ဆံပင်ပုံစံကနေ သိနိုင်မယ့် ယောက်ျားလေးတွေရဲ့ အကြောင်း

လူတယောက်မှာ ဆံပင်ပုံစံကလည်း အလွန်အရေး ပါပါတယ်။ ဆံပင်ပုံစံကနေ လူတစ်ယောက် အကြောင်းကို မှန်းဆလို့ ရနိုင်ပါတယ်။

1. ဆံပင်ရှည်

ဆံပင်ရှည်ရင် ကြည့်ကောင်း ပါတယ်။ ဆံပင်ရှည်တဲ့ အမျိုးသားတွေက အများအားဖြင့် တီထွင်ဉာဏ်ရှိကြပါတယ်။ ဆံပင်အရှည်တွေက 8 ရာစုနဲ့ 11 ရာစုနှစ် ကာလကြားက ဗိုက်ကင်း လူမျိုးစုတွေကို သတိရသွားစေ ပါတယ်။ ယောကျ်ားလေး အများစုက မသိစိတ်ကနေ ဆံပင်ရှည်ကို ထားချင်ကြတယ်လို့ ပြောပါတယ်။ ဆံပင်ရှည်တော့ နည်းနည်းတော့ အလုပ်ရှုပ်တာ ပေါ့နော်။

2. ဆံပင်တို

ဆံပင်တိုသူတွေက ယောကျ်ားမာန်ဖီပြီး သဝန်တိုတတ် ကြပါတယ်။ ပြီးတော့ သူများအပေါ် လွှမ်းမိုးနိုင်တဲ့ ဩဇာတိက္ကမ နဲ့လည်း ပြည့်စုံပါတယ်။ ဆံပင်အတို ပိုင်ရှင်တွေက ထက်မြက်ပြီး ပျော်ပျော်လည်း နေတတ်ကြ ပါတယ်။

3. ကတုံး ဆံပင်

အလွန်ထက်မြက်ပြီး သူများတွေထက် ရှေ့ကိုပိုပြီး မြင်နိုင်သူပါ။ ဆုံးဖြတ်ချက် ကိုလည်း မှန်မှန်ကန်ကန် ချတတ်ပါတယ်။ သူတို့တွေက အပြုံးအရယ် နည်းပြီး တည်တည် တံ့တံ့နေတတ် ပါတယ်။ ဒါပေမယ့် သူတို့အပြုံးက နေရောင်လို တောက်ပတယ်လို့ ပြောကြပါတယ်။ ဆန်းဆန်းပြားပြား ပစ္စည်းတွေကိုလည်း သဘောမကျတတ် ပါဘူး။ သစ္စာ အလွန်ရှိတဲ့ သူတွေပါပဲ။

4. ဆံပင်အလယ်ခွဲ

ဆံပင်အလယ်ခွဲ ပုံစံရှိတဲ့ အမျိုးသားတွေက ဝီရိယရှိပြီး ဇွဲကောင်းပါတယ်။ ရည်မှန်းချက်ကို ရောက်အောင်လည်း မရပ်မနား ကြိုးစားတတ် ပါတယ်။ သူတစ်ပါးကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ အေးအေးဆေးဆေး နေတတ်ကြ ပါတယ်။

5. ဆံပင်အထောင်

ဒီလို ဆံပင်ပိုင်ရှင်တွေက စိတ်ကူးယဉ်တတ်ပြီး အတိတ်က အချိန်တွေကို လွမ်းနေတတ် ပါတယ်။ တစ်ချိန်ကတော့ ဒီလို ဆံပင်အထောင်တွေက တော်တော်ကို လူကြိုက်များခဲ့ တာပါ။ ဆံပင် အထောင်ပုံစံ ရှိသူတွေက ပျော်ပျော်နေတတ်လို့ လူအများက သတိပြုမိကြ ပါတယ်။

6. ဆံပင်ဘေးခွဲပုံစံ

ရိုမန်တစ်ဆန်တဲ့ နေရာမှာ နှစ်ယောက်မရှိပါဘူး။ ဘဝကို ကောင်းကောင်း မွန်မွန် တည်ဆောက်တတ်ကြ ပါတယ်။ မိန်းကလေးတွေ ကြားမှာလည်း အတော် စွံပါတယ်။

7. One way ဆံပင်

ဒီလို ဆံပင်ပုံစံ ရှိတဲ့သူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိကြပါတယ်။ 6 packs တွေ ရှိပြီး အကွက်တွေ ပါတဲ့ အင်္ကျီကို သဘောကျတတ် ကြပါတယ်။ 6 packs မရှိရင်လည်း နောက်ဆို ရှိလာပါလိမ့်မယ်။ ခေတ်နဲ့ လျော်ညီအောင်လည်း နေတတ်ကြ ပါတယ်။

8. အပေါ်တွင် စုထုံးထားသည့် ဆံပင်

ကိုယ့်ကိုယ်ကို အလွန် ယုံကြည်မှုရှိပြီး ဝေဖန်မှုတွေကို မတုန်လှုပ် ပါဘူး။ အနုပညာကို ဝါသနာပါပြီး အေးအေးဆေးဆေး နေတတ်ပါတယ်။ သူတို့ရဲ့စိတ်ကို ခန့်မှန်းရ မလွယ်ကူ ပါဘူး။

Zombie (Lovemedia)

Ref - Brightside

ဆံပင္ပုံစံကေန သိႏိုင္မယ့္ ေယာက္်ားေလးေတြရဲ႕ အေၾကာင္း

လူတေယာက္မွာ ဆံပင္ပုံစံ ကလည္း အလြန္အေရး ပါပါတယ္။ ဆံပင္ပုံစံကေန လူတစ္ေယာက္ အေၾကာင္းကို မွန္းဆလို႔ ရႏိုင္ပါတယ္။

1. ဆံပင္ရွည္

ဆံပင္ရွည္ရင္ ၾကည့္ေကာင္း ပါတယ္။ ဆံပင္ရွည္တဲ့ အမ်ိဳးသားေတြက အမ်ားအားျဖင့္ တီထြင္ဉာဏ္ရွိၾကပါတယ္။ ဆံပင္အရွည္ေတြက 8 ရာစုနဲ႔ 11 ရာစုႏွစ္ ကာလၾကားက ဗိုက္ကင္း လူမ်ိဳးစုေတြကို သတိရသြားေစ ပါတယ္။ ေယာက်္ားေလး အမ်ားစုက မသိစိတ္ကေန ဆံပင္ရွည္ကို ထားခ်င္ၾကတယ္လို႔ ေျပာပါတယ္။ ဆံပင္ရွည္ေတာ့ နည္းနည္းေတာ့ အလုပ္ရႈပ္တာ ေပါ့ေနာ္။

2. ဆံပင္တို

ဆံပင္တိုသူေတြက ေယာက်္ားမာန္ဖီၿပီး သဝန္တိုတတ္ ၾကပါတယ္။ ၿပီးေတာ့ သူမ်ားအေပၚ လႊမ္းမိုးႏိုင္တဲ့ ဩဇာတိကၠမ နဲ႔လည္း ျပည့္စုံပါတယ္။ ဆံပင္အတို ပိုင္ရွင္ေတြက ထက္ျမက္ၿပီး ေပ်ာ္ေပ်ာ္လည္း ေနတတ္ၾက ပါတယ္။

3. ကတုံး ဆံပင္

အလြန္ထက္ျမက္ၿပီး သူမ်ားေတြထက္ ေရွ႕ကိုပိုၿပီး ျမင္ႏိုင္သူပါ။ ဆုံးျဖတ္ခ်က္ ကိုလည္း မွန္မွန္ကန္ကန္ ခ်တတ္ပါတယ္။ သူတို႔ေတြက အၿပဳံးအရယ္ နည္းၿပီး တည္တည္ တံ့တံ့ေနတတ္ ပါတယ္။ ဒါေပမယ့္ သူတို႔အၿပဳံးက ေနေရာင္လို ေတာက္ပတယ္လို႔ ေျပာၾကပါတယ္။ ဆန္းဆန္းျပားျပား ပစၥည္းေတြကိုလည္း သေဘာမက်တတ္ ပါဘူး။ သစၥာ အလြန္ရွိတဲ့ သူေတြပါပဲ။

4. ဆံပင္အလယ္ခြဲ

ဆံပင္အလယ္ခြဲ ပုံစံရွိတဲ့ အမ်ိဳးသားေတြက ဝီရိယရွိၿပီး ဇြဲေကာင္းပါတယ္။ ရည္မွန္းခ်က္ကို ေရာက္ေအာင္လည္း မရပ္မနား ႀကိဳးစားတတ္ ပါတယ္။ သူတစ္ပါးကို စိတ္အေႏွာင့္အယွက္ မျဖစ္ေစဘဲ ေအးေအးေဆးေဆး ေနတတ္ၾက ပါတယ္။

5. ဆံပင္အေထာင္

ဒီလို ဆံပင္ပိုင္ရွင္ေတြက စိတ္ကူးယဥ္တတ္ၿပီး အတိတ္က အခ်ိန္ေတြကို လြမ္းေနတတ္ ပါတယ္။ တစ္ခ်ိန္ကေတာ့ ဒီလို ဆံပင္အေထာင္ေတြက ေတာ္ေတာ္ကို လူႀကိဳက္မ်ားခဲ့ တာပါ။ ဆံပင္ အေထာင္ပုံစံ ရွိသူေတြက ေပ်ာ္ေပ်ာ္ေနတတ္လို႔ လူအမ်ားက သတိျပဳမိၾက ပါတယ္။

6. ဆံပင္ေဘးခြဲပုံစံ

႐ိုမန္တစ္ဆန္တဲ့ ေနရာမွာ ႏွစ္ေယာက္မရွိပါဘူး။ ဘဝကို ေကာင္းေကာင္း မြန္မြန္ တည္ေဆာက္တတ္ၾက ပါတယ္။ မိန္းကေလးေတြ ၾကားမွာလည္း အေတာ္ စြံပါတယ္။

7. One way ဆံပင္

ဒီလို ဆံပင္ပုံစံ ရွိတဲ့သူေတြက ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိၾကပါတယ္။ 6 packs ေတြ ရွိၿပီး အကြက္ေတြ ပါတဲ့ အက်ႌကို သေဘာက်တတ္ ၾကပါတယ္။ 6 packs မရွိရင္လည္း ေနာက္ဆို ရွိလာပါလိမ့္မယ္။ ေခတ္နဲ႔ ေလ်ာ္ညီေအာင္လည္း ေနတတ္ၾက ပါတယ္။

8. အေပၚတြင္ စုထုံးထားသည့္ ဆံပင္

ကိုယ့္ကိုယ္ကို အလြန္ ယုံၾကည္မႈရွိၿပီး ေဝဖန္မႈေတြကို မတုန္လႈပ္ ပါဘူး။ အႏုပညာကို ဝါသနာပါၿပီး ေအးေအးေဆးေဆး ေနတတ္ပါတယ္။ သူတို႔ရဲ႕စိတ္ကို ခန႔္မွန္းရ မလြယ္ကူ ပါဘူး။

Zombie (Lovemedia)

Ref - Brightside

Post a Comment

0 Comments