ကမ္ဘာ့တလွှားမှ အချောမောဆုံး တော်ဝင်မင်းသားများ

မင်းသား Harry က Meghan Markle နဲ့ လက်မထပ်ခင်အထိ မိန်းကလေးတွေရဲ့ စိတ်ကူးထဲက တော်ဝင်မင်းသားလေး ဖြစ်ခဲ့ပါတယ်။

မင်းသား Harry က Meghan Markle နဲ့ လက်ထပ်လိုက်တဲ့အခါ ကမ္ဘာတစ်ဝန်းက မိန်းကလေးတွေ အသည်းကွဲရတော့တာပါပဲ။ ဒါပေမယ့် Sussex မြို့စားက လွဲပြီး လက်မထပ်ရသေးတဲ့ မဟာနွယ် တော်ဝင်မင်းသားတွေများစွာ ကျန်ပါသေးတယ်။

၁။ Prince Hussein Bin Abdullan 24 နှစ်

ဂျော်ဒန်ထီးနန်းကို ဆက်ခံမယ့် မင်းသားကတော့ ဘောလုံးကို ဝါသနာပါပြီး လူသိများတဲ့ Blog တစ်ခုကို ရေးပါတယ်။ Hussein က Sandhurst မြို့က ဂုဏ်သတင်းကြီးတဲ့ British Military Academy ကနေ ဘွဲ့ရခဲ့ပါတယ်။

အဲဒီတက္ကသိုလ်မှာ Elizabeth ဘုရင်မကြီးရဲ့ မြေးတွေနဲ့ အခြားတော်ဝင်မျိုးနွယ်တွေလည်း ပညာသင်ခဲ့ပါတယ်။ သူ့ရဲ့အပြုံးက အသည်းတွေ အရည်ပျော်မတတ်ပါပဲ။

၂။ Prince Abdul Mateen 27နှစ်

ဘရူနိုင်းထီးနန်းအတွက် စတုတ္ထမြောက် လျာထားခြင်းခံရတဲ့ မင်းသားကတော့ အနုပညာဘာသာရပ်မှာ ဝိဇ္ဇာဘွဲ့ကို ရရှိထားပါတယ်။ ဘောလုံး၊ ပိုလို၊ ရေကူးနဲ့ အခြားအားကစားတွေကို စိတ်ဝင်စားပါတယ်။

အာရှမှာတော့ သူဟာဆွဲဆောင်မှု အရှိဆုံး တော်ဝင်မင်းသားလေးပါပဲ။ ဝမ်းသာစရာကတော့ သူ့မှာ ရည်းစားမရှိသေးပါဘူးတဲ့။

၃။ Prince Hamdan Bin Mahammed Al Maktoum 36 နှစ်

အာရပ်စော်ဘွားများနိုင်ငံရဲ့ ထီးနန်းကို အရိုက်အရာ ဆက်ခံမယ့် သူကတော့ မင်းသား Harry လိုပဲ ထင်ရှားကျော်ကြားပါတယ်။ သူက ဓာတ်ပုံပညာကို စိတ်ဝင်စားပြီး စွန့်စားသွားလာရတာ နှစ်သက်ပါတယ်တဲ့။ လက်မထပ် ရသေးပါဘူး။

၄။ Prince Constantine Alexics Of Greece And Denmark 20 နှစ်

Constantine က အခု လောလောဆယ်မှာတော့ အစ်မဖြစ်သူ Olympia နဲ့ အတူ အမေရိကန်မှာ ကျောင်းတက်နေပါတယ်။ တခြားမင်းသားတွေလိုပဲ သူရဲ့ Instagram က လူသိများပါတယ်။ မင်းသား William က သူ့ရဲ့ ခေါင်းကိုင်အဖပါ။

၅။ Prince Sebastien Of Luxemboury 26 နှစ်

Luxemboury နိုင်ငံရဲ့ ထီးနန်းအတွက် ပဉ္စမမြောက် လျာထားခြင်းခံရတဲ့ မင်းသားကတော့ ဘာသာစကား ငါးမျိုးပြောတတ်ပါတယ်။ စကိတ်စီးခြင်း၊ မြင်းစီးခြင်း၊ ရေကူးခြင်း၊ ခြေလျင်တောင်တက်ခြင်းနှင့် ရက်ဘီကစားခြင်းကို နှစ်သက်သူပါ။ ဒါ့အပြင် Sebastien က ခရီးသွားခြင်းနဲ့ အနုပညာကိုလည်း စိတ်ဝင်စားပါတယ်။

Zombie (Lovemedia)

Ref fabiosa

For Zawgyi

ကမာၻ႔တလႊားမွ အေခ်ာေမာဆုံး ေတာ္ဝင္မင္းသားမ်ား

မင္းသား Harry က Meghan Markle နဲ႔ လက္မထပ္ခင္အထိ မိန္းကေလးေတြရဲ႕ စိတ္ကူးထဲက ေတာ္ဝင္မင္းသားေလး ျဖစ္ခဲ့ပါတယ္။

မင္းသား Harry က Meghan Markle နဲ႔ လက္ထပ္လိုက္တဲ့အခါ ကမာၻ တစ္ဝန္းကမိန္းကေလးေတြ အသည္းကြဲရေတာ့တာပါပဲ။ ဒါေပမယ့္ Sussex ၿမိဳ႕စားက လြဲၿပီး လက္မထပ္ရေသးတဲ့ မဟာႏြယ္ ေတာ္ဝင္မင္းသားေတြမ်ားစြာ က်န္ပါေသးတယ္။

၁။ Prince Hussein Bin Abdullan 24 ႏွစ္

ေဂ်ာ္ဒန္ထီးနန္းကို ဆက္ခံမယ့္ မင္းသားကေတာ့ ေဘာလုံးကို ဝါသနာပါၿပီး လူသိမ်ားတဲ့ Blog တစ္ခုကို ေရးပါတယ္။ Hussein က Sandhurst ၿမိဳ႕က ဂုဏ္သတင္းႀကီးတဲ့ British Military Academy ကေန ဘြဲ႕ရခဲ့ပါတယ္။ အဲဒီတကၠသိုလ္မွာ Elizabeth ဘုရင္မႀကီးရဲ႕ ေျမးေတြနဲ႔ အျခားေတာ္ဝင္မ်ိဳးႏြယ္ေတြလည္း ပညာသင္ခဲ့ပါတယ္။ သူ႔ရဲ႕အၿပဳံးက အသည္းေတြ အရည္ေပ်ာ္မတတ္ပါပဲ။

၂။ Prince Abdul Mateen 27ႏွစ္

ဘ႐ူႏိုင္းထီးနန္းအတြက္ စတုတၳေျမာက္ လ်ာထားျခင္းခံရတဲ့ မင္းသားကေတာ့ အႏုပညာဘာသာရပ္မွာ ဝိဇၨာဘြဲ႕ကို ရရွိထားပါတယ္။ ေဘာလုံး၊ ပိုလို၊ ေရကူးနဲ႔ အျခားအားကစားေတြကို စိတ္ဝင္စားပါတယ္။ အာရွမွာေတာ့ သူဟာဆြဲေဆာင္မႈ အရွိဆုံး ေတာ္ဝင္မင္းသားေလးပါပဲ။ ဝမ္းသာစရာကေတာ့ သူ႔မွာ ရည္းစားမရွိေသးပါဘူးတဲ့။

၃။ Prince Hamdan Bin Mahammed Al Maktoum 36 ႏွစ္

အာရပ္ေစာ္ဘြားမ်ားႏိုင္ငံရဲ႕ ထီးနန္းကို အ႐ိုက္အရာ ဆက္ခံမယ့္ သူကေတာ့ မင္းသား Harry လိုပဲ ထင္ရွားေက်ာ္ၾကားပါတယ္။ သူက ဓာတ္ပုံပညာကို စိတ္ဝင္စားၿပီး စြန႔္စားသြားလာရတာ ႏွစ္သက္ပါတယ္တဲ့။ လက္မထပ္ ရေသးပါဘူး။

၄။ Prince Constantine Alexics Of Greece And Denmark 20 ႏွစ္

Constantine က အခု ေလာေလာဆယ္မွာေတာ့ အစ္မျဖစ္သူ Olympia နဲ႔ အတူ အေမရိကန္မွာ ေက်ာင္းတက္ေနပါတယ္။ တျခားမင္းသားေတြလိုပဲ သူရဲ႕ Instagram က လူသိမ်ားပါတယ္။ မင္းသား William က သူ႔ရဲ႕ ေခါင္းကိုင္အဖပါ။

၅။ Prince Sebastien Of Luxemboury 26 ႏွစ္

Luxemboury ႏိုင္ငံရဲ႕ ထီးနန္းအတြက္ ပၪၥမေျမာက္ လ်ာထားျခင္းခံရတဲ့ မင္းသားကေတာ့ ဘာသာစကား ငါးမ်ိဳးေျပာတတ္ပါတယ္။ စကိတ္စီးျခင္း၊ ျမင္းစီးျခင္း၊ ေရကူးျခင္း၊ ေျခလ်င္ေတာင္တက္ျခင္းႏွင့္ ရက္ဘီကစားျခင္းကို ႏွစ္သက္သူပါ။ ဒါ့အျပင္ Sebastien က ခရီးသြားျခင္းနဲ႔ အႏုပညာကိုလည္း စိတ္ဝင္စားပါတယ္။

Zombie (Lovemedia)

Ref fabiosa

Post a Comment

0 Comments