မိန်းကလေးတွေ နှစ်သက်တဲ့ ခင်ပွန်းကောင်းဆိုတာ

- နံနက် အိပ်ယာထတဲ့အခါ “ မင်း နေကောင်းလား၊ ကျန်းမာရေး ဂရုစိုက်နော် ” ဆိုပီး စိုးရိမ်စကား ပြောပေးတတ်သူ။

- နံနက်စာ စားတဲ့အခါ “ ကော်ဖီ ၁- ခွက် ကို ၂ - ယောက် တူတူ သောက်ကြရအောင်ကွာ ” ဆိုပီး မျှဝေခံစားတတ်သူ။

- နံနက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးတဲ့အခါ ပန်းကန်ခွက်ယောက် ကူသယ်/ ကူသိမ်း ပေးတတ်သူ။

- ထမင်းစားတဲ့အခါ “လက်ရာကတော့ ရှယ်ပဲ… ယောကျာ်း အကြိုက်သိ တဲ့ မိန်းမ.. ငယ်ငယ်တုန်းက စားခဲ့တဲ့ မေမေ့လက် ရာ အတိုင်းဘဲ” ဟု ချီးမွမ်းမြှောက်ပင့် ပြောတတ်သူ။

- အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာ အလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကို မတွေ့တွေ့အောင် ရှာပြီး “ မေကြီးရေ.. အလုပ် သွားပြီကွာ” လို့ အရေးတယူ နှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက် တတ်သူ)

- နေ့လယ်ဘက် ထမင်းစားချိန် အားလပ်ချိန်မှာ ဖုန်း (သို့မဟုတ်) ဖုန်းမတ်ဆေ့ချ်ဖြင့် “မိန်းမရေ.. ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ ဇက်ကြောလေး လာဆွဲပေးပါဦး ” လို့ အရွှန်းဖောက်တတ်သူ။

- အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ဝယ်လာတတ်သူ။

- ညစာစားပြီး “ မင်းနားပါကွာ… ကိုယ် ပန်းကန်တွေ ဆေးလိုက် မယ်လေ” (တကယ် မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြ လိုက်ပါဦး)

- ကလေးတွေ အိမ်စာလုပ်ပြီး/ မပြီး စာကူ စစ်ပေးတတ်သူ။ အလုပ်မှာ ဘယ်လောက် ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ရာဝင်ပုံပြင် ပြောပြတတ်သူ။

- မိမိအလုပ်နဲ့ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ ဆိုး၏/ ပျော်၏ /စိတ်ညစ်၏… ရင်ဖွင့် ပြောပြတတ်သူ။

- ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ/ နွေးနွေးထွေးထွေး ပွေ့ဖက်တတ်သူ (လင့်ဝတ္တရား ကျေသူ)

- ဆွေမျိုးများ နဲ့ အပေါင်းသင်း မိတ်ဆွေတွေရှေ့မှာ ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက်ပြတတ်သူ။

- သားသမီးတွေ ရှေ့မှာ “ မင်းတို့မေမေက ကျေးဇူးရှိတယ်နော် မေမေ့စကား နားထောင် မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့ မကြာခဏ ပြောပေးတတ်သူ။

- ဇနီးသည် အလုပ်ရှုပ် နေတဲ့အခါ ကလေးတွေကို အဖော်ပြု ပေးတတ်သူ။

- အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက် လည်ပတ်ပေးတတ်သူ။ နှစ်ယောက်ထဲ ရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏ ဆိုသလို “ မင်း ကတော့ ဒို့မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့သာပေါ့၊ မင်းလည်း တော်တော် ပင်ပန်း နေပြီနော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကား ပြောပေးဖို့နှုတ်မနှေးကြပါနဲ့လို့ သုတေသီများက အကြံပြုထားပါတယ်။

ဒီလိုဂရုစိုက် စကားလေးတွေကြောင့် ဇနီးသည်အတွက် သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ အိမ်ထောင်ရေးသုခ ဖြစ်စေမှာပါတဲ့။

အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ကြပါစေလို့..

crd

For Zawgyi

မိန္းကေလးေတြ ႏွစ္သက္တဲ့ ခင္ပြန္းေကာင္းဆိုတာ

- နံနက္ အိပ္ယာထတဲ့အခါ “ မင္း ေနေကာင္းလား၊ က်န္းမာေရး ဂ႐ုစိုက္ေနာ္ ” ဆိုပီး စိုးရိမ္စကား ေျပာေပးတတ္သူ။

- နံနက္စာ စားတဲ့အခါ “ ေကာ္ဖီ ၁- ခြက္ ကို ၂- ေယာက္ တူတူ ေသာက္ၾကရေအာင္ကြာ ” ဆိုပီး မွ်ေဝခံစားတတ္သူ။

- နံနက္စာ ျပင္ဆင္ (သို႔မဟုတ္) စားေသာက္ၿပီးတဲ့အခါ ပန္းကန္ခြက္ေယာက္ ကူသယ္/ ကူသိမ္း ေပးတတ္သူ။

- ထမင္းစားတဲ့အခါ “လက္ရာကေတာ့ ရွယ္ပဲ… ေယာက်ာ္း အႀကိဳက္သိ တဲ့ မိန္းမ.. ငယ္ငယ္တုန္းက စားခဲ့တဲ့ ေမေမ့လက္ ရာ အတိုင္းဘဲ” ဟု ခ်ီးမြမ္းေျမႇာက္ပင့္ ေျပာတတ္သူ။

- အလုပ္သြားခါနီးတိုင္း အိမ္ေနာက္ေဖးမွာ အလုပ္ရႈပ္ေနတတ္တဲ့ ခ်စ္ဇနီးကို မေတြ႕ေတြ႕ေအာင္ ရွာၿပီး “ ေမႀကီးေရ.. အလုပ္ သြားၿပီကြာ” လို႔ အေရးတယူ ႏႈတ္ဆက္တတ္သူ (လူလစ္ရင္ အနမ္းျဖင့္ႏႈတ္ဆက္ တတ္သူ)

- ေန႔လယ္ဘက္ ထမင္းစားခ်ိန္ အားလပ္ခ်ိန္မွာ ဖုန္း (သို႔မဟုတ္) ဖုန္းမတ္ေဆ့ခ်္ျဖင့္ “မိန္းမေရ.. ဘာေတြ လုပ္ေနတုန္းကြာ ဒီမွာ ေညာင္းေနလို႔ ဇက္ေၾကာေလး လာဆြဲေပးပါဦး ” လို႔ အ႐ႊန္းေဖာက္တတ္သူ။

- အလုပ္ဆင္းခ်ိန္ အိမ္အျပန္လမ္းမွာ မိသားစုအတြက္ စားစရာေလးျဖစ္ျဖစ္ ဝယ္လာတတ္သူ။

- ညစာစားၿပီး “ မင္းနားပါကြာ… ကိုယ္ ပန္းကန္ေတြ ေဆးလိုက္ မယ္ေလ” (တကယ္ မေဆးျဖစ္ေပမယ့္ ေဆးေတာ့မယ္ဟန္ လုပ္ျပ လိုက္ပါဦး)

- ကေလးေတြ အိမ္စာလုပ္ၿပီး/ မၿပီး စာကူ စစ္ေပးတတ္သူ။ အလုပ္မွာ ဘယ္ေလာက္ ပင္ပန္းပင္ပန္း ကေလးကို ညအိပ္ရာဝင္ပုံျပင္ ေျပာျပတတ္သူ။

- မိမိအလုပ္နဲ႔ပတ္သက္ၿပီး ဇနီးျဖစ္သူကို ေကာင္း၏/ ဆိုး၏/ ေပ်ာ္၏ /စိတ္ညစ္၏… ရင္ဖြင့္ ေျပာျပတတ္သူ။

- ဇနီးသည္ကို စိတ္ဝင္စားမႈရွိသူ/ ေႏြးေႏြးေထြးေထြး ေပြ႕ဖက္တတ္သူ (လင့္ဝတၱရား ေက်သူ)

- ေဆြမ်ိဳးမ်ား နဲ႔ အေပါင္းသင္း မိတ္ေဆြေတြေရွ႕မွာ ဇနီးသည္ကို ေဖးေဖးမမ ဂ႐ုစိုက္ျပတတ္သူ။

- သားသမီးေတြ ေရွ႕မွာ “ မင္းတို႔ေမေမက ေက်းဇူးရွိတယ္ေနာ္ ေမေမ့စကား နားေထာင္ ေမေမ့ကို စိတ္ညစ္ေအာင္ မလုပ္ ရဘူး” လို႔ မၾကာခဏ ေျပာေပးတတ္သူ။

- ဇနီးသည္ အလုပ္ရႈပ္ ေနတဲ့အခါ ကေလးေတြကို အေဖာ္ျပဳ ေပးတတ္သူ။

- အလုပ္ပိတ္ရက္ေတြမွာ အခါအားေလ်ာ္စြာ မိသားစုကို သီးသန႔္ အခ်ိန္ေပးၿပီး အျပင္ထြက္ လည္ပတ္ေပးတတ္သူ။ ႏွစ္ေယာက္ထဲ ရွိေနခ်ိန္မွာ မိမိ ဇနီးကို မၾကာခဏ ဆိုသလို “ မင္း ကေတာ့ ဒို႔မိသားစုအတြက္ မရွိမျဖစ္ဘဲကြာ၊ မင္းရွိလို႔သာေပါ့၊ မင္းလည္း ေတာ္ေတာ္ ပင္ပန္း ေနၿပီေနာ္ ” စတဲ့ စကားေလး တခြန္းျဖင့္ ေက်းဇူးတင္စကား ေျပာေပးဖို႔ႏႈတ္မေႏွးၾကပါနဲ႔လို႔ သုေတသီမ်ားက အႀကံျပဳထားပါတယ္။

ဒီလိုဂ႐ုစိုက္ စကားေလးေတြေၾကာင့္ ဇနီးသည္အတြက္ သာမက၊ ခင္ပြန္းျဖစ္သူအတြက္ပါ အိမ္ေထာင္ေရးသုခ ျဖစ္ေစမွာပါတဲ့။

ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကို ပိုင္ဆိုင္ၾကပါေစလို႔..

crd

Post a Comment

0 Comments