အနာဂတ်ချစ်သူကို သိရှိနိုင်တဲ့ သင့်လက်ဖဝါးပေါ်က လက္ခဏာ

နံပါတ် (၁) အမျိုးအစား

ပုံထဲကလို ဘယ်လက် နှလုံးလမ်းကြောင်းက မြင့်ပြီး ညာလက် နှလုံးလမ်းကြောင်းက နိမ့်နေသူတွေကတော့ သတ္တိရှိတယ်၊ ထက်မြတ်တယ် ။ စိန်ခေါ်မှုတွေကိုလည်း မဆိုင်းမတွ ရင်ဆိုင်နိုင်သူတွေ ဖြစ်ပါတယ်။ အချစ်ရေးမှာလည်း အစွဲအလန်းကြီးတဲ့ သူတွေဖြစ်ပြီး ငယ်ရွယ်တဲ့ ကောင်လေး ချောချော ကောင်မလေးချောချောတွေနဲ့ ဖူးစာ ဆုံတတ်သူများ ဖြစ်ပါတယ်။

နံပါတ် (၂) အမျိုးအစား

ပုံအတိုင်း ဘယ်လက်ဝါးရဲ့ နှလုံးလမ်းကြောင်းနဲ့ ညာလက်ဝါးရဲ့ နှလုံးလမ်းကြောင်း နှစ်ခုဟာ ညီညာပြီး ထိဆက်နေတယ် ဆိုရင်တော့ သင်ဟာ စိတ်ခံစားမှုထက် အသိတရားကို ဦးစားပေးသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုလက္ခဏာပိုင်ရှင်တွေဟာ ကြင်နာတတ်သူ ၊ အတွေးအခေါ်ကောင်းသူ ၊ စိတ်ခံစားမှုလွယ်ပြီး ဆက်ဆက်ထိမခံတဲ့သူ ၊ ဟန်ဆောင်မှုတွေကို မုန်းတီးတဲ့သူမျိုးနဲ့ ဖူးစာဆုံတတ်ပါတယ်။

သင့်အချစ်ရေးဟာ ရေရှည်တည်မြဲပြီး တသက်တာလုံး ပေါင်းဖက်သွားရနိုင်တဲ့ အချစ်ရေးမျိုးလည်းဖြစ်နိုင်ပါတယ်။ သင်တို့အချစ်ရေးဟာ အေးချမ်းသာယာမယ်။ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုရှိကြပြီး သင့်ရဲ့ ချစ်သူဟာ သင့်အပေါ် ဆုံးမသွန်သင်ပေးနိုင်မယ့် ချစ်သူကောင်း တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။

နံပါတ် (၃) အမျိုးအစား

ပုံအတိုင်း ညာဘက်နှလုံးလမ်းကြောင်းက မြင့်ပြီး ဘယ်ဘက်နှလုံးလမ်းကြောင်းက နိမ့်နေတဲ့ ဒီလက္ခဏာ ပိုင်ရှင်တွေကတော့ အမှားတွေထဲကနေ အမှန်ဖြစ်အောင် ပြန်လည်ပြောင်းလဲလာနိုင်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ လုပ်မယ်ဆိုတဲ့ အလုပ်ကိုလည်း မဖြစ်ဖြစ်အောင် လုပ်တတ်သူများဖြစ်ပါတယ်။

လွတ်လပ်မှုကို မြတ်နိုးသူများဖြစ်ပြီး ထုံးတမ်းအစဉ်အလာ တွေကိုလည်း စိတ်ဝင်စားတဲ့သူတွေ မဟုတ်ကြပါဘူး။ ကိုယ်ထင်တာကိုယ် လုပ်တတ်ပြီး ပတ်ဝန်းကျင်နဲ့ တခြားသူတွေကို သိပ်ဂရုမစိုက်တတ်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်သူများ ဖြစ်ကြတာများပါတယ်။ အသက်ကြီးတဲ့ သူတွေရဲ့ စိတ်ဝင်စားမှုကို ခံရပြီး ဖူးစာဖက်ကလည်း မိမိထက် အသက်ကြီးတဲ့ သူတွေနဲ့ ဆုံကြတာ များပါတယ်။

kwee_hein

For Zawgyi


နံပါတ် (၁) အမျိုးအစား


နံပါတ် (၂) အမျိုးအစား



နံပါတ် (၃) အမျိုးအစား



kwee_hein

Post a Comment

0 Comments