အပူလောင်တဲ့အခါ သွားတိုက်ဆေးလိမ်းခြင်းလို အိမ်တွင်းဆေးနည်းများက အလွန်အန္တရာယ်များ

တစ်ခုခု ထိမိခိုက်မိပြီ ဆိုရင် အလွယ်တကူ ကုသနိုင်မယ့် အိမ်တွင်းဆေးနည်းတွေက အများကြီး ရှိပါတယ်။ အိမ်တွင်းဆေးနည်းတွေ အတိုင်း လိုက်လုပ်တာဟာ တစ်ခါတလေမှာ မကောင်းပါဘူး။ နောက်ဆက်တွဲအနေနဲ့ အန္တရာယ် အများကြီး ရှိလာနိုင်ပါတယ်။

မကြာခင်ကပဲ မလေးရှားနိုင်က ဆရာဝန် Dr Kamarul Ariffin က အပူလောင်ရင် အိမ်မှာ ဘာလုပ်သင့်လဲ ဆိုတဲ့ အကြောင်း Twitter မှာ တင်ခဲ့ပါတယ်။

အိမ်မှာ အပူလောင်ရင် သွားတိုက်ဆေး၊ ကြက်ဥ၊ ကြာညို့၊ ဂျုံစတာတွေ လိမ်းဖို့ အိမ်သူ အိမ်သားတွေက ဖြစ်ဖြစ်၊ အိမ်နီးနားချင်းတွေ ကပဲ ဖြစ်ဖြစ် အကြံပေးတတ် ကြပါတယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းတွေက အန္တရာယ် များကြောင်း Dr Kamarul က သတိပေးထားပါတယ်။

လူတစ်ယောက်က လက်မှာ ဆပူလောင်ပြီး သွားတိုက်ဆေးတွေကို အပူလောင်တဲ့ နေရာမှာ လိမ်းခဲ့ပါတယ်။ ကံမကောင်းချင်တော့ လက်က ရုပ်ပျက် ဆင်းပျက် ရောင်ကိုင်းလာ ခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို Dr Kamarul က Twitter မှာ တင်ခဲ့ပါတယ်။

အိမ်တွင်းဆေးနည်းတွေ သုံးခြင်းက ဆိုးဝါးတဲ့ ရောင်ရမ်းမှုတွေကို ဖြစ်စေပြီစ ရောဂါပိုးတွေ လည်း ဝင်နိုင်တယ်လို့ Dr Kamarul က ပြောပါတယ်။ အပူလောင်ခြင်းကို အဆင့်သုံးဆင့် ခွဲနိုင်ပါတယ်။

ပထမအဆင့် မှာ ဆိုရင် နာကျင်ခြင်း ၊ နီရဲခြင်းတွေ ဖြစ်ပြီး ရည်ကြည်ဖု မထပါဘူး။ ဒုတိယ အဆင့်မှာ ရည်ကြည်ဖု ထခြင်း၊ နာကျင်ခြင်း၊ နီရဲလာခြင်းတွေ ဖြစ်ပါတယ်။ တတိယ အဆင့်မှာ အရေပြားက အဖြူရောင် ပြောင်းသွားပြီး သားရေလို မာကြမ်း ပျဉ်းတွဲ လာပါတယ်။

တတိယအဆင့် ရောက်တဲ့အခါ နာဗ်ကြောတွေက ပျက်ဆီးသွားလို့ နာကျင်မှုကို မခံရတော့ ပါဘူး။ အိမ်တွင်းဖြစ်ဆေးနဲ့ ကုသတာက ပိုပြီး အန္တရာယ်များပါတယ်။ အပူလောင်ပြီ ဆိုရင်..

1. စိတ်ကို ငြိမ်ငြိမ်ထားပါ။

2. အပူလောင်တဲ့ နေရာမှာ လက်ဝတ်တန်ဆာတွေ၊ အဝတ်အစားတွေ ရှိရင် ချွတ်ပစ်လိုက်ပါ၊

3. အပူလောင်တဲ့ နေရာကို ရိုးရိုးရေနဲ့ 10 မိနစ်၊ မိနစ် 20 လောက် ကပ်ထားပေးပါ။ အဲဒီအခါ ရေကြည်ဖု မထတော့ ပါဘူး။ ရေခဲတွေ၊ ရေခဲရေတွေ ကပ်ခြင်းက အနာပျောက်ဖို့ ကြန့်ကြာစေလို့ မသုံးသင့်ပါဘူး။

4. ရေကြည်ဖု ဖြစ်လာရင် ဒီတိုင်းပဲ ထားပြီး ပေါက်သွားတဲ့ အချိန်ကို စောင့်ကြည့်ပါ။ ရေကြည်ဖုကို သွားမဖောက် လိုက်ပါနဲ့။ အပူလောင်တဲ့ နေရာကို သန့်စင်တဲ့ ပတ်တီးနဲ့ စည်းထားပါ။

ဒီနည်းလမ်းတွေက လုပ်ရ လွယ်ကူ ပါတယ်။ အဆင့်နှစ်နဲ့ အဆင့်သုံးလို ပြင်းထန်တဲ့ အပူလောင်ခြင်းမျိုးဖြစ်ရင် အနီးဆုံးဆေးခန်းကို မြန်မြန်သွားပြဖို့ Dr Kamarul က အကြံပေးပါတယ်။ အပူလောင်တဲ့ ဒဏ်ရာက လက်ဖဝါးထက် ကြီးလာရင်၊ မျက်နှာပေါ်မှာ အပူလောင်ရင် ဆရာဝန်ဆီ မြန်မြန်သွားသင့်ပါတယ်။ ပထမအဆင့် အပူလောင်ရင် ရှားစောင်းလက်ပတ်ဂျယ်ကို သုံးနိုင်တယ်လို့ Dr Kamarul က ပြောပြပါတယ်။

Zombie (Lovemedia)

For Zawgyi

အပူေလာင္တဲ့အခါ သြားတိုက္ေဆးလိမ္းျခင္းလို အိမ္တြင္းေဆးနည္းမ်ားက အလြန္အႏၲရာယ္မ်ား

တစ္ခုခု ထိမိခိုက္မိၿပီ ဆိုရင္ အလြယ္တကူ ကုသႏိုင္မယ့္ အိမ္တြင္းေဆးနည္းေတြက အမ်ားႀကီး ရွိပါတယ္။ အိမ္တြင္းေဆးနည္းေတြ အတိုင္း လိုက္လုပ္တာဟာ တစ္ခါတေလမွာ မေကာင္းပါဘူး။ ေနာက္ဆက္တြဲအေနနဲ႔ အႏၲရာယ္ အမ်ားႀကီး ရွိလာႏိုင္ပါတယ္။

မၾကာခင္ကပဲ မေလးရွားႏိုင္က ဆရာဝန္ Dr Kamarul Ariffin က အပူေလာင္ရင္ အိမ္မွာ ဘာလုပ္သင့္လဲ ဆိုတဲ့ အေၾကာင္း Twitter မွာ တင္ခဲ့ ပါတယ္။

အိမ္မွာ အပူေလာင္ရင္ သြားတိုက္ေဆး၊ ၾကက္ဥ၊ ၾကာညိဳ႕၊ ဂ်ဳံစတာေတြ လိမ္းဖို႔ အိမ္သူ အိမ္သားေတြက ျဖစ္ျဖစ္၊ အိမ္နီးနားခ်င္းေတြ ကပဲ ျဖစ္ျဖစ္ အႀကံေပးတတ္ ၾကပါတယ္။ ဒါေပမယ့္ ဒီလိုနည္းလမ္းေတြက အႏၲရာယ္ မ်ားေၾကာင္း Dr Kamarul က သတိေပးထားပါတယ္။

လူတစ္ေယာက္က လက္မွာ ဆပူေလာင္ၿပီး သြားတိုက္ေဆးေတြကို အပူေလာင္တဲ့ ေနရာမွာ လိမ္းခဲ့ပါတယ္။ ကံမေကာင္းခ်င္ေတာ့ လက္က ႐ုပ္ပ်က္ ဆင္းပ်က္ ေရာင္ကိုင္းလာ ခဲ့ပါတယ္။ အဲဒီဓာတ္ပုံကို Dr Kamarul က Twitter မွာ တင္ခဲ့ပါတယ္။

အိမ္တြင္းေဆးနည္းေတြ သုံးျခင္းက ဆိုးဝါးတဲ့ ေရာင္ရမ္းမႈေတြကို ျဖစ္ေစၿပီစ ေရာဂါပိုးေတြ လည္း ဝင္ႏိုင္တယ္လို႔ Dr Kamarul က ေျပာပါတယ္။ အပူေလာင္ျခင္းကို အဆင့္သုံးဆင့္ ခြဲႏိုင္ပါတယ္။

ပထမအဆင့္ မွာ ဆိုရင္ နာက်င္ျခင္း ၊ နီရဲျခင္းေတြ ျဖစ္ၿပီး ရည္ၾကည္ဖု မထပါဘူး။ ဒုတိယ အဆင့္မွာ ရည္ၾကည္ဖု ထျခင္း၊ နာက်င္ျခင္း၊ နီရဲလာျခင္းေတြ ျဖစ္ပါတယ္။ တတိယ အဆင့္မွာ အေရျပားက အျဖဴေရာင္ ေျပာင္းသြားၿပီး သားေရလို မာၾကမ္း ပ်ဥ္းတြဲ လာပါတယ္။

တတိယအဆင့္ ေရာက္တဲ့အခါ နာဗ္ေၾကာေတြက ပ်က္ဆီးသြားလို႔ နာက်င္မႈကို မခံရေတာ့ ပါဘူး။ အိမ္တြင္းျဖစ္ေဆးနဲ႔ ကုသတာက ပိုၿပီး အႏၲရာယ္မ်ားပါတယ္။ အပူေလာင္ၿပီ ဆိုရင္..

1. စိတ္ကို ၿငိမ္ၿငိမ္ထားပါ။

2. အပူေလာင္တဲ့ ေနရာမွာ လက္ဝတ္တန္ဆာေတြ၊ အဝတ္အစားေတြ ရွိရင္ ခြၽတ္ပစ္လိုက္ပါ၊

3. အပူေလာင္တဲ့ ေနရာကို ႐ိုး႐ိုးေရနဲ႔ 10 မိနစ္၊ မိနစ္ 20 ေလာက္ ကပ္ထားေပးပါ။ အဲဒီအခါ ေရၾကည္ဖု မထေတာ့ ပါဘူး။ ေရခဲေတြ၊ ေရခဲေရေတြ ကပ္ျခင္းက အနာေပ်ာက္ဖို႔ ၾကန႔္ၾကာေစလို႔ မသုံးသင့္ပါဘူး။

4. ေရၾကည္ဖု ျဖစ္လာရင္ ဒီတိုင္းပဲ ထားၿပီး ေပါက္သြားတဲ့ အခ်ိန္ကို ေစာင့္ၾကည့္ပါ။ ေရၾကည္ဖုကို သြားမေဖာက္ လိုက္ပါနဲ႔။ အပူေလာင္တဲ့ ေနရာကို သန႔္စင္တဲ့ ပတ္တီးနဲ႔ စည္းထားပါ။

ဒီနည္းလမ္းေတြက လုပ္ရ လြယ္ကူ ပါတယ္။ အဆင့္ႏွစ္နဲ႔ အဆင့္သုံးလို ျပင္းထန္တဲ့ အပူေလာင္ျခင္းမ်ိဳးျဖစ္ရင္ အနီးဆုံးေဆးခန္းကို ျမန္ျမန္သြားျပဖို႔ Dr Kamarul က အႀကံေပးပါတယ္။ အပူေလာင္တဲ့ ဒဏ္ရာက လက္ဖဝါးထက္ ႀကီးလာရင္၊ မ်က္ႏွာေပၚမွာ အပူေလာင္ရင္ ဆရာဝန္ဆီ ျမန္ျမန္သြားသင့္ပါတယ္။ ပထမအဆင့္ အပူေလာင္ရင္ ရွားေစာင္းလက္ပတ္ဂ်ယ္ကို သုံးႏိုင္တယ္လို႔ Dr Kamarul က ေျပာျပပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments