အတင်းပြောခြင်းက လူမှုဆက်ဆံ​ရေးကို တိုးတက်​စေနိုင်

အတင်း​ပြောတာကို မိန်းမ​တွေရဲ့အလုပ်လို့ ထင်ကြပါတယ်။ တကယ်က​ ယောကျ်ား​တွေလည်း အတင်း​ပြော တတ်ကြပါတယ်။ အတင်းပြောတယ် ဆိုတာက အခြားသူတွေကို မနာလိုလို့ ပြောတာပါပဲ။ လူတွေက ကိုယ့်ထက်သာနေပြီဆိုရင် မကျေနပ်တဲ့ အကြောင်းတွေ၊ အဲဒီလူရဲ့ မကောင်းတဲ့ အကြောင်းတွေကို မိမိရဲ့ မိသားစု၊ သူငယ်ချင်း စတဲ့သူတွေကို ပြောပြတတ်ကြတာပါပဲ။ ဒီလိုပြောခြင်းဟာ အဆိုးဘက်ကို အမြဲတမ်း မရောက်ပဲ ​ကောင်းကျိုးပြု နေပါသေးတယ်။

ကျွန်တော်တို့တွေ အတင်းအဖျင်းပြောဖို့ တွေးတဲ့အခါမှာ အဲဒီလူရဲ့ မကောင်းတဲ့အကြောင်းကို လုံးစေ့ပတ်စေ့ တွေးတောရပါတယ်။ ဒါဟာ ဦးနှောက်ကို အလုပ်အရမ်း လုပ်စေပါတယ်။ တစ်နေ့တာ စကားပြောဆိုမှုတွေရဲ့ (၁၄%) က အတင်းပြောဆိုမှုတွေပါပဲ။ ဒီလိုပြောဆိုခြင်းတွေမှာလဲ အများစုက အပျော်သဘောသက်သက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။

အတင်းအဖျင်း ပြောဆိုတာက လူမှုဆက်ဆံရေးမှာ အများကြီး အထောက်အကူဖြစ်စေပြီးတော့ တစ်စုံတစ်ဦးထံမှလည်း အတွေ့အကြုံအသစ်တွေ နည်းလမ်းအသစ်တွေကိုလည်း သင်ယူလို့ရပါတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်း ပိုမိုခိုင်မာ လာစေပါတယ်။

ဒီလို အတင်းပြောတဲ့ စကားတွေကလည်း ကျွန်တော်တို့ရဲ့ဘဝကို အထောက်အကူများစွာ ဖြစ်စေပြီးတော့ အနာဂတ်ကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ သင့်ရဲ့လုပ်ငန်းက အကြီးတန်းတစ်ယောက်နဲ့ အတင်းပြောနေရင်း သင်တို့ (၂) ယောက်လုံး ကြည့်မရတဲ့လူ အကြောင်းကို ပြောတဲ့အခါ သင်နဲ့သင့်အထက်လူကြီးရဲ့ ဆက်ဆံရေးတွေက ပိုမို သင့်မြတ်လာနိုင်ပါတယ်။ ဒါပေမယ့် အတင်း​ပြောတဲ့အခါ ယုံကြည်ရသူကိုပဲ ​ရွေးချယ်​ပြောသင့်ပါတယ်။

သုတေသီတွေဟာ အတင်းပြောခြင်းနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေများစွာလုပ်ခဲ့ပါတယ်။ လူ (၆) ယောက်ပါတဲ့ စမ်းသပ်မှုတစ်ခုကို (၁၀) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အလှည့်ကျတိုင်း တစ်ယောက်ကို အမှတ် (၁၀၀) စီပေးပြီးတော့ သူတို့ရဲ့ အမှတ်နဲ့ ငွေတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်စေပါတယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း မိမိကိုယ်တိုင် သုံးစွဲခြင်းနဲ့ ရန်ပုံငွေထဲ ထည့်ခြင်းစတဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်တွေကို ပေးထားပါတယ်။ ပြီးရင်တော့ ကျန်တဲ့ပမာဏကို ၁.၅ နဲ့မြှောက်ပြီးတော့ အညီအမျှခွဲဝေယူစေပါတယ်။

ဒီလို စမ်းသပ်တဲ့အခါမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကို အမြဲစောင့်ကြည့်နေပြီး သူတို့ယုံကြည်ရတဲ့သူတွေကို ဒီအကြောင်းတွေ ပြန်လည်မျှဝေကြပါတယ်။ ဒါဟာ တစ်ယောက်အကြောင်းကိုတစ်ယောက် ပိုသိစေတဲ့ စမ်းသပ်ချက်တွေ ဖြစ်ပါတယ်။

ဒါကြောင့် လူမှုဆက်ဆံ​ရေးပညာ တိုးတက်လိုပါသလား အတင်းများများပြောပါ။ လူတွေအကြောင်းကို ပိုသိပြီးတော့ ဗဟုသုတတွေလည်း အများကြီး ရစေပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို သင် အတင်းပြောခဲ့တဲ့သူကတော့ ယုံကြည်ရသူ ဖြစ်ပါ​စေ​နော်။

Zombie (Lovemedia)

Post a Comment

0 Comments