အသက် 114 နှစ် ဘိုးဘိုးပြောပြတဲ့ အသက်ရှည်စေမယ့် အစားအစာ (၅) မျိုး

လူတိုင်းက အသက်ရှည်ရှည် နေလိုကြပါတယ်။ ယခုခေတ်မှာ ပျမ်းမျှ လူ့သက်တမ်းက 72 နှစ် ပတ်ဝန်းကျင်ပဲ ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အသက်ရှည်စေဖို့ အတွက် စားရမယ့် အစားအစာတွေက နေ့စဉ်စားနေကြ သာမန် အစားအစာတွေ ပါပဲ။

Bernando LaPallo ကို 1901 ခုနှစ်မှာ မွေးဖွားခဲ့ပြီး 2015 ခုနှစ်မှာ ကွယ်လွန်ခဲ့ ပါတယ်။ အသက်ရှည်ပြီး အရွယ်တင် စေတဲ့ နည်းလမ်းတွေကို LaPallo က ပြောပြခဲ့ ပါတယ်။ LaPallo ရဲ့ နေ့စဉ် အစားအစာ ထဲမှာ အော်ဂဲနစ် အသီးအနှံတွေ အများကြီး ပါဝင် ပါတယ်။ ဒါပေမယ့် သူက အစားအစာ (5) မျိုးကိုပဲ အဓိကထားပြီး စားပါတယ်။

1. သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က ဟင်းတွေကို အရသာ ရှိစေရုံတင် မကပါဘူး။ ကျန်းမာရေး အတွက်လည်း အကျိုးအများကြီး ပြုပါတယ်။ သစ်ကြံပိုးခေါက်က ကင်ဆာ၊ နှလုံးရောဂါ၊ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို သက်သာစေပါတယ်။ HIV virus ကို တိုက်ဖျက်ရာ မှာလည်း သစ်ကြံပိုးခေါက်က အသုံးဝင်ပါတယ်။

2. ချောကလက်

ချောကလက်က ကိုလက်စထရော levelကို လျော့စေပါတယ်။ပြီးတော့ စိတ်ဖိစီးမှုတွေက်လည်း လျော့စေပါတယ်။ အဲဒါကြောင့် ချောကလက်ကြိုက်တတ်သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ။

3. ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ဖောက်ပြန်မှုကို ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့စေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်တွေကိုလည်း ကြက်သွန်ဖြူက ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အမြဲတမ်းစားတဲ့သူက ကိုယ်ခံအားကောင်းလို့ ဖျားနာတာတွေ မဖြစ်ပါဘူး။

4. ပျားရည်

ပျားထွက် ပစ္စည်းတွေကို ဆေးဝါးတွေမှာ ထည့်သုံးခဲ့ တာဟာ နှစ်ပေါင်း 5000 ထက် မနည်းတော့ပါဘူး။ ပျားရည်က သဘာဝပိုးသတ်ဆေး ဖြစ်ပြီးတော့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ပျားရည်ကို အလှအပ ပစ္စည်းတွေထဲ မှာလည်း ထည့်သုံးကြ ပါတယ်။

5. သံလွင်ဆီ

မသန့်စင် ရသေးတဲ့ သံလွင်ဆီကလည်း ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သံလွင်ဆီက ဦးနှောက်နဲ့ နှလုံးကျန်းမာရေး အတွက် အကျိုးရှိစေ ပါတယ်။ အင်တီအောက်ဆီးဒင့်တွေ အများကြီး ပါဝင်လို့ ဆီးချိုနဲ့ ကင်ဆာရောဂါတွေ ကိုလည်း သက်သာစေမှာပါ။

Bernando LaPallo ကို အသက်ရှည်စေသည့် အခြား အကြောင်းအရင်းများ

Bernando LaPallo က ဘဝမှာ တစ်ခါမှ ဖျားနာတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။ စားနေကျ အစားအစာ (5) မျိုး အပြင် LaPallo က သူ့အဖေမှာတဲ့ စကားအတိုင်း လိုက်နာတယ်လို့ ပြောပါတယ်။ LaPallo ရဲ့ အဖေက အနီရောင်ရှိတဲ့ အသားတွေကို မစားခိုင်းလို့ မစားပါဘူး။ Hot dog နဲ့ အာလူးချောင်းကြော်တွေ ကိုလည်း ရှောင်တယ်လို့ LaPallo က ပြောပြခဲ့ ပါတယ် ။

LaPallo က မနက်ဆိုရင် လမ်းလျှောက် ထွက်ပြီး ကျားထိုးနည်း၊ စကားလုံးပဟေဠိ ဆက်နည်းတွေကိုလည်း ကစားလေ့ ရှိပါတယ်။ အဲဒီလို ကစားနည်းတွေက Bernando ကို စိတ်ကြည်လင် စေပြီး သွက်လက်စေပါတယ်။ သူ့အသက် 8 နှစ်တုန်းက သူ့အဖေ မှာခဲ့တဲ့ စကားတွေကို မှတ်မိနေသေးတယ်လို့လည်း ပြောပြပါတယ်။ အဲဒါကြောင့် အသက်ရှည်စေမယ့် နည်းလမ်းတွေက ရိုးရှင်းပြီး လိုက်လုပ်ဖို့ လွယ်ကူပါတယ်။

Zombie (Lovemedia)

For Zawgyi

အသက္ 114 ႏွစ္ ဘိုးဘိုးေျပာျပတဲ့ အသက္ရွည္ေစမယ့္ အစားအစာ (၅) မ်ိဳး

လူတိုင္းက အသက္ရွည္ရွည္ ေနလိုၾကပါတယ္။ ယခုေခတ္မွာ ပ်မ္းမွ် လူ႔သက္တမ္းက 72 ႏွစ္ ပတ္ဝန္းက်င္ပဲ ရွိတယ္လို႔ ကမာၻ႔ က်န္းမာေရးအဖြဲ႕က ေျပာပါတယ္။ အသက္ရွည္ေစဖို႔ အတြက္ စားရမယ့္အစားအစာေတြက ေန႔စဥ္စားေနၾက သာမန္ အစားအစာေတြ ပါပဲ။

Bernando LaPallo ကို 1901 ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး 2015 ခုႏွစ္မွာ ကြယ္လြန္ခဲ့ ပါတယ္။ အသက္ရွည္ၿပီး အ႐ြယ္တင္ ေစတဲ့ နည္းလမ္းေတြကို LaPallo က ေျပာျပခဲ့ ပါတယ္။ LaPallo ရဲ႕ ေန႔စဥ္ အစားအစာ ထဲမွာ ေအာ္ဂဲနစ္ အသီးအႏွံေတြ အမ်ားႀကီး ပါဝင္ ပါတယ္။ ဒါေပမယ့္ သူက အစားအစာ (5) မ်ိဳးကိုပဲ အဓိကထားၿပီး စားပါတယ္။

1. သစ္ႀကံပိုးေခါက္

သစ္ႀကံပိုးေခါက္က ဟင္းေတြကို အရသာ ရွိေစ႐ုံတင္ မကပါဘူး။ က်န္းမာေရး အတြက္လည္း အက်ိဳးအမ်ားႀကီး ျပဳပါတယ္။ သစ္ႀကံပိုးေခါက္က ကင္ဆာ၊ ႏွလုံးေရာဂါ၊ ဘက္တီးရီးယားနဲ႔ မႈိေရာဂါေတြကို သက္သာေစပါတယ္။ HIV virus ကို တိုက္ဖ်က္ရာ မွာလည္း သစ္ႀကံပိုးေခါက္က အသုံးဝင္ပါတယ္။

2. ေခ်ာကလက္

ေခ်ာကလက္က ကိုလက္စထေရာ levelကို ေလ်ာ့ေစပါတယ္။ၿပီးေတာ့ စိတ္ဖိစီးမႈေတြက္လည္း ေလ်ာ့ေစပါတယ္။ အဲဒါေၾကာင့္ ေခ်ာကလက္ႀကိဳက္တတ္သူေတြအတြက္ေတာ့ ဝမ္းသာစရာပါပဲ။

3. ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက အယ္လ္ဇိုင္းမားေရာဂါနဲ႔ စိတ္ေဖာက္ျပန္မႈကို ကာကြယ္ေပးၿပီး ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ့ေစပါတယ္။ ခႏၶာကိုယ္ထဲက အဆိပ္ေတြကိုလည္း ၾကက္သြန္ျဖဴက ဖယ္ရွားေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴကို အၿမဲတမ္းစားတဲ့သူက ကိုယ္ခံအားေကာင္းလို႔ ဖ်ားနာတာေတြ မျဖစ္ပါဘူး။

4. ပ်ားရည္

ပ်ားထြက္ ပစၥည္းေတြကို ေဆးဝါးေတြမွာ ထည့္သုံးခဲ့ တာဟာ ႏွစ္ေပါင္း 5000 ထက္ မနည္းေတာ့ပါဘူး။ ပ်ားရည္က သဘာဝပိုးသတ္ေဆး ျဖစ္ၿပီးေတာ့ ဘက္တီးရီးယားေတြကို ကာကြယ္ႏိုင္တဲ့ အစြမ္းရွိပါတယ္။ ပ်ားရည္ကို အလွအပ ပစၥည္းေတြထဲ မွာလည္း ထည့္သုံးၾက ပါတယ္။

5. သံလြင္ဆီ

မသန႔္စင္ ရေသးတဲ့ သံလြင္ဆီကလည္း က်န္းမာေရးအတြက္ ေကာင္းတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ သံလြင္ဆီက ဦးေႏွာက္နဲ႔ ႏွလုံးက်န္းမာေရး အတြက္ အက်ိဳးရွိေစ ပါတယ္။ အင္တီေအာက္ဆီးဒင့္ေတြ အမ်ားႀကီး ပါဝင္လို႔ ဆီးခ်ိဳနဲ႔ ကင္ဆာေရာဂါေတြ ကိုလည္း သက္သာေစမွာပါ။

Bernando LaPallo ကို အသက္ရွည္ေစသည့္ အျခား အေၾကာင္းအရင္းမ်ား

Bernando LaPallo က ဘဝမွာ တစ္ခါမွ ဖ်ားနာတာ မရွိခဲ့ဘူးလို႔ ေျပာပါတယ္။ စားေနက် အစားအစာ (5) မ်ိဳး အျပင္ LaPallo က သူ႔အေဖမွာတဲ့ စကားအတိုင္း လိုက္နာတယ္လို႔ ေျပာပါတယ္။ LaPallo ရဲ႕ အေဖက အနီေရာင္ရွိတဲ့ အသားေတြကို မစားခိုင္းလို႔ မစားပါဘူး။ Hot dog နဲ႔ အာလူးေခ်ာင္းေၾကာ္ေတြ ကိုလည္း ေရွာင္တယ္လို႔ LaPallo က ေျပာျပခဲ့ ပါတယ္ ။

LaPallo က မနက္ဆိုရင္ လမ္းေလွ်ာက္ ထြက္ၿပီး က်ားထိုးနည္း၊ စကားလုံးပေဟဠိ ဆက္နည္းေတြကိုလည္း ကစားေလ့ ရွိပါတယ္။ အဲဒီလို ကစားနည္းေတြက Bernando ကို စိတ္ၾကည္လင္ ေစၿပီး သြက္လက္ေစပါတယ္။ သူ႔အသက္ 8 ႏွစ္တုန္းက သူ႔အေဖ မွာခဲ့တဲ့ စကားေတြကို မွတ္မိေနေသးတယ္လို႔လည္း ေျပာျပပါတယ္။ အဲဒါေၾကာင့္ အသက္ရွည္ေစမယ့္ နည္းလမ္းေတြက ႐ိုးရွင္းၿပီး လိုက္လုပ္ဖို႔ လြယ္ကူပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments