မိန်းကလေးများရဲ့ Top Secrets
မိန်းကလေးတွေရဲ့ အလန်းဆုံး အချိန်က Branded အမြင့်တွေ ကိုင်ပြီး ပွဲတက်တဲ့ အချိန် မဟုတ်ပါဘူး။ အိပ်ယာ နိုးနိုးခြင်း အိပ်ချင်မူးတူး ဖြစ်နေတဲ့အချိန်။
ချစ်စရာ အကောင်းဆုံး အချိန်က ပါးလေးဖေါင်း နှုတ်ခမ်းလေး ဆူထားတဲ့ အချိန် မဟုတ်ပါဘူး။ ဘယ်သူ့မှ ဂရုမစိုက်ဘဲ သဲသဲမဲမဲ အစား ငုံ့စားနေတဲ့ အချိန်။
ဆွဲဆောင်မှု အရှိဆုံး အချိန်ကမိတ်ကပ် နှုတ်ခမ်းနီတွေ ရွှိုင်းထားကာစ အချိန် မဟုတ်ပါဘူး။ သနပ်ခါး ပဲဟင်းအိုး မှောက်ကျသလို လူးထားတဲ့အချိန်။
အသဲယားဖို့ အကောင်းဆုံး အချိန်က... အတိုအပြတ်ဝတ်ပြီး Shopping ထွက်ချိန် မဟုတ်ပါဘူး။ စကားပြောပြောပြီး ခလေးလို ရှိုက်ရှိုက် ငိုတတ်တဲ့ အချိန်။
Original အလှလို့ သတ်မှတ်လို့ရတဲ့ အချိန်က.. ခေါင်းလျှော်ပြီးကာစ ဆံပင်ဖါးလျား ချထားချိန် မဟုတ်ပါဘူး။ ပူအိုက်တဲ့အခါ ဆံပင်လေးတွေ စုစည်းထားတဲ့ အချိန်။
ကျက်သရေ အရှိဆုံး အချိန်က... မြန်မာဝမ်းဆက် ဝတ်ပြီး ဆံထုံး ထုံးထားတဲ့အချိန် မဟုတ်ပါဘူး။ လိုချင်တာ ရသွားလို့ လှစ်ခနဲ ပြုံးပျော်သွားတဲ့ အချိန်။
အဖြူစင်ဆုံး အချိန်က... စလို့ စမှန်းမသိ တစ်ကယ် စိတ်ဆိုးသွားတဲ့အချိန် မဟုတ်ပါဘူး။ " လက်ပံပင်ပေါ် ဆက်ရက်ကျ"သလို စကားများတဲ့အချိန်။
အလိမ္မာဆုံး အချိန်က... မိဘစကား ချစ်သူစကား နားထောင်ပြတဲ့ အချိန် မဟုတ်ပါဘူး။ ပိုက်ဆံပြတ်လို့ လက်ထဲသုံးစရာ မရှိတော့တဲ့ အချိန်။
စိတ်အရှည်ဆုံး အချိန်က... အပြင်သွားခါနီး ဖြီးလိမ်းပြင်ဆင် နေတဲ့အချိန် မဟုတ်ပါဘူး။ ချစ်သူကို တိတ်တိတ်လေး Spy ခိုးလုပ်နေတဲ့ အချိန်။
အထာအကျဆုံး အချိန်က... ဂဏန်း ခြောက်လုံး အထက်ရှိတဲ့ Dressing အပြည့်ဝတ်ပြီး Show ပွဲသွားချိန်မဟုတ်ပါဘူး။ လက်နှီးစုတ် သာသာရှိတဲ့ အိမ်နေရင်း အဝတ်ကိုဝတ် 1500 တန် ဖိနပ်စီး လမ်းထိပ် ဈေးထွက်ဝယ်တဲ့အချိန်။
sm
For Zawgyi
sm
Post a Comment
0 Comments