry က သူရဲ့မှော်ကြိမ်လုံး ဝယ်တဲ့ စာပိုဒ်ကို ကလေးတွေကို ဖတ်ခိုင်းပါတယ်။

ပြီးတော့ ဒီစာပိုဒ် 2 ပိုဒ်ကို ဖတ်ပြီးသားကလေးတွေနဲ့ မဖတ်ရသေးတဲ့ ကလေးတွေကို ခွဲပြီး လေ့လာခဲ့ပါတယ်။ အထက်တန်းကျောင်းသူကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကလည်း စမ်းသပ်မှု 2 နဲ့ 3 မှာ ပါဝင်ခဲ့ပါတယ်။

Harry ရဲ့ စွန့်စားမှုတွေကို ဖတ်ပြီးနောက်မှာ တခြားသူတွေအပေါ် ဘယ်လို မြင်လာလဲ ဆိုတဲ့ အကြောင်းကို ကျောင်းသူကျောင်းသားတွေကို မေးခဲ့ပါတယ်။ Harry ရဲ့ မျက်လုံးတွေကနေ ဖြတ်ပြီး ကမ္ဘာကြီးကို ကြည့်နိုင်မယ့် အခွင့်အရေးဟာ လူတိုင်းမှာ ရှိပါတယ်။

ဥပမာပြောရရင် Voldemort က မှော်ဆရာနဲ့ စုန်းမတွေရဲ့ သန့်စင်တဲ့သွေးကို စွဲစွဲလန်းလန်းဖြစ်နေတဲ့ အချက်ဟာ စာအုပ်ရဲ့အဓိက သော့ချက်ပါပါ။ Harry Potter စာအုပ်ထဲက မတူညီတဲ့ စရိုက်ဆောင်စရိုက်တွေကို နိုင်နိုင်နင်းနင်း သရုပ်ဆောင် ဖို့က အခက်အခဲတွေ အများကြီး ရှိပါတယ်။

မှော်ပညာမှာ ပါရမီရှိတဲ့ ကလေး 15 ယောက်မှာ Hermoine ပါဝင်နေချိန်မှာ Rom က ချို့တဲ့တဲ့ မိသားစု တစ်ခုမှာ နေနေရပါတယ်။ Neville Longbottom ကျတော့ လုံးဝကို ကို့ရိုးကားယား နိုင်နေပါတယ်။ Hagrid က ဘီလူးတစ်ကောင်ဖြစ်ပြီး Hogwarts မှာ ဆရာတစ်ယောက် အဖြစ် အလုပ်လုပ်ပါတယ်။

ဒါပေမယ့် Hagrid က မှော်ပညာကို အသုံးပြုဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုထားပါဘူး။ သူတို့ အားလုံးရဲ့ပင်ကိုစရိုက်တွေက ထူးခြားနေပေမယ့် သူငယ်ချင်းကောင်း အဖြစ် ရှိနေကြပြီး တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီဖို့ အမြဲ အဆင်သင့် ဖြစ်နေကြပါတယ်။

Harry ကလည်း မိဘတွေဆုံးပါးသွား ဖောက်ပြန်ရေး ဝါဒီအဖြစ် ကြီးပြင်းလာဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ ဒါ့အပြင် အမြင်ကျဉ်း၊ မသိချင် မမြင်ချင်ယောင် ဆောင်တတ်တဲ့၊ တစ်ယူသန်တဲ့ အမျိုးတွေရဲ့ လှေကားအောက်က အခန်းကျဉ်းလေးထဲမှာ Harry နေခဲ့ရပါတယ်။ Harry မှာ သူငယ်ချင်းလည်းတစ်ယောက်မှ မရှိသလို တစ်ခါတလေ အစ်ကိုဝမ်းကွဲရဲ့ အနိုင်ကျင့်တာကိုလည်း ခံခဲ့ရပါတယ်။

Harry က မှော်ပညာမှာ ပါရမီရှင် တစ်ယောက်ပါပဲ။ အဲဒါကြောင့် Harry Potter စာအုပ်က မှော်ဆန်တဲ့ကမ္ဘာကြီးထဲက လူတွေရဲ့တရားမမျှတပုံကို မြင်ယောင်လာစေပြီး လက်တွေ့လောကမှာ ဆင်ခြင်နိုင်တဲ့အသိတရားကိုလည်း ပေးပါတယ် ။ Harry ရဲ့ ဇာတ်ဆောင်စရိုက်က လူတွေကို အဓိက အရေးပါတဲ့အရာတွေကို နားလည်ဖို့၊ ကြင်နာတတ်ဖို့ လမ်းပြပေးပါတယ်။

" ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက ထပ်တူကျနေရင်၊ နှလုံးသားတွေက ရင်းနှီးပွင့်လင်းနေရင် မတူညီတဲ့ အကျင့်တွေ၊ ဘာသာစကားတွေ ဆိုတာ လုံးဝမရှိတော့ပါဘူး " လို့ Albus Dumbledore က ကမ္ဘာကြီးအတွက် တန်ဖိုးရှိပါတယ်။

Zombie (Lovemedia)

For Zawgyi

Harry Potter ႐ုပ္ရွင္ကို ႀကိဳက္ႏွစ္သက္သူေတြက စိတ္ထားေကာင္းသူမ်ားျဖစ္

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ေက်ာ္ ေလာက္တုန္းက ကမာၻႀကီးကို The Boy Who Lived ဆိုတဲ့စာအုပ္က ညႇိဳ႕ယူ ဖမ္းစားခဲ့ ပါတယ္။ ေမွာ္ပညာ၊ အံ့ဩစရာေကာင္းေလာက္တဲ့ ဖန္ဆင္းမႈေတြ၊ အႏၲရာယ္တြင္းေတြ၊ နတ္ဆိုးေတြနဲ႔ တိုက္ခိုက္မႈေတြကို ကမာၻေပၚက လူေတာ္ေတာ္ မ်ားမ်ားက အသက္ရႉဖို႔ေမ့ေလာက္ေအာင္ စိတ္ဝင္တစားဖတ္ခဲ့ၾကပါတယ္။

ေလ့လာထားတဲ့ စာတမ္းေတြ အရ ေမွာ္ဆရာေကာင္ေလးရဲ႕ ေအာင္ျမင္မႈက စာအုပ္ထဲမွာ သာမက ျပင္ပေလာကက လူေတြကိုပါ ေအာင္ျမင္ေအာင္ လုပ္ေပးႏိုင္ခဲ့ပါတယ္။ Harry Pottes နဲ႔ သူ႔သူငယ္ခ်င္းေတြကို သေဘာက်သူေတြက စိတ္ထားေကာင္းသူေတြျဖစ္ေကာင္း ေလ့လာခ်က္ေတြ အရ သိႏိုင္ပါတယ္။ သူတို႔ဟာ တကယ့္ကို ကိုယ္ခ်င္းစိတ္ရွိတဲ့သူျဖစ္ေၾကာင္း အခိုင္အမာဆိုထားပါတယ္။

ေလ့လာမႈကို အပိုင္း 3 ပိုင္းခြဲၿပီး ေလ့လာခဲ့ပါတယ္။ ပထမစမ္းသပ္မႈမွာ မူလတန္းေက်ာင္းက ေက်ာင္းသူေက်ာင္းသားေတြကို စစ္တမ္း 2 ခု ခြဲၿပီး ေကာက္ခဲ့ပါတယ္။ Draco Molfoy က Hermoine ကို ေမွာ္အစြမ္းေတြ မတတ္ဘူးလို႔ ေျပာတဲ့ စာပိုဒ္နဲ႔ Harry က သူရဲ႕ေမွာ္ႀကိမ္လုံး ဝယ္တဲ့ စာပိုဒ္ကို ကေလးေတြကို ဖတ္ခိုင္းပါတယ္။

ၿပီးေတာ့ ဒီစာပိုဒ္ 2 ပိုဒ္ကို ဖတ္ၿပီးသားကေလးေတြနဲ႔ မဖတ္ရေသးတဲ့ ကေလးေတြကို ခြဲၿပီး ေလ့လာခဲ့ပါတယ္။ အထက္တန္းေက်ာင္းသူေက်ာင္းသားေတြနဲ႔ တကၠသိုလ္ ေက်ာင္းသူေက်ာင္းသားေတြ ကလည္း စမ္းသပ္မႈ 2 နဲ႔ 3 မွာ ပါဝင္ခဲ့ပါတယ္။

Harry ရဲ႕ စြန႔္စားမႈေတြကို ဖတ္ၿပီးေနာက္မွာ တျခားသူေတြအေပၚ ဘယ္လို ျမင္လာလဲ ဆိုတဲ့ အေၾကာင္းကို ေက်ာင္းသူေက်ာင္းသားေတြကို ေမးခဲ့ပါတယ္။ Harry ရဲ႕ မ်က္လုံးေတြကေန ျဖတ္ၿပီး ကမာၻႀကီးကို ၾကည့္ႏိုင္မယ့္ အခြင့္အေရးဟာ လူတိုင္းမွာ ရွိပါတယ္။

ဥပမာေျပာရရင္ Voldemort က ေမွာ္ဆရာနဲ႔ စုန္းမေတြရဲ႕ သန႔္စင္တဲ့ေသြးကို စြဲစြဲလန္းလန္းျဖစ္ေနတဲ့ အခ်က္ဟာ စာအုပ္ရဲ႕အဓိက ေသာ့ခ်က္ပါပါ။ Harry Potter စာအုပ္ထဲက မတူညီတဲ့ စ႐ိုက္ေဆာင္စ႐ိုက္ေတြကို ႏိုင္ႏိုင္နင္းနင္း သ႐ုပ္ေဆာင္ ဖို႔က အခက္အခဲေတြ အမ်ားႀကီး ရွိပါတယ္။

ေမွာ္ပညာမွာ ပါရမီရွိတဲ့ ကေလး15 ေယာက္မွာ Hermoine ပါဝင္ေနခ်ိန္မွာ Rom က ခ်ိဳ႕တဲ့တဲ့ မိသားစု တစ္ခုမွာ ေနေနရပါတယ္။ Neville Longbottom က်ေတာ့ လုံးဝကို ကို႔႐ိုးကားယား ႏိုင္ေနပါတယ္။ Hagrid က ဘီလူးတစ္ေကာင္ျဖစ္ၿပီး Hogwarts မွာ ဆရာတစ္ေယာက္ အျဖစ္ အလုပ္လုပ္ပါတယ္။

ဒါေပမယ့္ Hagrid က ေမွာ္ပညာကို အသုံးျပဳဖို႔ ဘယ္သူ႔ကိုမွ ခြင့္မျပဳထားပါဘူး။ သူတို႔ အားလုံးရဲ႕ပင္ကိုစ႐ိုက္ေတြက ထူးျခားေနေပမယ့္ သူငယ္ခ်င္းေကာင္း အျဖစ္ ရွိေနၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ ႐ိုင္းပင္းကူညီဖို႔ အၿမဲ အဆင္သင့္ ျဖစ္ေနၾကပါတယ္။

Harry ကလည္း မိဘေတြဆုံးပါးသြား ေဖာက္ျပန္ေရး ဝါဒီအျဖစ္ ႀကီးျပင္းလာဖို႔ ဖိအားေပး ခံခဲ့ရပါတယ္။ ဒါ့အျပင္ အျမင္က်ဥ္း၊ မသိခ်င္ မျမင္ခ်င္ေယာင္ ေဆာင္တတ္တဲ့၊ တစ္ယူသန္တဲ့ အမ်ိဳးေတြရဲ႕ ေလွကားေအာက္က အခန္းက်ဥ္းေလးထဲမွာ Harry ေနခဲ့ရပါတယ္။ Harry မွာ သူငယ္ခ်င္းလည္းတစ္ေယာက္မွ မရွိသလို တစ္ခါတေလ အစ္ကိုဝမ္းကြဲရဲ႕အႏိုင္က်င့္တာကိုလည္း ခံခဲ့ရပါတယ္။

Harry က ေမွာ္ပညာမွာ ပါရမီရွင္ တစ္ေယာက္ပါပဲ။ အဲဒါေၾကာင့္ Harry Potter စာအုပ္က ေမွာ္ဆန္တဲ့ကမာၻႀကီးထဲက လူေတြရဲ႕တရားမမွ်တပုံကို ျမင္ေယာင္လာေစၿပီး လက္ေတြ႕ေလာကမွာ ဆင္ျခင္ႏိုင္တဲ့အသိတရားကိုလည္း ေပးပါတယ္ ။ Harry ရဲ႕ ဇာတ္ေဆာင္စ႐ိုက္က လူေတြကို အဓိကအေရးပါတဲ့အရာေတြကို နားလည္ဖို႔၊ ၾကင္နာတတ္ဖို႔ လမ္းျပေပးပါတယ္။

" ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ေတြက ထပ္တူက်ေနရင္၊ ႏွလုံးသားေတြက ရင္းႏွီးပြင့္လင္းေနရင္ မတူညီတဲ့ အက်င့္ေတြ၊ ဘာသာစကားေတြဆိုတာ လုံးဝမရွိေတာ့ပါဘူး " လို႔ Albus Dumbledore က ကမာၻႀကီးအတြက္ တန္ဖိုးရွိပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments