အကြားချင်ဆုံးက…
" နောက်ဆုတ်ပေးပါ့မယ်" ဆိုပြီး သရဲဘောကြောင်တဲ့စကား မဟုတ်ဘူး။ "ရအောင်ယူပြမယ်" အဲ့လို ပြတ်သားတဲ့ စကားမျိုး။
အကြွေဆုံးက…
"ဘာစားချင်လဲ" ဆိုပြီး အလိုက်မသိမေးတတ်တဲ့အထာ မဟုတ်ဘူး။ " ရော့ သဲကြိုက်တတ်တာ" အဲ့လို ပါးနပ်တဲ့အထာမျိုး။
အဖြစ်စေချင်ဆုံးက…
"ဘာလိုချင်လဲ" ဆိုပြီး ပျော့ညံ့တဲ့ နှစ်ကျပ်ကွက်မျိုး မဟုတ်ဘူး။ "လာလိုက်ခဲ့ Junction City" အဲ့လို အနိုင်ယူတတ်တဲ့အကွက်မျိုး။
အလိုအပ်ဆုံးက…
"ပိုက်ဆံရှိမှ" ဆိုပြီး အရာရာကို ငွေနဲ့တိုင်းတာတတ်တဲ့သူ မဟုတ်ဘူး။ "ဘဝကျရှုံးနေချိန်" လမ်းဘေးဆိုင်မှာ အတူထိုင်စားပေးရဲတဲ့သူမျိုး။
ပီတိအဖြစ်ဆုံးက…
"ဖုန်းဘေလ်ကျန်သေးလား" ဆိုပြီး စိတ် ကသိကအောက်ဖြစ်အောင် မေးတဲ့သူ မဟုတ်ဘူး။ "တစ်သောင်းကဒ် ရွှိဆိုထည့်" ရှုးတိုးတိုး ဘာမှဆက်မပြောနဲ့လို့ နှုတ်ပိတ်တတ်တဲ့ ရုပ်တည်တဲ့သူမျိုး။
အမျှော်လင့်ဆုံးက…
"နင်နဲ့ငါ ပြတ်ပြီ" ဆိုပြီး ထစ်ခနဲရှိ စကားများတိုင်း ပြောတတ်တဲ့သူ မဟုတ်ဘူး။ " တောင်းပန်ပါတယ် စကား" မှားမှားမှန်မှန် ထပ်တလဲလဲ ပြောလေ့ရှိတဲ့သူမျိုး။
အခိုက်ဆုံးက…
" တွေ့ချင်လိုက်တာ" ဆိုပြီး အိပ်ယာထဲကမထပဲ စွန့်စားလိုစိတ် နည်းတဲ့သူ မဟုတ်ဘူး။ "အခု အိမ်ရှေ့ရောက်နေပြီ" ဆိုပီး အနားကို ချက်ချင်းရောက်လာတတ်တဲ့ စူပါဟီးရိုးမျိုး။
crd
For Zawgyi
မိန်းကလေးတွေ ကြွေတာ ဒီအချက်လေးတွေပါ
အကြားချင်ဆုံးက…
အကြွေဆုံးက…
အဖြစ်စေချင်ဆုံးက…
အလိုအပ်ဆုံးက…
ပီတိအဖြစ်ဆုံးက…
အမျှော်လင့်ဆုံးက…
အခိုက်ဆုံးက…
crd
0 Comments