ကံဆိုးမှုတွေကို ဖယ်ရှားဖို့အတွက် ခွေးနဲ့လက်ထပ်လိုက်တဲ့ မိန်းကလေး

အောက်ဆုံးတွင် ရုပ်သံဖိုင် ပါဝင်ပါသည်

အိန္ဒိယနိုင်ငံဟာ အယူအဆ ကြီးမားပြီးတော့ မျိူးရိုးကို အလေးထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဓလေ့ထုံးတမ်းတွေကို အရမ်းယုံကြည်ပြီးတော့ ရှေးရိုးလည်းကျပါတယ်။ ဒီတစ်ခေါက်မှာ lovemedia ကနေ ပြောပြပေးချင်တာကတော့ ကံဆိုးမှုတွေ သူ့အပေါ် မကျရောက်စေဖို့ ခွေးနဲ့ လက်ထပ်လိုက်ရတဲ့ မိန်းကလေးအကြောင်းဖြစ်ပါတယ်။

မီဒီယာတွေကနေ ဖော်ပြထားခြင်း အရကတော့ အမျိုးသမီးဟာ ကျိန်စာတစ်ခု သင့်သွားခဲ့ပါတယ်။ ဘာကျိန်စာလဲ ဆိုတာကိုတော့ မဖော်ပြပေမယ့် မိဘဆွေမျိုးတွေကတော့ အမျိုးသမီးကို ချက်ချင်းယောကျာ်းပေးစားဖို့ လုပ်ပါတော့တယ်။

ဒီကျိန်စာကို ဖယ်ရှားနိုင်ဖို့က ခွေးနဲ့ပေးစားမှ ဖြစ်မယ်ဆိုတဲ့အယူကြောင့်ပါ။ ဒါကြောင့်လည်း ခွေးရှာပုံတော် ထွက်ကြပါတယ်။ အမျိူးသမီးဟာ ခွေးနဲ့ လက်မထပ်ချင်ပေမယ့်လည်း မိဘတွေကို မလွန်ဆန်နိုင်တာရယ်၊ ကျေးရွာလူကြီးတွေက အတင်းဖိအားပေးတာကြောင့်ရယ် လက်ထပ်ဖို့ ဆုံးဖြတ်လိုက် ရပါတော့တယ်။

သူမရဲ့ မိခင်ကတော့ ကျိန်စာကို ဖယ်ရှားဖို့နဲ့ ရွာသားတွေ ပျော်ရွှင်စေဖို့အတွက် ငွေကြေးအမြောက်အများ အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ဖခင်ကိုယ်တိုင်ကလည်း ကောင်းချီးပေးခဲ့ပါသေးတယ်။

လက်ထပ်ပြီးရင်တော့ ကလေးယူဖို့ အစီအစဉ်မရှိဘူး လို့တော့ ပြောပါတယ်။ ယူလို့လဲ အဆင်မပြေနိုင်ပါဘူး။ အမျိုးသမီးဟာ အိမ်ကိုပြန်လာတိုင်း အိမ်ရှေ့မှာကြိုးချည်ထားတဲ့ခွေးကို မြင်တိုင်း စိတ်မချမ်းသာဘူးလို့ ပြောပါတယ်။ ဒါကြောင့်လဲ သူမကိုတကယ်ချစ်ပြီး လက်ထပ်မယ့် အမျိူးသားကို မျှော်လင့်နေပါတယ်။

ဒါ့ကြောင့်လည်း နောက်သူမကို လက်ထပ်မယ့် အမျိူးသားကိုတွေ့ရင် ဘာတောင်းရမ်းခမှ ပေးစရာမလိုပဲ သူမကိုရမည်ဖြစ်ကြောင်း ပြောထားပါတယ်။ ကျိန်စာလည်း ပယ်ပျောက်သွားပြီလို့လည်း ယုံကြည်နေကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ကံဆိုးမႈေတြကို ဖယ္ရွားဖို႔အတြက္ ေခြးနဲ႔လက္ထပ္လိုက္တဲ့ မိန္းကေလး

အိႏၵိယႏိုင္ငံဟာ အယူအဆ ႀကီးမားၿပီးေတာ့ မ်ိဴး႐ိုးကို အေလးထားတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ ဓေလ့ထုံးတမ္းေတြကို အရမ္းယုံၾကည္ၿပီးေတာ့ ေရွး႐ိုးလည္းက်ပါတယ္။ ဒီတစ္ေခါက္မွာ lovemedia ကေန ေျပာျပေပးခ်င္တာကေတာ့ ကံဆိုးမႈေတြ သူ႔အေပၚ မက်ေရာက္ေစဖို႔ ေခြးနဲ႔လက္ထပ္လိုက္ရတဲ့ မိန္းကေလးအေၾကာင္းျဖစ္ပါတယ္။

မီဒီယာေတြကေန ေဖာ္ျပထားျခင္း အရကေတာ့ အမ်ိဳးသမီးဟာ က်ိန္စာတစ္ခု သင့္သြားခဲ့ပါတယ္။ ဘာက်ိန္စာလဲ ဆိုတာကိုေတာ့ မေဖာ္ျပေပမယ့္ မိဘေဆြမ်ိဳးေတြကေတာ့ အမ်ိဳးသမီးကို ခ်က္ခ်င္းေယာက်ာ္းေပးစားဖို႔ လုပ္ပါေတာ့တယ္။

ဒီက်ိန္စာကို ဖယ္ရွားႏိုင္ဖို႔က ေခြးနဲ႔ေပးစားမွ ျဖစ္မယ္ဆိုတဲ့အယူေၾကာင့္ပါ။ ဒါေၾကာင့္လည္း ေခြးရွာပုံေတာ္ ထြက္ၾကပါတယ္။ အမ်ိဴးသမီးဟာ ေခြးနဲ႔ လက္မထပ္ခ်င္ေပမယ့္လည္း မိဘေတြကို မလြန္ဆန္ႏိုင္တာရယ္၊ ေက်း႐ြာလူႀကီးေတြက အတင္းဖိအားေပးတာေၾကာင့္ရယ္ လက္ထပ္ဖို႔ ဆုံးျဖတ္လိုက္ ရပါေတာ့တယ္။

သူမရဲ႕ မိခင္ကေတာ့ က်ိန္စာကို ဖယ္ရွားဖို႔နဲ႔ ႐ြာသားေတြ ေပ်ာ္႐ႊင္ေစဖို႔အတြက္ ေငြေၾကးအေျမာက္အမ်ား အသုံးျပဳခဲ့ပါတယ္။ ၿပီးေတာ့ ဖခင္ကိုယ္တိုင္ကလည္း ေကာင္းခ်ီးေပးခဲ့ပါေသးတယ္။

လက္ထပ္ၿပီးရင္ေတာ့ ကေလးယူဖို႔ အစီအစဥ္မရွိဘူး လို႔ေတာ့ ေျပာပါတယ္။ ယူလို႔လဲ အဆင္မေျပႏိုင္ပါဘူး။ အမ်ိဳးသမီးဟာ အိမ္ကိုျပန္လာတိုင္း အိမ္ေရွ႕မွာႀကိဳးခ်ည္ထားတဲ့ေခြးကို ျမင္တိုင္း စိတ္မခ်မ္းသာဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္လဲ သူမကိုတကယ္ခ်စ္ၿပီး လက္ထပ္မယ့္ အမ်ိဴးသားကို ေမွ်ာ္လင့္ေနပါတယ္။

ဒါ့ေၾကာင့္လည္း ေနာက္သူမကို လက္ထပ္မယ့္ အမ်ိဴးသားကိုေတြ႕ရင္ ဘာေတာင္းရမ္းခမွ ေပးစရာမလိုပဲ သူမကိုရမည္ျဖစ္ေၾကာင္း ေျပာထားပါတယ္။ က်ိန္စာလည္း ပယ္ေပ်ာက္သြားၿပီလို႔လည္း ယုံၾကည္ေနၾကပါတယ္။

ရုပ်သံ

Zombie (Lovemedia)

Post a Comment

0 Comments