မိန်းခေးတယောက် စိတ်ကောက်ပီဆိုရင်

မိန်းကလေး ဆိုတာ ချစ်သူ ယောင်္ကျားလေးရဲ့ ဂရုစိုက်မှုကို ခံယူချင်ကြတာ သဘာဝပါ…

တကယ်ချစ်ကြတဲ့ ချစ်သူတွေမှာ ချစ်သူ ကောင်မလေးတွေ တစ်ခါတစ်လေ စိတ်ကောက်ပြီ ဆိုရင် ချစ်သူ ကောင်လေးတွေက ချက်ချင်း ချော့တတ်ကြတာ မဆန်းပေမဲ့…

ချစ်သူသက်တမ်း အချိန်တွေ ကြာလာလို့ ကောင်မလေး စိတ်ဆိုးရင်တော့ မချော့တော့ပဲ ဒီတိုင်းပစ်ထားတဲ့ ကောင်လေးတွေ ရှိတတ်ပါတယ်

ကောင်လေးရဲ့ စိတ်ထဲမှာတော့ သူနောက်နေ့ ပြေသွားမှာပါလို့ ထင်တတ်ကြပေမဲ့ ကောင်မလေးတွေ စိတ်က ဒီလို မဟုတ်ပါဘူး…

သူ ငါ့ကို အရင်လို မချစ်တော့လို့ မချော့တော့တာ၊ ခုကြည့်ပါလား ငါနဲ့လဲ မခေါ်ရော တင်လိုက်တဲ့ post ဆိုတာကလဲ များမှများ၊ ကောင်မတွေနဲ့ အပြန်အလှန်များ ment နေလိုက်ကြတာ သိပ်ပျော်နေတယ်ပေါ့.. အင်းလေ သူ့အလုပ်လောက်မှ ငါ့ကို အလေးမထားတာ၊ ဒီလိုနဲ့ နောက်ဆုံးတော့ တစ်ခြားတစ်ယောက် ရှိနေပီလား ဆိုတဲ့ သံသယစိတ်တွေ ဝင်လာတတ်ပါတယ်

ကောင်မလေးတွေ အကြောင်း အမျိုးမျိုးကြောင့် စိတ်ဆိုး၊ စိတ်ကောက်ကျပြီ ဆိုရင် ဒီကိစ္စမှာ ငါ့ဘက်က လုံးဝ မမှားလို့ ချော့စရာ မလိုဘူးလို့ မတွေးလိုက်ပါနဲ့..

ရှင်တို့ နဲနဲလောက် ပြောလိုက်ရင် ကျေနပ်သွားတာပဲဟာ ဘယ်လောက်များ ပင်ပန်း နေလို့လဲ၊ တကယ်ချစ်ကြလို့ နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတဲ့ ချစ်သူ သက်တမ်းကို စိတ်ဆိုး စိတ်ကောက် တာလောက်နဲ့ အဖျက်ဆီး မခံပါနဲ့ !

ကိုယ့်အပေါ်မှာ နားလည်မှုတွေ အမြဲပေးပြီး ကိုယ်ချစ်ရတဲ့ ချစ်သူ ကောင်မလေး စိတ်ချမ်းသာရင် ကိုယ်လဲ စိတ်အေးရတာပဲဟာ..

မိန်းကလေးဆိုတာ စိတ်ဆိုး၊ စိတ်ကောက်၊ အရွဲ့တိုက်၊ ဂျီကျဖို့ အတွက် သဘာဝက ပေးလိုက်တဲ့ လက်ဆောင်ပါ…

ဒီလက်ဆောင်က သေတဲ့ထိ သူမတို့နဲ့ ထပ်တူ ရှိနေအုံးမှာပဲ ဆိုတာ မေ့မထားသင့်ဘူးနော်

crd

For Zawgyi












crd

Post a Comment

0 Comments