ဆရာမင်းသိင်္ခ၏ သောကြာသားသမီးများ အကြောင်း

သင်ဟာ သောကြာနေ့မှာ မွေးဖွားသူ ဆိုရင် ဖတ်ကြည့်ပါ...

သောကြာနေ့ မွေးဖွားသူတွေဟာ အနုပညာဓါတ်ခံ ရှိသူများဖြစ်ပီး တီထွင် ဆန်းသစ် ဖန်တီးတတ် ကြတယ်။ အံ့သြဖွယ်ရာ စိတ်ကူးစိတ်သန်း မျိုးတွေ ရှိတတ်ကြတာမို့ အလုပ်အကိုင် ရွေးချယ်ရင် အနုပညာနဲ့ သက်ဆိုင်တဲ့ အလုပ်တွေ ( ဥပမာ.. စာရေးခြင်း၊ သီချင်းဆိုခြင်း၊ ဂီတ၊ အစီအစဉ် တင်ဆက်သူ.. စသည်) မှာ ပိုအောင်မြင်တတ်တယ်။

ဒါပေမယ့် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်း ပြီးမှသာ လိုရာခရီးကို ရောက်တာမျိုး ကြုံရတတ်တယ်။ အလုပ် တစ်ခုခုကို စတင် လုပ်ကိုင်ဖို့ ချီတုံချတုံ ဖြစ်တတ်တယ်။ ပိုပီး သေချာစေချင်လို့ တွေဝေတာမျိုး မကြာခဏ ဖြစ်တတ်တယ်။ သူများတွေ အပေါ် သနားကြင်နာ တတ်ပြီး ကိုယ်ချင်းလည်း စာတတ်တယ်။

သောကြာ သားသမီးတွေက အခြားနေ့သားတွေထက် ပိုပီး ခံစားလွယ် တတ်ကြတာမို့ သူတို့ကို စကားပြောရင် သတိထား ပြောရတယ်။

သူတို့ ပြောဆိုဆက်ဆံ လှုပ်ရှားမှုတွေက အခြားတွေကို သတိထားမိအောင် ဆွဲဆောင်နိုင်စွမ်း ရှိကြတယ်။ တစ်ခါတစ်ရံမှာ အပျင်းကြီးပြီး အသစ်တစ်ခု စတင်ဖို့အတွက် ကြန့်ကြာနေ တတ်တယ်။

အချစ်နဲ့ ပတ်သက်ရင် အလွန် စိတ်လှုပ်ရှား တတ်ကြသူများ ဖြစ်ပြီး ကိုယ်ချစ်တာထက် သူများတွေရဲ့ အချစ်ခံမှုကို ပိုလိုချင် တတ်ကြတယ်။ သူတို့ကို နားလည်ပေး နိုင်သူတွေကိုသာ ရွေးချယ် တတ်ကြတယ်။

Sir Min Thein Kha

For Zawgyi

ဆရာမင္းသိခၤ၏ ေသာၾကာသားသမီးမ်ား အေၾကာင္း

သင္ဟာ ေသာၾကာေန႔မွာ ေမြးဖြားသူ ဆိုရင္ ဖတ္ၾကည့္ပါ...

ေသာၾကာေန႔ ေမြးဖြားသူေတြဟာ အႏုပညာဓါတ္ခံ ရွိသူမ်ားျဖစ္ပီး တီထြင္ ဆန္းသစ္ ဖန္တီးတတ္ ၾကတယ္။ အံ့ၾသဖြယ္ရာ စိတ္ကူးစိတ္သန္း မ်ိဳးေတြ ရွိတတ္ၾကတာမို႔ အလုပ္အကိုင္ ေ႐ြးခ်ယ္ရင္ အႏုပညာနဲ႔ သက္ဆိုင္တဲ့ အလုပ္ေတြ ( ဥပမာ.. စာေရးျခင္း၊ သီခ်င္းဆိုျခင္း၊ ဂီတ၊ အစီအစဥ္ တင္ဆက္သူ.. စသည္) မွာ ပိုေအာင္ျမင္တတ္တယ္။

ဒါေပမယ့္ အခက္အခဲ အမ်ိဳးမ်ိဳးကို ရင္ဆိုင္ျဖတ္သန္း ၿပီးမွသာ လိုရာခရီးကို ေရာက္တာမ်ိဳး ႀကဳံရတတ္တယ္။ အလုပ္တစ္ခုခုကို စတင္ လုပ္ကိုင္ဖို႔ ခ်ီတုံခ်တုံ ျဖစ္တတ္တယ္။ ပိုပီး ေသခ်ာေစခ်င္လို႔ ေတြေဝတာမ်ိဳး မၾကာခဏ ျဖစ္တတ္တယ္။ သူမ်ားေတြ အေပၚ သနားၾကင္နာ တတ္ၿပီး ကိုယ္ခ်င္းလည္း စာတတ္တယ္။

ေသာၾကာ သားသမီးေတြက အျခားေန႔သားေတြထက္ ပိုပီး ခံစားလြယ္ တတ္ၾကတာမို႔ သူတို႔ကို စကားေျပာရင္ သတိထား ေျပာရတယ္။

သူတို႔ ေျပာဆိုဆက္ဆံ လႈပ္ရွားမႈေတြက အျခားေတြကို သတိထားမိေအာင္ ဆြဲေဆာင္ႏိုင္စြမ္း ရွိၾကတယ္။ တစ္ခါတစ္ရံမွာ အပ်င္းႀကီးၿပီး အသစ္တစ္ခု စတင္ဖို႔အတြက္ ၾကန႔္ၾကာေန တတ္တယ္။

အခ်စ္နဲ႔ ပတ္သက္ရင္ အလြန္ စိတ္လႈပ္ရွား တတ္ၾကသူမ်ား ျဖစ္ၿပီး ကိုယ္ခ်စ္တာထက္ သူမ်ားေတြရဲ႕ အခ်စ္ခံမႈကို ပိုလိုခ်င္ တတ္ၾကတယ္။ သူတို႔ကို နားလည္ေပး ႏိုင္သူေတြကိုသာ ေ႐ြးခ်ယ္ တတ္ၾကတယ္။

Sir Min Thein Kha

Post a Comment

0 Comments